Sales Hotline : 09448001653    



အထက်တန်းပညာရေးနှင့် စာရင်းကိုင်သက်မွေးပညာကို တွဲဖက်သင်ကြားပေးမည့် သင်တန်းကျောင်းများ

 

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) တို့တွင် အထက်တန်းပညာရေးနှင့် စာရင်းကိုင်သက်မွေးပညာကို တွဲဖက်သင်ကြားပေးမည့် (၃) နှစ်တာသင်တန်းများကို လာမည့် ဇွန်လ (၁၇) ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ 

 

အဆိုပါသင်တန်းကျောင်းများတွင် အခြေခံပညာစနစ်သစ် Grade - 9 အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက Certificate in Business Accounting (စီးပွားရေးစာရင်းကိုင်ပညာ) အောင်လက်မှတ်ကို ရရှိမည့်အပြင် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီပါက သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်ပါမည်။

 

အဆိုပါသင်တန်းကျောင်းများတွင် လျှောက်ထားလိုပါက -

  • အခြေခံပညာစနစ်သစ် Grade - 9 အောင်မြင်ပြီးသူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။
  • သင်တန်းမှ ချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဥ်း/စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

 

သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး Grade-10, Grade-11, Grade-12 တို့၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒတို့ကို သင်ကြားပေးမည့်အပြင် ကျောင်း၏ အဓိကဘာသာရပ်များဖြစ်သော ကွန်ပျူတာ၊ ICT ဘာသာရပ်များ၊ Cost Accounting၊ Financial Accounting၊ Computerized Accounting နှင့် သမဝါယမစာရင်းကိုင်စာရင်းစစ် ဘာသာရပ်များကို လေ့လာရမည်ဖြစ်ပါသည်။ ထို့အပြင် လက်တွေ့လုပ်ငန်းခွင်များတွင် သွားရောက်လေ့လာလုပ်ကိုင်ရမည့် လက်တွေ့သင်ခန်းစာများလည်း ပါဝင်ပါသည်။ 

 

သင်တန်းပြီးဆုံးအောင်မြင်ပါက Certificate in Business Accounting အောင်လက်မှတ်ကို ရရှိမည်ဖြစ်ပြီး ဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်သူများသည် သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) တို့တွင် ဆက်လက်ပညာသင်ကြားနိုင်ပါသည်။ ရိုးရိုးအဆင့်ဖြင့်အောင်မြင်သူများသည် ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် သမဝါယမအသင်းများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ 


လျှောက်ထားလိုသူများအနေဖြင့် -

 - သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး)

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။ 

- သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မကွေး)၊

မကွေးဘူတာ တောင်ဘက်၊ အောင်မေတ္တာ(ဃ)ရပ်ကွက်၊  မြင်းကင်းကျေးရွာအနီး၊  မကွေးမြို့၊  မကွေးတိုင်းဒေသကြီး။

- သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (ပုသိမ်)

မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။

- သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မော်လမြိုင်)

အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

- သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မန္တလေး)

အကွက် -၁၇၇၊ ၈၃လမ်း၊ ၂၅-၂၆လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

 

စသည်တို့တွင် လျှောက်လွှာများ ဝယ်ယူနိုင်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာ (၁) စောင်နှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ (၁) စောင်၊ လိုင်စင်ဓာတ်ပုံ (၃) ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းနှင့် အောင်မြင်သည့် ပညာအရည်အချင်းထောက်ခံစာမူရင်းတို့ကို ပူးတွဲတင်ပြရပါမည်။ 

 

အသေးစိတ်သိရှိလိုသည်များကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရုံးချုပ် - ၀၆၇-၃၄၁၀၃၄၃  

မကွေး - ၀၆၃-၂၀၂၃၀၃၉၊ ၀၉-၂၅၄၄၁၂၃၃၈ ၊ ၀၉-၆၉၁၉၀၅၃၂၁

မန္တလေး - ၀၂-၄၀၃၉၁၄၈၊ ၀၉-၄၄၈၅၃၃၈၆၃ ၊ ၀၉-၉၆၉၈၈၁၈၀၉

တောင်ကြီး - ၀၈၁- ၂၁၂၁၃၂၀၊ ၀၉-၄၃၁၃၃၂၄၃

မော်လမြိုင် - ၀၉-၄၂၅၂၈၈၇၃၅၊ ၀၉- ၄၂၃၇၃၆၄၄၉ 

ပုသိမ် -၀၄၂-၂၉၀၀၃ ၊ ၀၉-၉၇၁၉၁၅၉၆၅          

 

Related Article : ရန်ကုန်အပါအဝင် မြို့ကြီး (၁၀) မြို့တွင် ဒုတိယအကြိမ် ဖွင့်လှစ်မည့် အိမ်တွင်းမှုသက်မွေးသင်တန်းများ

>> https://www.edge.com.mm/article/home-vocational-institutes.html

 

 

 

High Latest Post Local News Vocational Read 488 times