ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာကထိက ဖြစ်ဖို့အခွင့်အရေး

ချင်းမိုင်တက္ကသိုလ်၊ လူသားပညာမဟာဌာန (Faculty of Humanities) ကနေ လစာ ၄၁,၀၀၀ ဘတ် ပေးအပ်မယ့် မြန်မာစာကထိကရာထူးအတွက် အလုပ်ခေါ်ယူနေပါတယ်။

သင်ကြားရေးပိုင်းကို စိတ်ဝင်စားပြီး မြန်မာဘာသာရပ်နဲ့ ပတ်သက်လို့ ပါရဂူဘွဲ့အထိ ရရှိပြီးသူဆိုရင် ဇွန်လ (၁၅) ရက်နေ့အထိ အွန်လိုင်းကနေတဆင့် လျှောက်ထားနိုင်ပါတယ်။ 
  
သတ်မှတ်အရည်အချင်းများ

- ထိုင်းအစိုးရထံမှ သတ်မှတ်သက်တမ်းမပြည့်ခင် စောစီးစွာ အငြိမ်းစားယူခြင်းအစီအစဉ် (သို့) အလားတူအစီအစဉ်မျိုးဖြင့် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ထားသူ မဖြစ်ရပါ။

- ပုံမှန်ရုံးချိန်ပြင်ပမှာလည်း တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ့်အပြင် ပေးအပ်လာတဲ့ တခြားတာဝန်တွေကိုလည်း ထမ်းဆောင်နိုင်ရပါမယ်။ 

- မြန်မာစာ (သို့) မြန်မာ့လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်တွေမှာ ပါရဂူဘွဲ့ ရရှိထားရပါမယ်။

- ပါရဂူဘွဲ့အတွက် တင်သွင်းခဲ့တဲ့ ကျမ်းက မြန်မာစာ (သို့) မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ခေါင်းစဉ်တစ်ခုခုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဖြစ်ရပါမယ်။

- TOEFL၊ IELTS (သို့) CMU-eTEGS တို့မှ အင်္ဂလိပ်စာကျွမ်းကျင်မှု ရမှတ်တစ်ခုခု ရရှိထားရပါမယ်။ (အစမ်းခန့်ကာလ စတင်တဲ့နေ့မှ စပြီး (၁) နှစ်အတွင်း အင်္ဂလိပ်စာကျွမ်းကျင်မှု စစ်ဆေးခြင်းရလဒ်ကို သက်ဆိုင်ရာဌာနသို့ တင်ပြနိုင်ရပါမယ်။)

လျှောက်ထားခြင်း

လျှောက်ထားလိုသူတွေက အောက်ဖော်ပြပါ လင့်ခ်ကနေတဆင့် ဇွန်လ (၁၅) ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။ 

> https://hr.oop.cmu.ac.th/recruitment/en

လိုအပ်တဲ့စာရွက်စာတမ်းများ 

  • နိုင်ငံသားစိစစ်ရေးကတ်ပြား 
  • ဘွဲ့လက်မှတ် 
  • အမှတ်စာရင်း 
  • (၆) လအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ
  • ကိုယ်ရေးရာဇဝင်အကျဉ်း
  • လုပ်ငန်းအတွေ့အကြုံနှင့် စွမ်းဆောင်ရည်ပြချက် (Portfolio)
  • အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ထောက်ခံချက်
  • အိမ်ထောင်စုစာရင်း (သို့မဟုတ်) လက်ရှိနေထိုင်ကြောင်း တရားဝင်အိမ်ငှားစာချုပ်/နေရပ်လိပ်စာ အထောက်အထား

လျှောက်ထားသူတွေက အထက်ဖော်ပြပါစာရွက်စာတမ်း အထောက်အထားတွေအားလုံးကို CMU HR e-Recruitment စနစ်ကို မတင်မီ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားရပါမယ်။

ရွေးချယ်ခန့်အပ်ခြင်း

ပထမအဆင့် ရွေးချယ်မှုအတွက် အရည်အချင်းပြည့်မီတဲ့ လျှောက်ထားသူစာရင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့မှာ ကြေညာပေးမှာဖြစ်ပြီး ဇူလိုင်လ (၁၅) ရက်နေ့မှာ အွန်လိုင်းစနစ်မှတဆင့် Academic Knowledge Test ကို ဖြေဆိုရပါမယ်။

အင်တာဗျူးအဆင့်ထိပါဖို့ Academic Knowledge Test မှာ ရမှတ် အနည်းဆုံး (၈၀) ရာခိုင်နှုန်း ရရှိရပါမယ်။ အင်တာဗျူးဖြေဆိုခွင့် ရရှိသူစာရင်းကို ဇူလိုင်လ (၃၁) ရက်နေ့မှာ ကြေညာပေးမှာဖြစ်ပြီး ဩဂုတ်လ (၅) ရက်နေ့မှာ အွန်လိုင်းအင်တာဗျူး ဖြေဆိုရပါမယ်။

အင်တာဗျူးအဆင့်အောင်မြင်သူတွေကို ဩဂုတ် (၁၀) ရက်နေ့မှာ ကြေညာပေးမှာဖြစ်ပြီး ဩဂုတ်လ (၂၂) ရက်နေ့ နောက်ဆုံးထားပြီး လက်ခံကြောင်း အကြောင်းပြန်ပေးရပါမယ်။ 

အသေးစိတ်ဖတ်ရန်

> https://drive.google.com/file/d/1iYCOF2d2AAJtB9K5GAtjTpPOvndkqWKW/view

============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International News Latest Post Vocational Read 19 times