Sales Hotline : 09448001653       Download App



ရောနှောသင်ကြားသည့်ပညာရေးနှင့် အိန္ဒိယကျောင်းသားများ

COVID -19 ဆိုင်ရာ ကန့်သတ်ချက်များ ရှိသော်လည်း အိန္ဒိယမှ ကျောင်းသားများသည် ယူကေနိုင်ငံရှိ တက္ကသိုလ်များတွင် ရော‌နှောသင်ကြားသည့် ပညာရေးဟု ခေါ်သည့် အီလက်ထရောနစ်ပစ္စည်းများ သုံးရသည့် အွန်လိုင်းပညာရေးနှင့် လူချင်းတွေ့ပြီး မျက်နှာချင်းဆိုင် သင်ကြားရသည့် အခန်းတွင်းပညာရေး နှစ်ခု ရောထားခြင်းကို လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်နေကြသည်ဟု ယခုနှစ် ပညာ‌ရေးနှစ်၏ ပထမ ရက်သတ္တပတ်အတွင်းရှိ စစ်တမ်းများမှ သိရပါသည်။

ဗြိတိန်နိုင်ငံ တစ်ဝှမ်းရှိ တက္ကသိုလ်ပေါင်း ၁၃၉ ခု ကို ကိုယ်စားပြုထားသည့် ယူကေတက္ကသိုလ်များမှ နောက်ဆုံးရ သတင်းအချက်အလက်နှင့် ဒေတာများ အရ ကနဦးမျှော်မှန်းထားသည်ထက် ယူကေတက္ကသိုလ်များတွင် နိုင်ငံတကာမှ ကျောင်သားများ၏ အရေအတွက်မှာ ပိုများနေကြောင်းတွေ့ရပါသည်။

၂၀၂၀- ၂၀၂၁ ဆောင်းဦးရာသီ ပညာသင်နှစ် မှာ ယခုလမှ စတင်ပြီဖြစ်ရာ အစီရင်ခံစာများအရ နိုင်ငံရပ်ခြားမှ လာရောက်ပညာသင်ကြားကြသော ကျောင်းသားများအတွက် ထောက်ပံ့မှုများပြုလုပ်ရာတွင် အိန္ဒိယနိုင်ငံမှ ကျောင်းသားမျာအတွက်လည်း ပါဝင်ပါသည်။

“ကျောင်းကို ပြန်ရတဲ့ ခရီးက တကယ်ချောမွေ့ပါတယ်၊ ကျွန်တော်ရဲ့ CAS ( ကောလိပ်ဝင်ခွင့်စာမေးပွဲ လျှောက်လွှာ ဝန်ဆောင်မူ) အတွက် လျှောက်လွှာပြင်ဆင်ခြင်းနှင့် နေထိုင်ဖို့ နေရာကြိုတင်စီစဉ်ခြင်တို့မှာ ဘာ အခက်အခဲမှ မရှိခဲ့ပါဘူး” ဟု မကြာ‌သေးမီမှ ပညာသင်နှစ် ကို ဆက်လက်သင်ယူရန်အတွက် Birmingham City တက္ကသိုလ်သို့ ပြန်ရောက်လာသည့် အိန္ဒိယကျောင်းသား Rohan မှ ဆိုထားပါသည်။

ဆက်လက်၍ ၎င်းမှ ပြောသည်မှာ “‌ဗြိတိန်သို့ လမ်းတစ်လျှောက်လုံးတွင် ခပ်ခွာခွာ နေသည့် လမ်းညွှန်ချက်များကိုလည်း လိုက်နာခဲ့ပါတယ်၊ ထို့အပြင် လန်ဒန် ‌ရောက်တဲ့ အခါမှာလည်း လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းစဉ်တွေက မြန်ဆန်ကြပါတယ်” ဟု ဖြစ်သည်။

The National Indian Students နှင့် Alumni Union UK (NISAU-UK) အဖွဲ့အစည်းမှ ကျောင်းသားများ၏ အတွေ့အကြံများကို တွင်တွင်ကျယ်ကျယ် ပြန်လည် အသုံးချနေကြပြီး ၄၀ ရာခိုင်နှုန်းသော ကျောင်းသားများသည် ထို ရောနှောသင်ကြားကြသည့် ပုံစံကို နှစ်သက်ကြကြောင်းတွေ့ရပါသည်။

သို့သော်တူညီသောကျောင်းသားအရေအတွက်နီးပါးသည်မကျေနပ်ဖြစ်သည် ဟုထင်ရသောကြောင့် ထပ်မံပြုပြင်ပြောင်းလဲမှုများပြုလုပ်သည်နှင့်အမျှသင်ကြားမှုတိုးတက်လာလိမ့်မည်ဟုမျှော်လင့်နေကြပါသည်။

ဗြိတိန်နိုင်ငံသို့ ပြန် ရောက်လာကြသူများအနေဖြင့် သီးသန့်နေထိုင်ခြင်းနှင့် ပတ်သက်၍ ကောင်းမွန်သော ဗဟုသုတ နှင့် လမ်းညွှန်ချက်များ အပြည့် အဝ ရရှိခဲ့သောကြောင့် ထိုကာလအတွင်း မည်သူမျှ အခက်အခဲနှင့် ကြုံတွေ့ကြမည် မဟုတ်ကြောင်း ကို NISAU-UK၏ အတွေးအခါ်ပိုင်းဆိုင်ရာ ခေါင်းဆောင် ဖြစ်သူVignesh Karthik မှ ပြောကြားထားပါသည်

။ “ဖြေဆိုသူအားလုံးကအခကြေးငွေလျှော့ချခြင်းသည်ပိုမိုကောင်းမွန်သောအတွေ့အကြုံများရရှိစေမည်ဟုတညီတညွတ်တည်းသဘောတူကြသည်” ဟု coronavirus ပိတ်ဆို့မှုကြောင့်ဗြိတိန်ရှိကျောင်းသားအသိုင်းအဝိုင်း အတွင်းမှ ကြားသိရသည့် အသံများ ကို ၎င်းမှ တုံ့ပြန့်ထားခြင်း ဖြစ်ပါသည်။

ကျောင်းများစွာမှ Coronavirus ရောဂါဖြစ်ပွားမှုများတွေ့ရှိလာသည့်နှင့် အညီ စိုးရိမ်မှုများမှာလည်း တိုးပွားလျက်ရှိပါသည်။ ရလဒ် အနေဖြင့် အတင်းအကျပ် သီးသန့်နေခိုင်းသည့် အချက်ကို သေချာစေခြင်းသည် ယူကေတက္ကသိုလ်များ၏ ကာကွယ်‌ရေးဆိုင်ရာ တိုင်းတာမှု အသစ် တစ်ခု ဖြစ်လာပေသည်။

အချို့သောတိကျသောအစီအမံများအနက် Salford တက္ကသိုလ်၏ အပြည်အပြည်ဆိုင်ရာ ကျောင်းသားများ သီးသန့်နေသည့် ကာလအတွင်း ထောက်ပံ့ပေးသည့် “Buddy project” နှင့် Cardiff တက္ကသိုလ်နှင့် Bristol တက္ကသိုလ် တို့သည်လည်း ထိုကာလအတွင်း နိုင်ငံတကာမှ ကျောင်းသားများ အတွက် အိပ်ယာ နှင့် အစားအသောက်များ ထောက်ပံ့ပေးခြင်း စသည့် လုပ်ဆောင်မှုများသည် အားရဖွယ်ကောင်းလှပါသည်။

အိန္ဒိယရှိဗြိတိသျှကောင်စီကလွန်ခဲ့သောခြောက်လအတွင်းဗြိတိန်တွင်ပညာသင်ရန်စီစဉ်ထားသောကျန်းမာရေးနှင့်လုံခြုံရေး၊ခရီးသွားလာရေးနှင့်လေ့လာမှုပုံစံများကိုနားလည်ရန်နှင့်ထောင်ပေါင်းများစွာသောအိန္ဒိယကျောင်းသားများနှင့်အပြန်အလှန်ဆက်သွယ်နေကြောင်းပြောကြားခဲ့သည်။

“တက္ကသိုလ်တော်တော်များများက ယခု စာသင်နှစ်တွင် မျက်နှာချင်းဆိုင် သင်ရန် ကြိုးစားနေကြပြီး ကျောင်းသားများ၏ ပညာရေးကို အထောက်အကူဖြစ်စေရန် အတွက် အွန်လိုင်းဖြင့်လည်း ရောနှော သင်ကြားရန် စီစဉ်နေကြပါသည်။ ထို့ကြောင့် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တွင် သင်ကြားနိုင်ရန် လက်ရှိ ဒေသတွင်းထုတ်ပြန်ထားသည့် ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက် အတိုင်း လုပ်ဆောင်သွားမည်” ဟု ဗြိတိသျှကောင်စီ ၏ အိန္ဒိယဒါရိုက်တာ Barbara Wickham မှ ပြောကြားထားပါသည်။

“၎င်းအချက်နှင့် ပတ်သက်၍ ယူကေ အစိုးရသည် ကျောင်းသားများ အတွက် လမ်း ကြောင်းသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး ထို ဘွဲ့လွန် လမ်းကြောင်းတွင် ပြဌာန်းချက် အသစ်များကို ထပ်မံ ဖြည့်သွင်းခဲ့ပြီး လေ့လာမှုအလွန်ရှိ အကျိုးကျေးဇူးများနှင့် လူဝင်မှုကြီးကြပ်ရေး သည် ကျောင်းသားများ အတွက် ပို၍ သက်တောင့်သက်သာ ဖြစ်စေပါသည်။” ဟု သူမက ဆက်လက် ပြောကြားထားပါသည်။

ဘွဲ့လွန် လမ်းကြောင်းဆိုသည်မှာ နိုင်ငံတကာမျ ကျောင်းသားများကို ဘွဲ့ရပြီးသော်လည်း နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့် ပြုကာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း အောက်တွင် အလုပ်လုပ်နိုင်မည့် အပြင်ထိုစည်းကမ်းအတွက် ၂၀၂၁ ဧပြီလ အတွင်း ယူကေနိုင်ငံတွင် ရှိနေသည့် ကျောင်းသားများအတွက်သာ အကြုံးဝင်ပါသည်။

အမျိုးသားစာရင်းအင်းရုံး၏နောက်ဆုံးပေါ်အချက်အလက်များအရ အိန္ဒိယ နိုင်ငံသည် ဗြိတိန်နိုင်ငံတွင်း နိုင်ငံတကာမှ ကျောင်းသားများလာရောက်မှုတွင် အဓိက ကျလျက်ရှိပြီး အိန္ဒိယမှ ကျောင်းသား အရေအတွက်သည် အခကြေးငွေဖြင့် တက်ရောက်ကြသည့် ပြည်တွင်းကျောင်းသားများ၏ သုံးဆ နီးပါး ဝင်ငွေရှာပေးနိုင်သောကြောင့် ဖြစ်သည်။

၂၀၂၀ ခုနှစ်မတ်လတွင်အဆုံးသတ်မည့်ယူကေပြည်ထဲရေးရုံးကခွင့်ပြုထားသောလေ့လာရေးဗီဇာစုစုပေါင်း ၂၉၉,၀၂၃ ၏ ၁၇ ရာခိုင်နှုန်းသည်အိန္ဒိယနိုင်ငံသားဖြစ်ပြီးစုစုပေါင်းထောက်ပံ့ငွေ ၄၉၈၄၄ ခုရရှိရန် ၂၀၁၉၉ ခုနှစ်မှနှစ်ဆတိုးလာခဲ့သည်။

ကူးစက်ရောဂါသည်ဤကိန်းဂဏန်းများကိုမည်သို့အကျိုးသက်ရောက်မည်ကိုစောင့်ကြည့်ရ ဦး မည်ဖြစ်သော်လည်းတက္ကသိုလ်များကလေ့လာမှုပြုပြီးသည့်နောက်ကမ်းလှမ်းချက်နှင့်အတူသင်ကြားပို့ချရာတွင်သူတို့၏ရောနှောထားသောချဉ်းကပ်နည်းသည်အိန္ဒိယကျောင်းသားများအကြားဗြိတိန်နိုင်ငံ၏အဆင့်မြင့်ပညာရေးကဏ္ဍ အတွက်လိုအပ်ချက်ကိုကာကွယ်ပေးလိမ့်မည်ဟုမျှော်လင့်ကြသည်။

By Myanmar Education Guide - EDGE 

Ref: The Econimics Times 

Latest Post News Read 702 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176