Sales Hotline : 09448001653       Download App



ခြောက်တန်းကစပြီး ဒီမိုကရေစီနဲ့ လွှတ်တော်အကြောင်းများစတင်သင်ကြားတော့မည်

**Unicode**

အခြေခံပညာ (၆) တန်းအဆင့်ကစပြီး ဒီမိုကရေစီစနစ်နဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ပြဌာန်းသင်ကြားဖို့စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားပါတယ်။

ဒီဇင်ဘာ (၁၉) ရက်မှာ ကျင်းပတဲ့ပြည်သူလွှတ်တော်အစည်းအဝေးမှာ အခြေခံပညာအလယ်တန်း (သို့)အထက်တန်းအဆင့်မှာ ဒီမိုကရေစီစနစ်နဲ့ လွှတ်တော်အခန်းကဏ္ဍကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းသင်ကြားဖို့ ဝန်ကြီးဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။

အခြေခံပညာရေး (၆) တန်းရဲ့ စာရိတ္တနဲ့ ပြည်သူ့နီတိဘာသာရပ် အခန်း (၃)၊ စည်းကမ်းနဲ့ ဥပဒေအခန်းမှာ ဒီမိုကရေစီ စနစ်အကြောင်းကို ပြဌာန်းသင်ကြားဖို့စီစဉ်ထားပါတယ်။ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေကိုလည်း သိလာမယ် ဒါပေမဲ့ ဘယ်ပညာရေးနှစ်မှာ စတင်ထည့်သွင်းသင်ကြားသွားမယ်ဆိုတာကိုတော့ ဝန်ကြီးကထည့်သွင်းပြောကြားခြင်းမရှိသေးပါ။

ဒီမိုကရေစီစနစ်ရဲ့ အသွင်ကူးပြောင်းဖို့အရေးကြီးတဲ့အချက်ဟာ ပညာရေးစနစ်ဖြစ်တာကြောင့် ပညာသင် ကြားရေးအပိုင်းမှာ ထည့်သွင်းသင်ကြားဖို့အချက်ဟာ အရေးကြီးတယ်လို့ ကိုယ်စားလှယ်ဦးဇာနည်မင်းက ပြောပါတယ်။

သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အခါ လက်တွေ့ဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့နဲ့ လွှတ်တော်ကအသံတွေ နားထောင်ဖို့လိုတယ်လို့ ဦးဇာနည်မင်းက ပြောပါတယ်။

ဒီမိုကရေစီကူးပြောင်းရေးကာလမှာ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဒီမိုကရေစနစ်လွှတ်တော်အကြောင်းတွေကို သေသေချာချာသိရှိဖို့လိုတာကြောင့်သင်ကြားရေးစနစ်မှာ ထည့်သွင်းသင်ကြားရန်နဲ့ လူငယ်တွေနားလည် လက်ခံနိုင်တဲ့ အတိုင်းအတာကနေ စတင်သင်ကြားဖို့လိုအပ်တယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအပြင် ပြည်ပနိုင်ငံတော်တော်များများမှာလည်း ဒီမိုကရေစီစနစ်အပြင် လူအခွင့်ရေးနဲ့ သက်ဆိုင်တာတွေကိုပါ အခြေခံပညာရေးကျောင်းတွေမှာ သင်ကြားနေမှုတွေရှိနေပြီး ဖြစ်တယ် လို့လည်းသိရပါတယ်။ 
မြန်မာနိုင်ငံမှာတော့ (၆)တန်းအဆင့်ပြီးတဲ့နောက် (၇)တန်း၊ (၈)တန်းနဲ့ (၉)တန်းအဆင့်တွေမှာလည်း နိုင်ငံသားကောင်းဖြစ်စေဖို့ လက်တွေ့လေ့ကျင့်သင်ကြားတာတွေ ဆန္ဒမဲပေးလက်တွေ့ကျင့်တာတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ လွှတ်တော်အခန်းကဏ္ဍကိုလည်း ထည့်သွင်းသင်ကြားမယ်လို့ သိရပါတယ်။

Read More:>>>> "** ဒီဇင်ဘာ (၂၀) ရက်မတိုင်မီ အခန်းဆုံးစာမေးပွဲ စစ်ရန်ညွန်ကြား

အခုအချိန်မှာတော့ သူငယ်တန်းတက်ရမယ့်အပြင် ပညာသင်ကာလ(၁၂)နှစ်ထိ တက်ရောက်သင်ကြားရမယ့် အခြေခံပညာရေးဥပဒေကို ဒီဇင်ဘာလ(၁၀)ရက်နေ့ ရက်စွဲ့နဲ့ သမ္မတ လက်မှတ်ရေးထိုးပြီး ပြဌာန်းထားပါတယ်။

Credit: Myanmar Daily News

**Zawgyi**

အေျခခံပညာ (၆) တန္းအဆင့္ကစၿပီး ဒီမိုကေရစီစနစ္နဲ႔ လႊတ္ေတာ္ရဲ႕ အခန္းက႑ကို ျပဌာန္းသင္ၾကားဖို႔စီစဥ္ေနတယ္လို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ေျပာၾကားပါတယ္။

ဒီဇင္ဘာ (၁၉) ရက္မွာ က်င္းပတဲ့ျပည္သူလႊတ္ေတာ္အစည္းအေဝးမွာ အေျခခံပညာအလယ္တန္း (သို႔)အထက္တန္းအဆင့္မွာ ဒီမိုကေရစီစနစ္နဲ႔ လႊတ္ေတာ္အခန္းက႑ကို သင္ရိုးညႊန္းတမ္းမွာ ထည့္သြင္းသင္ၾကားဖို႔ ဝန္ႀကီးဦးဝင္းေမာ္ထြန္းက ေျပာၾကားခဲ့ပါတယ္။

အေျခခံပညာေရး (၆) တန္းရဲ႕ စာရိတၱနဲ႔ ျပည္သူ႔နီတိဘာသာရပ္ အခန္း (၃)၊ စည္းကမ္းနဲ႔ ဥပေဒအခန္းမွာ ဒီမိုကေရစီ စနစ္အေၾကာင္းကို ျပဌာန္းသင္ၾကားဖို႔စီစဥ္ထားပါတယ္။ဒီမိုကေရစီ အေလ့အက်င့္ေကာင္းေတြကိုလည္း သိလာမယ္ ဒါေပမဲ့ ဘယ္ပညာေရးႏွစ္မွာ စတင္ထည့္သြင္းသင္ၾကားသြားမယ္ဆိုတာကိုေတာ့ ဝန္ႀကီးကထည့္သြင္းေျပာၾကားျခင္းမရွိေသးပါ။

ဒီမိုကေရစီစနစ္ရဲ႕ အသြင္ကူးေျပာင္းဖို႔အေရးႀကီးတဲ့အခ်က္ဟာ ပညာေရးစနစ္ျဖစ္တာေၾကာင့္ ပညာသင္ ၾကားေရးအပိုင္းမွာ ထည့္သြင္းသင္ၾကားဖို႔အခ်က္ဟာ အေရးႀကီးတယ္လို႔ ကိုယ္စားလွယ္ဦးဇာနည္မင္းက ေျပာပါတယ္။

သင္႐ိုးၫႊန္းတမ္းေရးဆြဲတဲ့အခါ လက္ေတြ႕ေဆာင္႐ြက္ေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးတာေတြလုပ္ဖို႔နဲ႔ လႊတ္ေတာ္ကအသံေတြ နားေထာင္ဖို႔လိုတယ္လို႔ ဦးဇာနည္မင္းက ေျပာပါတယ္။

ဒီမိုကေရစီကူးေျပာင္းေရးကာလမွာ မ်ိဳးဆက္သစ္လူငယ္ေတြအေနနဲ႔ ဒီမိုကေရစနစ္လႊတ္ေတာ္အေၾကာင္းေတြကို ေသေသခ်ာခ်ာသိရွိဖို႔လိုတာေၾကာင့္သင္ၾကားေရးစနစ္မွာ ထည့္သြင္းသင္ၾကားရန္နဲ႔ လူငယ္ေတြနားလည္ လက္ခံႏိုင္တဲ့ အတိုင္းအတာကေန စတင္သင္ၾကားဖို႔လိုအပ္တယ္လို႔လည္း သုံးသပ္မႈေတြရွိပါတယ္။

အိမ္နီးခ်င္းႏိုင္ငံေတြအျပင္ ျပည္ပႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာလည္း ဒီမိုကေရစီစနစ္အျပင္ လူအခြင့္ေရးနဲ႔ သက္ဆိုင္တာေတြကိုပါ အေျခခံပညာေရးေက်ာင္းေတြမွာ သင္ၾကားေနမႈေတြရွိေနၿပီး ျဖစ္တယ္ လို႔လည္းသိရပါတယ္။ 
ျမန္မာႏိုင္ငံမွာေတာ့ (၆)တန္းအဆင့္ၿပီးတဲ့ေနာက္ (၇)တန္း၊ (၈)တန္းနဲ႔ (၉)တန္းအဆင့္ေတြမွာလည္း ႏိုင္ငံသားေကာင္းျဖစ္ေစဖို႔ လက္ေတြ႕ေလ့က်င့္သင္ၾကားတာေတြ ဆႏၵမဲေပးလက္ေတြ႕က်င့္တာေတြနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒအေၾကာင္း၊ လႊတ္ေတာ္အခန္းက႑ကိုလည္း ထည့္သြင္းသင္ၾကားမယ္လို႔ သိရပါတယ္။

Read More:>>>  ** ဒီဇင္ဘာ (၂၀) ရက္မတိုင္မီ အခန္းဆုံးစာေမးပြဲ စစ္ရန္ၫြန္ၾကား

အခုအခ်ိန္မွာေတာ့ သူငယ္တန္းတက္ရမယ့္အျပင္ ပညာသင္ကာလ(၁၂)ႏွစ္ထိ တက္ေရာက္သင္ၾကားရမယ့္ အေျခခံပညာေရးဥပေဒကို ဒီဇင္ဘာလ(၁၀)ရက္ေန႔ ရက္စြဲ႕နဲ႔ သမၼတ လက္မွတ္ေရးထိုးၿပီး ျပဌာန္းထားပါတယ္။

Credit: Myanmar Daily News


 


 

News Tips Latest Post Read 896 times