Sales Hotline : 09448001653       Download App



ဒီဇင်ဘာ (၂၀) ရက်မတိုင်မီ အခန်းဆုံးစာမေးပွဲ စစ်ရန်ညွန်ကြား

**Unicode**


အခြေခံပညာ ကျောင်းများတွင် ဒီဇင်ဘာ အခန်းဆုံးစစ်ဆေးသည့် စာမေးပွဲများကို ယခုလ (၂၀) ရက်မတိုင်မီ ကျင်းပရန် အခြေခံပညာဦးစီးဌာန နိုင်ဝင်ဘာ နောက်ဆုံးပတ်က ညွန်ကြားထားပါတယ်။

KG(သူငယ်တန်း)၊ Grade 1(ပထမတန်း)၊ Grade 2(ဒုတိယတန်း)၊ Grade 3 (တတိယတန်း)မှ လွဲ၍ နဝမတန်းအထိ အတန်းများကို ဒီဇင်ဘာအခန်းဆုံးစစ်ဆေသည့် စာမေးပွဲများ ကျင်းပရမည်ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများအတွက် လေ့ကျင့်စစ်ဆေးခြင်းကို ဒီဇင်ဘာအတွင်းကျင်းပရမည်ဟုညွန်ကြားထားပါတယ်။

စတုတ္ထတန်းမှ နဝမတန်းအထိ အတန်းအားလုံးသည် အောက်တိုဘာနှင့်နိုဝင်ဘာတွင် သင်ကြားထားသည့် သင်ခန်းစာများကို ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်နှုန်းဖြင့် တစ်ရက်လျှင်(၂)ဘာသာစစ်ဆေးရမည်ဖြစ်ပါတယ်။

စနစ်သစ် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားနေသော KG, Grade 1, Grade 2, Grade 3 အတန်းများတွင် ကျောင်းသား/သူများ၏ တတ်မြောက်မှုကို စာမေးပွဲစစ်ဆေးမှု မပြုလုပ်ရန်နှင့် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန် အခြေခံပညာဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများမှ တစ်ဆင့်မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများသိရှိစေရန် ညွှန်ကြားထားပါတယ်။

Read More:>>>  ေမာ္လၿမိဳင္တကၠသိုလ္ အေဝးသင္သင္တန္း ပထမႏွစ္အတြက္ေမဂ်ာအလိုက္ဝင္ခြင့္ရရွိသူမ်ား

"သင်ရိုးဟောင်းအတန်းတွေနဲ သင်ရိုးသစ် Grade 6 ပဲစစ်မှာ၊ သင်ရိုးသစ်မူလတန်း အောက်ဆင့် အတန်းတွေစာမေးပွဲမရှိဘူး၊ သူတို့ကိုက စာသင်ခန်းတွင်း ပုံမှန်သင်ရင်းအကဲဖြတ်သွားတာရှိတယ်" ဟုအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုဝင်းက ပြောပါတယ်။

ယခင်ပညာသင်နှစ်များက အခြေခံပညာကျောင်းများတွင် ဇူလိုင်မှ ဖေဖော်ဝါရီအထိ တစ်နှစ်လျှင် (၉)ကြိမ်မှ (၁၀)ကြိမ် စာမေးပွဲကျင်းပခဲ့ပါတယ်။

ယခုပညာသင်နှစ်တွင် KG, Grade 1, Grade 2, Grade 3, များကို စာမေးပွဲ မစစ်ဆေးသည့် အပြင် ကျန်အတန်းများကိုလည်း ဇူလိုင်နှင့် ဒီဇင်ဘာတွင် အခန်းဆုံးစာမေးပွဲ၊ အောက်တိုဘာတွင်နှစ်ဝက်ဆုံးစာမေးပွဲ၊ ဖေဖော်ဝါရီတွင် နှစ်ဆုံးစာမေးဟူ၍လေးကြိမ်သာ စာမေးပွဲကျင်းပရန် ညွှန်ကြားထားပါတယ်။

" စာမေးပွဲကလေးတွေကို တော်တော်ကြီး Pressure (ဖိအား) ပေးနေတာ၊ ဒီစာမေးပွဲ Pressure တွေကို လျော့စေချင်တာ။ Chapter End Test (အခန်းဆုံးစစ်ဆေးခြင်း) ကို အရင်တုန်းကအနည်းဆုံး (၇) ကြိမ်ရှိပါတယ်။

တချို့(၈) ကြိမ်စစ်ပါတယ်။ Year End Test (နှစ်ဆုံးစစ်ဆေးခြင်း) နဲ့ Chapter End Test ကို တစ်နှစ်(၁၀) ကြိမ်လောက်ထိ စစ်တာ၊ စာမေးပွဲနဲ့ပဲဆရာ၊ ဆရာတွေက လုံးချာလည်လိုက်နေတာ။ တစ်နည်းအားဖြင့် ဒီစာမေးပွဲတွေရဲ့ Work Load ကိုလည်းလျှော့ချင်တာ"ဟု ဦးကိုလေးဝင်းက ဆိုပါတယ်။

KG+12 စနစ်သင်ရိုးညွှန်းတမ်းအသစ် မပြောင်းလမီက သူငယ်တန်းမှ ဒဿမတန်းအထိ လစဉ် အခန်းဆုံးစာမေးပွဲများ စစ်ဆေးခဲ့ပါတယ်။

Source: 7Day News

**Zawgyi**

အေျခခံပညာ ေက်ာင္းမ်ားတြင္ ဒီဇင္ဘာ အခန္းဆုံးစစ္ေဆးသည့္ စာေမးပြဲမ်ားကို ယခုလ (၂၀) ရက္မတိုင္မီ က်င္းပရန္ အေျခခံပညာဦးစီးဌာန ႏိုင္ဝင္ဘာ ေနာက္ဆုံးပတ္က ၫြန္ၾကားထားပါတယ္။

KG(သူငယ္တန္း)၊ Grade 1(ပထမတန္း)၊ Grade 2(ဒုတိယတန္း)၊ Grade 3 (တတိယတန္း)မွ လြဲ၍ နဝမတန္းအထိ အတန္းမ်ားကို ဒီဇင္ဘာအခန္းဆံုးစစ္ေဆသည့္ စာေမးပြဲမ်ား က်င္းပရမည္ျဖစ္ပါတယ္။

တကၠသုိလ္ဝင္တန္း ေက်ာင္းသား/သူမ်ားအတြက္ ေလ့က်င့္စစ္ေဆးျခင္းကို ဒီဇင္ဘာအတြငး္က်င္းပရမည္ဟုညြန္ၾကားထားပါတယ္။

စတုတၳတန္းမွ နဝမတန္းအထိ အတန္းအားလုံးသည္ ေအာက္တိုဘာႏွင့္ႏိုဝင္ဘာတြင္ သင္ၾကားထားသည့္ သင္ခန္းစာမ်ားကို ဘာသာရပ္တစ္ခုလ်ွင္ စာသင္ခ်ိန္ တစ္ခ်ိန္ႏႈန္းျဖင့္ တစ္ရက္လ်ွင္(၂)ဘာသာစစ္ေဆးရမည္ျဖစ္ပါတယ္။

စနစ္သစ္ သင္ရိုးညႊန္းတမ္းအသစ္ျဖင့္ သင္ၾကားေနေသာ KG, Grade 1, Grade 2, Grade 3 အတန္းမ်ားတြင္ ေက်ာင္းသား/သူမ်ား၏ တတ္ေျမာက္မႈကို စာေမးပြဲစစ္ေဆးမႈ မျပဳလုပ္ရန္ႏွင့္ ညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္ရန္ အေျခခံပညာဦးစီးဌာနက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပညာေရးမွဴးရံုးမ်ားမွ တစ္ဆင့္ၿမိဳ႕နယ္ ပညာေရးမွဴးမ်ား၊ ေက်ာင္းအုပ္မ်ား၊ ဆရာ၊ ဆရာမမ်ားသိရွိေစရန္ ညႊန္ၾကားထားပါတယ္။

"သင္ရိုးေဟာင္းအတန္းေတြနဲ သင္ရိုးသစ္ Grade 6 ပဲစစ္မွာ၊ သင္ရိုးသစ္မူလတန္း ေအာက္ဆင့္ အတန္းေတြစာေမးပြဲမရွိဘူး၊ သူတို႔ကိုက စာသင္ခန္းတြင္း ပံုမွန္သင္ရင္းအကဲျဖတ္သြားတာရွိတယ္" ဟုအေျခခံပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုဝင္းက ေျပာပါတယ္။

ယခင္ပညာသင္ႏွစ္မ်ားက အေျခခံပညာေက်ာင္းမ်ားတြင္ ဇူလိုင္မွ ေဖေဖာ္ဝါရီအထိ တစ္ႏွစ္လ်ွင္ (၉)ႀကိမ္မွ (၁၀)ႀကိမ္ စာေမးပြဲက်င္းပခဲ့ပါတယ္။

ယခုပညာသင္ႏွစ္တြင္ KG, Grade 1, Grade 2, Grade 3, မ်ားကို စာေမးပြဲ မစစ္ေဆးသည့္ အျပင္ က်န္အတန္းမ်ားကိုလည္း ဇူလိုင္ႏွင့္ ဒီဇင္ဘာတြင္ အခန္းဆံုးစာေမးပြဲ၊ ေအာက္တိုဘာတြင္ႏွစ္ဝက္ဆံုးစာေမးပြဲ၊ ေဖေဖာ္ဝါရီတြင္ ႏွစ္ဆံုးစာေမးဟူ၍ေလးႀကိမ္သာ စာေမးပြဲက်င္းပရန္ ညႊန္ၾကားထားပါတယ္။

Read More:>>>>  ေမဂ်ာေျပာင္း၊ တကၠသိုလ္ေျပာင္း အစရွိသျဖင့္ အေျပာင္းအေ႐ႊ႕အမ်ိဳးမ်ိဳးအတြက္ ဘာေတြလိုအပ္သလဲ

" စာေမးပြဲကေလးေတြကို ေတာ္ေတာ္ႀကီး Pressure (ဖိအား) ေပးေနတာ၊ ဒီစာေမးပြဲ Pressure ေတြကို ေလ်ာ႔ေစခ်င္တာ။ Chapter End Test (အခန္းဆံုးစစ္ေဆးျခင္း) ကို အရင္တုန္းကအနည္းဆံုး (၇) ႀကိမ္ရွိပါတယ္။

တခ်ိဳ႕(၈) ႀကိမ္စစ္ပါတယ္။ Year End Test (ႏွစ္ဆံုးစစ္ေဆးျခင္း) နဲ႔ Chapter End Test ကို တစ္ႏွစ္(၁၀) ႀကိမ္ေလာက္ထိ စစ္တာ၊ စာေမးပြဲနဲ႔ပဲဆရာ၊ ဆရာေတြက လံုးခ်ာလည္လိုက္ေနတာ။ တစ္နည္းအားျဖင့္ ဒီစာေမးပြဲေတြရဲ႕ Work Load ကိုလည္းေလ်ွာ႔ခ်င္တာ"ဟု ဦးကိုေလးဝင္းက ဆိုပါတယ္။

KG+12 စနစ္သင္ရိုးညႊန္းတမ္းအသစ္ မေျပာင္းလမီက သူငယ္တန္းမွ ဒႆမတန္းအထိ လစဥ္ အခန္းဆံုးစာေမးပြဲမ်ား စစ္ေဆးခဲ့ပါတယ္။

Source: 7Day News

News Tips Latest Post News Tips Read 1777 times