Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်း ဆရာ/ဆရာမများ ကျူရှင်သင်ပါက ဥပဒေနှစ်ခုဖြင့် အရေးယူမည်c

** Unicode **

အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် စာသင်ချိန်ငါးမျိုးသတ်မှတ် ဖွင့်လှစ်မည်ဖြစ်ပြီး အစိုးရခန့် အခြေခံပညာဆရာ/ဆရာမများအနေဖြင့် ကျူရှင်သင်ကြားပါက ဥပဒေနှစ်ခုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

စာသင်ခန်းအတွင်း ကျောင်းသားတစ်ဦးနှင့်တစ်ဦး (၆) ပေအကွာအဝေး နေရမည်ဖြစ်၍ တစ်ရက်လျှင် ကျောင်းသား (၂၀) သာ သင်ကြားရမည်ဖြစ်ပါတယ်။

Covid-19 ရောဂါ ကာလတွင် အစိုးခန့်ဆရာ/ဆရာမများအနေဖြင့် ကျူရှင်စာသင်ဝိုင်းများဖွင့်လှစ် သင်ကြားပါက ဝန်ကြီးဌာနက ဥပဒေနှစ်ခုဖြင့်အရေးယူဖွယ်ရှိပြီး အထူးကြပ်မတ်မည်ဟု ဆိုပါတယ်။

ယခုနှစ်တွင် ဆရာ/ဆရာမများအနေဖြင့် ကျူရှင်များ၊ စာကျက်ဝိုင်းများ မပြုလုပ်ကြရန် လိုအပ်ပါတယ်။

ဇူလိုင် (၂၁) ရက်တွင် အထက်တန်းမှစ၍ အသုတ်လိုက်ကျောင်းဖွင့်မည်

သတ်မှတ်ချက်နဲ့မညီသည့် စာကျင်ဝိုင်း၊ ကျူရှင်များကိုအရေးယူသည့်အခါတွင် ဥပဒေ နှစ်ခုဖြစ်သည့် (သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနှင့် ရောဂါထိန်းချုပ် ရေးဥပဒေ)နဲ့အရေးယူနိုင်တယ်ဟု သိရပါတယ်။

ဝန်ကြီးက ကိုယ်ပိုင်ကျောင်းများနှင့် ဘော်ဒါဆောင်များအနေဖြင့် သီးခြားခွင့်ပြုရန် ပြောဆိုခြင်းမရှိသော်လည်း COVID-19 ကာလအတွင်း ဖွင့်လှစ်မည့်ကျောင်းများအနေဖြင့် ကုလသမဂ္ဂနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း ဖွင့်လှစ်ရမည်ဟု ဆိုပါတယ်။

Credit: Informative MM News
(www.edge.com.mm)

 

** Zawgyi **

အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္ရာတြင္ စာသင္ခ်ိန္ငါးမ်ိဳးသတ္မွတ္ ဖြင့္လွစ္မည္ျဖစ္ၿပီး အစိုးရခန႔္ အေျခခံပညာဆရာ/ဆရာမမ်ားအေနျဖင့္ က်ဴရွင္သင္ၾကားပါက ဥပေဒႏွစ္ခုျဖင့္ အေရးယူခံရမည္ျဖစ္ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ပညာေရးျမႇင့္တင္မႈေကာ္မတီမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရသိရပါတယ္။

စာသင္ခန္းအတြင္း ေက်ာင္းသားတစ္ဦးႏွင့္တစ္ဦး (၆) ေပအကြာအေဝး ေနရမည္ျဖစ္၍ တစ္ရက္လွ်င္ ေက်ာင္းသား (၂၀) သာ သင္ၾကားရမည္ျဖစ္ပါတယ္။

Covid-19 ေရာဂါ ကာလတြင္ အစိုးခန႔္ဆရာ/ဆရာမမ်ားအေနျဖင့္ က်ဴရွင္စာသင္ဝိုင္းမ်ားဖြင့္လွစ္ သင္ၾကားပါက ဝန္ႀကီးဌာနက ဥပေဒႏွစ္ခုျဖင့္အေရးယူဖြယ္ရွိၿပီး အထူးၾကပ္မတ္မည္ဟု ဆိုပါတယ္။

ယခုႏွစ္တြင္ ဆရာ/ဆရာမမ်ားအေနျဖင့္ က်ဴရွင္မ်ား၊ စာက်က္ဝိုင္းမ်ား မျပဳလုပ္ၾကရန္ လိုအပ္ပါတယ္။

ဇူလိုင္ (၂၁) ရက္တြင္ အထက္တန္းမွစ၍ အသုတ္လိုက္ေက်ာင္းဖြင့္မည္

သတ္မွတ္ခ်က္နဲ႔မညီသည့္ စာက်င္ဝိုင္း၊ က်ဴရွင္မ်ားကိုအေရးယူသည့္အခါတြင္ ဥပေဒ ႏွစ္ခုျဖစ္သည့္ (သဘာဝေဘးအႏၲရာယ္ဆိုင္ရာဥပေဒႏွင့္ ေရာဂါထိန္းခ်ဳပ္ ေရးဥပေဒ)နဲ႔အေရးယူႏိုင္တယ္ဟု သိရပါတယ္။

ဝန္ႀကီးက ကိုယ္ပိုင္ေက်ာင္းမ်ားႏွင့္ ေဘာ္ဒါေဆာင္မ်ားအေနျဖင့္ သီးျခားခြင့္ျပဳရန္ ေျပာဆိုျခင္းမရွိေသာ္လည္း COVID-19 ကာလအတြင္း ဖြင့္လွစ္မည့္ေက်ာင္းမ်ားအေနျဖင့္ ကုလသမဂၢႏွင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ၫႊန္ၾကားခ်က္အတိုင္း ဖြင့္လွစ္ရမည္ဟု ဆိုပါတယ္။

Credit: Informative MM News
(www.edge.com.mm)

News Tips Latest Post Read 2718 times