Sales Hotline : 09448001653       Download App



ဖုန်းပြောခြင်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာ

လုပ်ငန်းခွင်တွင် ဖြစ်စေ၊ ကျောင်းတွင်းတွင် မိမိ အထက်လူကြီး သို့မဟုတ် ဆရာမှာ နိုင်ငံခြားသား ဖြစ်နေလျှင် ဖုန်းဖြင့် အဆက်အသွယ်လုပ်ရသောအခါ အခက်အခဲ မဖြစ်စေဖို့ အောက်ပါလွယ်ကူပြီး အသုံးဝင်သည့် ဖုန်းပြောနည်း၊ ဖုန်းဖြေနည်း လေးများကို ဖော်ပြပေးလိုက်ရပါတယ်။ 

၁။ အကယ်၍ သင်က ဖုန်းလက်ခံဖြေဆိုရသူဖြစ်ပြီး တစ်ဖက်မှ မိမိကို မဟုတ်ဘဲ အခြားသူတစ်ယောက်ကို မေးခဲ့လျှင် >>> You are wanted on the Phone.
“မင်းအတွက် ဖုန်းလာနေတယ်’ လို့ အဓိပ္ပါယ်ရပါတယ်။ 

၂။ တစ်ဖက်လူမှ ခေါ်ဆိုသူအား မသိသောအခါ >>> Who is calling?
“ဘယ်သူ ခေါ်နေတာလဲ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၃။ မိမိ ဆက်လိုက်သော ဖုန်းနံပတ်နှင့် ဖုန်းပိုင်ရှင် အား ပိုသေချာလိုပါက >>> Whose phone number is this? 
“ဒါဘယ်သူ့ ဖုန်းနံပတ်လဲ မသိဘူးနော်” လို့ အဓိပ္ပါယ်ရပါတယ်။ 

၄။ တစ်ဖက်လူက မိမိနှင့် မရင်းနှီးသောသူ ဖြစ်ပါက >>> May I know who is speaking now?
“အခု ပြောနေတာ ဘယ်သူလဲ သိပါရ‌စေ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၅။ မိမိ ကိုယ်ကို မိတ်ဆက်သောအခါ >>> I’m Mya May , from Yangon.
“ကျွန်မက မြမေပါ၊ ရန်ကုန်က ဆက်နေတာပါ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၆။ မိမိ ပြောလိုသောသူကို မေးသောအခါ  >>> May I speak to Kyaw Aye?
“ကျွန်မ ကိုကျော်အေးနှင့် စကားပြောချင်လို့ပါ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၈။ တစ်ဖက်လူ စကားပြောလိုသည့်သူမှာ အနီးတွင်မရှိသောအခါ  >>> Soe Soe isn’t at home or Soe Soe isn’t around
“စိုးစိုး အိမ်မှာ မရှိသေးဘူး” လို့ အဓိပ္ပါယ်ရပါတယ်။ 

၉။ အမှာ စကားချန်ထားလိုလား ဟု မေးလိုသောအခါ >>> Will you like to leave a message? 
“ ဘာပြော‌‌ပေးရမလဲ / တစ်ခုခု မှာထားခဲ့မလား” လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၀။ မိမိကို ဖုန်းပြန်ခေါ်ခိုင်းလိုသောအခါ >>> Could you ask her to call me back?
“ ကျွန်တော့်ဆီကို ဖုန်းပြန်ခေါ်ခိုင်းပေးဖို့ ပြောပေးပါလား” လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၁။ I want to make a phone call. 
“ကျွန်တော် ဖုန်းခေါ်ချင်လို့ပါ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၂။ My phone is out of order. 
“ ကျွန်မ ဖုန်းက ပျက်နေလို့ပါ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၃။ My Phone is running out of battery. 
“ ကျွန်မဖုန်းက ဖုန်းအားကုန်နေလို့ပါ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၄။ My phone needs topping up.
“ကျွန်တော့် ဖုန်းက ဖုန်းဘေလ်ဖြည့်ဖို့ လိုနေပြီ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၅။ No one answers.
“ ဖုန်းကိုင်မည့်သူမရှိဘူး” လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၆။ I’m sorry, the line is busy.
“အားနာပါတယ်ရှင်၊ လိုင်းမအားသေးလို့ပါ။”လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၇။ Where is a public telephone?
“ အများသုံး တယ်လီဖုန်းက ဘယ်နားမှာလဲ “လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၈။ I will call you back soon.
“ ကျွန်မ ပြန်ဆက်သွယ်လိုက်ပါ့မယ်” လို့ အဓိပ္ပါယ်ရပါတယ်။ 

၁၉။ I will call you back within 10 minutes.
“ ၁၀ မိနစ်အတွင်း ပြန်ဆက်လိုက်ပါ့မယ်” လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၀။ Aye Aye, your phone is ringing.
“ အေးအေး ရေ၊ နင့် ဖုန်းလာနေတယ် “ လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၁။ Speak slowly,please.
“ ကျေးဇူးပြုပြီး ဖြည်းဖြည်းပြောပေးပါ “လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၂။ Pardon./ Speak up, please.
“ တစ်ဆိတ်လောက် ကျယ်ကျယ်ပြောပေးပါလား”လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၃။ What number did you call?
“ ဘယ်နံပတ်ခေါ်ဆိုနေတာပါလဲ”လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၄။ You’d better check the number again.
“ ဖုန်းမှား နေတယ်ထင် တယ်နော်” လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၅။ I got a wrong number. 
“ ဖုန်းမှား ခေါ်မိပြီ “လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၆။ I was disconnected while talking.
“ဖုန်းပြောနေတုန်းလိုင်းကျ သွားလို့ပါ”လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၇။ Please hold on, don’t hang up.
“ကျေးဇူးပြုပြီး ဖုန်းခေတ္တ ကိုင်ထားပေးပါ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၈။ She rang off before I could explain to her.
“ငါ ဘာမှ မရှင်းပြရသေးခင် သူမ ဖုန်းချသွားတယ်ကွာ” လို့ အဓိပ္ပါယ်ရပါတယ်။ 

၂၉။ The phone is ringing, pick it up.
“ဖုန်းလာနေတယ်၊ ကိုင် လိုက်ပါဦး” လို့ အဓိပ္ပါယ်ရပါတယ်။ 

By Myanmar Education Guide- EDGE 
 

Latest Post Tips Read 2634 times