မလေးရှားမှာ Master/PhD တက်ချင်သူတွေ လျှောက်လို့ရတဲ့ MIS ပညာသင်ဆု

Malaysia International Scholarship (MIS) ဆိုတာ မလေးရှားအစိုးရက မြန်မာအပါအဝင် နိုင်ငံတကာက ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေအတွက် မလေးရှားတက္ကသိုလ် (၂၄) ခုမှာ Master နှင့် PhD ပရိုဂရမ်တွေကို ပညာသင်စရိတ် ထောက်ပံ့ပေးသွားမယ့် အစီအစဉ်ဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့ မလေးရှားနိုင်ငံက အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ်များ

Public Universities:

1. Universiti Teknologi Malaysia (UTM)
2. Universiti Sains Malaysia (USM) 
3. Universiti Putra Malaysia (UPM) 
4. Universiti Malaya (UM)
5. Universiti Teknologi Mara (UiTM)
6. Universiti Islam Antarabangsa Malaysia (UIAM/IIUM) 
7. Universiti Utara Malaysia (UUM)
8. Universiti Kebangsaan Malaysia (UKM)
9. Universiti Tun Hussein Onn Malaysia (UTHM) 
10. Universiti Teknikal Malaysia Melaka (UTEM) 
11. Universiti Sains Islam Malaysia (USIM) 
12. Universiti Pendidikan Sultan Idris (UPSI) 
13. Universiti Malaysia Terengganu (UMT) 
14. Universiti Malaysia Sabah (UMS) 
15. Universiti Malaysia Pahang (UMP)
16. Universiti Malaysia Sarawak (UNIMAS)
17. Universiti Malaysia Perlis (UNIMAP)
18. Universiti Sultan Zainal Abidin (UNISZA) 
19. Universiti Pertahanan Nasional Malaysia (UPNM) 
20. Universiti Malaysia Kelantan (UMK)

Private Universities:

21. Universiti Teknologi Petronas (UTP) 
22. Universiti Tenaga Nasional (UNITEN) 
23. Multimedia University (MMU)
24. INCEIF University (INCEIF)

လျှောက်ထားနိုင်တဲ့ ပညာရပ်နယ်ပယ်များ

1. Education
2. Arts and Humanities
3. Social Sciences, Journalism and Information 
4. Business, Administration and Law
5. Natural Sciences, Mathematics and Statistics 
6. Information and Communication Technologies 
7. Engineering, Manufacturing and Construction 
8. Agriculture, Forestry, Fisheries and Veterinary 
9. Health and Welfare (not including medicine, nursing and pharmacy)

ပညာသင်ဆုအကျိုးခံစားခွင့်

ကျောင်းစရိတ်
လစဉ်ကြေး (RM 1,500)

ပညာသင်ဆုအတွက် အရည်အချင်းသတ်မှတ်ချက်များ

- ဘွဲ့ရပြီးသူ ကျောင်းသား၊ ကျောင်းသူများ 

- မာစတာတန်းအတွက် အသက် (၄၀) နှစ်ထက် မကြီးသူများ

- ပါရဂူတန်းအတွက် အသက် (၄၅) နှစ်ထက် မကြီးသူများ

- မာစတာတန်းအတွက် CGPA 3.00 နှင့် Honours ရရှိထားသူများ

- ပါရဂူတန်းအတွက် CGPA 3.00 နှင့် မာစတာတန်းမှာ ရလဒ်ကောင်းခဲ့သူများ

- IELTS 6.0 (သို့) TOEFL (PBT) 550 နှင့် ညီမျှတဲ့ TOEFL Test အမှတ် ရရှိထားသူများ လျှောက်ထားနိုင်ပါတယ်။

ဘာတွေ တင်ပြဖို့ လိုအပ်လဲ?

- အွန်လိုင်းလျှောက်လွှာ (https://biasiswa.mohe.gov.my/INTER/login.php)

- ပတ်စ်ပို့

- မာစတာအတွက် ဘွဲ့လက်မှတ်နှင့် အမှတ်စာရင်း (သို့) ပါရဂူအတွက် မဟာတန်းဘွဲ့လက်မှတ်နှင့် အမှတ်စာရင်း

- အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲရလဒ်

- ထောက်ခံစာ (၂) စောင်

- မလေးရှားတက္ကသိုလ်ဝင်ခွင့်

- ကိုယ်ရေးအကျဉ်း

- စာလုံး (၁,၀၀၀) ရှိတဲ့ သုတေသနစာတမ်းအဆိုပြုလွှာ (Master by Research နှင့် PhD လျှောက်မယ့်သူတွေအတွက်သာ လိုအပ်)

နောက်ဆုံးလျှောက်ထားရမယ့်ရက်

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့

အသေးစိတ်ဖတ်ရှုရန်

> https://biasiswa.mohe.gov.my/INTER/index_guidelines.php

=======================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 263 times