မြန်မာနိုင်ငံက အသက် (၁၆) နှစ်ကနေ (၂၅) နှစ်အရွယ် ကျောင်းသားကျောင်းသူတွေအတွက် ထိုင်းနိုင်ငံကို စရိတ်ငြိမ်းသွားပြီး (USD 700) အထိ ဆုကြေးငွေ ရရှိမယ့် ပြိုင်ပွဲကြီးတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။
"ASEAN Youth Speech Contest" ကို C asean ကနေ ဦးစီးပြီး နှစ်စဉ်ကျင်းပနေကျ ဖြစ်ပါတယ်။ အာဆီယံအနာဂတ်ကို ဦးဆောင်လိုပြီး ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖန်တီးချင်တဲ့ လူငယ်တွေအနေနဲ့ မိမိအတွေးအခေါ်အမြင်တွေကို စင်မြင့်ပေါ်မှာ ရဲရဲဝံ့ဝံ့ ချပြပြောဆိုခွင့် ရရှိမယ့် စကားပြောပြိုင်ပွဲကြီးဖြစ်ပါတယ်။
ဒီနှစ်အတွက် ပြောရမယ့် Topic ကတော့ "Navigating Our Future, Together" ဖြစ်ပြီး စိတ်ဝင်စားရင် "ASEAN Youth Speech Contest 2026" လျှောက်လွှာကို ဇူလိုင်လ (၃) ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?
ပြိုင်ပွဲဝင်ရမယ့်ပုံစံ
ပထမအဆင့် - ဇူလိုင်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ခေါင်းစဉ်အတိုင်း (၃) မိနစ်စာ Speech ပြောထားတာကို အောက်ပါလင့်ခ်ကနေတဆင့် ပေးပို့လျှောက်ထားရပါမယ်။ (https://docs.google.com/forms)
ဒုတိယအဆင့် - Finalist (၁၀) ယောက်ကိုသာ ရွေးချယ်ပြီး ထိုင်းနိုင်ငံကို နှစ်ညအိပ် စရိတ်ငြိမ်း ခေါ်ယူပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့မှာ Final ပြိုင်ပွဲကို ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။
Finalist တွေဟာ စင်ပေါ်မှာ (၅) မိနစ်စာ လူကိုယ်တိုင် Live အပြောပြိုင်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ (စာရွက်၊ စာတမ်း၊ Cue Card များ ယူဆောင်ခွင့်မရှိပါ။)
ဒါ့အပြင် Finalist တွေက သြဂုတ်လ (၇) ရက်နေ့မှာ ကျင်းပမယ့် (၅၉) ကြိမ်မြောက် အာဆီယံနေ့ (59th ASEAN Day Celebration) အခမ်းအနားကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဆိုင်ရာ သတ်မှတ်ရက်များ
ဇူလိုင် (၃) - ၃ မိနစ်စာ ဗီဒီယိုတင်ရမယ့် နောက်ဆုံးရက်
ဇူလိုင် (၉) - Finalist (၁၀) ဦးစာရင်းကို C asean Social Media တွေမှကြေညာခြင်း
ဇူလိုင် (၁၃) - Zoom မှတစ်ဆင့် ကြိုတင်ပြင်ဆင်မှု Orientation ပြုလုပ်ခြင်း
ဩဂုတ် (၆) - ဘန်ကောက်မြို့မှာ လူကိုယ်တိုင် ဖိုင်နယ်ယှဉ်ပြိုင်ခြင်း
ဩဂုတ် (၇) - အာဆီယံနေ့ အခမ်းအနားပွဲ
ထောက်ပံ့ကြေး
ဘန်ကောက်မြို့မှာ ကျင်းပမယ့် ဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရရှိမယ့် နောက်ဆုံးဆန်ခါတင် (၁၀) ဦးအတွက် ဘန်ကောက် အသွားအပြန် လေယာဉ်လက်မှတ်နှင့် (၂) ညတာ တည်းခိုနေထိုင်စရိတ်တို့ကို C asean မှ အခမဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဆုကြေးငွေများ
ပထမဆု - ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမေရိကန်ဒေါ်လာ (၇၀၀)
ဒုတိယဆု - ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမေရိကန်ဒေါ်လာ (၅၀၀)
တတိယဆု - ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမေရိကန်ဒေါ်လာ (၃၀၀)
နောက်ဆုံးဆန်ခါတင်များအားလုံး - ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ရရှိပါမယ်။
==============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။