Sales Hotline : 09448001653       Download App



စနစ်သစ် Grade-10 နှင့် စနစ်ဟောင်း Grade-11 ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမည်

** Unicode **

ဇူလိုင် (၁၃) ရက်မှ (၁၇) ရက် အထိအထက်တန်း အဆင့်စနစ်သစ် Grade-10 နှင့် စနစ်ဟောင်း Grade-11 ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမည် ဖြစ်ပါတယ်။

ဇူ လိုင် (၁၃) ရက်မှ (၁၇) ရက်အထိ အထက်တန်းအဆင့်စနစ်သစ် Grade-10 နှင့် စနစ်ဟောင်း Grade-11 ကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမ ည်ဖြစ်ပြီး အတန်းငယ်များမသိရသေးကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

ဇူလိုင် (၁၃) ရက်ကနေ (၁၇) ရက်အထိ အဲဒီ (၅) ရက်ကတော့ အထက်တန်းအဆင့်စနစ်သစ် Grade-10 နဲ့ စနစ်
ဟောင်း Grade-11 ကျောင်းအပ်နှံ့ရေး သီတင်းပတ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သက်ဆိုင်ရာကျောင်းတွေမှာ သွားပြီးအပ်နှံရမည်ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (၁၂) သိန်းလောက်ရှိပြီး (၅) ရက်အတွင်းမှာ အပ်ရပါမှာဖြစ်ပါတယ်။ အပ်တဲ့အခါမှာကျောင်းရောက်တာနဲ့ ပုံမှန်ထောက်ပံ့နေကျပုံနှိပ် စာအုပ်အခမဲ့ပေးမည်ဖြစ်ပါတယ်။

ယခုနှစ်အတွက် ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်ချောင်းဘောလ်ပင်နှစ်ချောင်း၊ ကိုဗစ်ကပ်ရောဂါအတွက်
ကာကွယ်ရန် အဝတ် MASK (၂) ခုနှုန်း၊ မျက်နှာကာ အစရှိသည်တို့ ပေးအပ်မည်ဖြစ်ပါတယ်။အတန်းငယ်တွေက တော့ ထပ်ပြီးကြေညာပေးမည်ဟုသိရပါတယ်။

အထက်တန်းများ၊ အလယ်တန်းများ ဖွင့်လှစ်၍ ပြသနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိပါက မူလတန်းများ ဆက်လက်ဖွင့်လှစ်မည်ဟု သိရပါတယ်။

အခြေခံပညာဦးစီးဌာန လက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော်ရှိပြီး ယခုနှစ်
၂၀၂ဝ ပြည့်နှစ် ကျောင်းဖွင့်ရာသီ တွင် COVID-19 ကပ်ရောဂါကြောင့် ကျောင်းအပ်လက်ခံချိန်နှင့် ကျောင်းများဖွင့်မည့်ရက် အတိအကျကို ကြေညာရန် နောက်ကျခဲ့ပြီး ကျောင်းဖွင့်ချိန်များရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။

Education for Special Needs Children(17) ကလေးများအတွက် အထူးပညာရေး နှင့်ပတ်သက်ပြီးရှာရန်နှိပ်ပါ။

“ကျောင်းပြန်ဖွင့်တာနဲ့ ကျောင်းခန်းတစ်ခန်းကို အယောက် (၂၀) ပဲထားမယ် ဆိုတာလည်း ဒါကပုံသေမဟုတ်ပါဘူး။ ဒါကအခန်းတစ်ခန်း ရဲ့ အကျယ်အဝန်းပေါ့။ သာမာန်အားဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ရဲ့စာသင်ခန်းသည်အလျားပေ (၃၀)၊ အနံ့  (၂၄) ပေ ဆိုတော့ စတုရန်းပေ (၇၂၀) ရှိတယ်။
အဲဒါဆိုရင် ကျောင်းသား တစ်ယောက်ရဲ့ ပိုင်ဆိုင်ခွင့်က စတုရန်းပေ (၃၆) ပေရှိတယ်။ သာမာန်စာသင်ခန်းကတော့ ကျောင်းသား (၂၀) အတွက် စီစဉ်ပေး ဖို့ပေါ့။ ခါတိုင်း ကျောင်းသားတစ်ခန်းထဲ (၄၀) ဆိုရင်တော့စာသင်ခန်း (၂) ခန်းခွဲရမှာပေါ့။ အဓိက (၆) ပေအကွာခွာ ထားဖို့ပါပဲ’’ ဟု ပြောကြားကြောင်း သိရပါတယ်။

Ref ; People Media


** Zawgyi **

ဇူလိုင္ (၁၃) ရက္မွ (၁၇) ရက္ အထိအထက္တန္း အဆင့္စနစ္သစ္ Grade-10 ႏွင့္ စနစ္ေဟာင္း Grade-11 ကို တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေက်ာင္းအပ္လက္ခံမည္ ျဖစ္ပါတယ္။

ဇူ လိုင္ (၁၃) ရက္မွ (၁၇) ရက္အထိ အထက္တန္းအဆင့္စနစ္သစ္ Grade-10 ႏွင့္ စနစ္ေဟာင္း Grade-11 ကိုတစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်ာင္းအပ္လက္ခံမ ည္ျဖစ္ၿပီး အတန္းငယ္မ်ားမသိရေသးေၾကာင္း အေျခခံပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရသိရပါတယ္။

ဇူလိုင္ (၁၃) ရက္ကေန (၁၇) ရက္အထိ အဲဒီ (၅) ရက္ကေတာ့ အထက္တန္းအဆင့္စနစ္သစ္ Grade-10 နဲ႔ စနစ္
ေဟာင္း Grade-11 ေက်ာင္းအပ္ႏွံ႔ေရး သီတင္းပတ္ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ သက္ဆိုင္ရာေက်ာင္းေတြမွာ သြားၿပီးအပ္ႏွံရမည္ျဖစ္ပါတယ္။

တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ (၁၂) သိန္းေလာက္ရွိၿပီး (၅) ရက္အတြင္းမွာ အပ္ရပါမွာျဖစ္ပါတယ္။ အပ္တဲ့အခါမွာေက်ာင္းေရာက္တာနဲ႔ ပုံမွန္ေထာက္ပံ့ေနက်ပုံႏွိပ္ စာအုပ္အခမဲ့ေပးမည္ျဖစ္ပါတယ္။

ယခုႏွစ္အတြက္ ဗလာစာအုပ္တစ္ဒါဇင္၊ ခဲတံႏွစ္ေခ်ာင္းေဘာလ္ပင္ႏွစ္ေခ်ာင္း၊ ကိုဗစ္ကပ္ေရာဂါအတြက္
ကာကြယ္ရန္ အဝတ္ MASK (၂) ခုႏႈန္း၊ မ်က္ႏွာကာ အစရွိသည္တို႔ ေပးအပ္မည္ျဖစ္ပါတယ္။အတန္းငယ္ေတြက ေတာ့ ထပ္ၿပီးေၾကညာေပးမည္ဟုသိရပါတယ္။

အထက္တန္းမ်ား၊ အလယ္တန္းမ်ား ဖြင့္လွစ္၍ ျပသနာ တစ္စုံတစ္ရာ ျဖစ္ေပၚျခင္းမရွိပါက မူလတန္းမ်ား ဆက္လက္ဖြင့္လွစ္မည္ဟု သိရပါတယ္။

အေျခခံပညာဦးစီးဌာန လက္ေအာက္တြင္ အေျခခံပညာေက်ာင္းေပါင္းေလးေသာင္းေက်ာ္ရွိၿပီး ယခုႏွစ္
၂၀၂ဝ ျပည့္ႏွစ္ ေက်ာင္းဖြင့္ရာသီ တြင္ COVID-19 ကပ္ေရာဂါေၾကာင့္ ေက်ာင္းအပ္လက္ခံခ်ိန္ႏွင့္ ေက်ာင္းမ်ားဖြင့္မည့္ရက္ အတိအက်ကို ေၾကညာရန္ ေနာက္က်ခဲ့ၿပီး ေက်ာင္းဖြင့္ခ်ိန္မ်ားေ႐ႊ႕ဆိုင္းခဲ့ရျခင္းျဖစ္ပါတယ္။

Education for Special Needs Children(17) ကေလးမ်ားအတြက္ အထူးပညာေရး ႏွင့္ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

“ေက်ာင္းျပန္ဖြင့္တာနဲ႔ ေက်ာင္းခန္းတစ္ခန္းကို အေယာက္ (၂၀) ပဲထားမယ္ ဆိုတာလည္း ဒါကပုံေသမဟုတ္ပါဘူး။ ဒါကအခန္းတစ္ခန္း ရဲ႕ အက်ယ္အဝန္းေပါ့။ သာမာန္အားျဖင့္ အထက္တန္းအဆင့္၊ အလယ္တန္းအဆင့္ရဲ႕စာသင္ခန္းသည္အလ်ားေပ (၃၀)၊ အနံ႔  (၂၄) ေပ ဆိုေတာ့ စတုရန္းေပ (၇၂၀) ရွိတယ္။
အဲဒါဆိုရင္ ေက်ာင္းသား တစ္ေယာက္ရဲ႕ ပိုင္ဆိုင္ခြင့္က စတုရန္းေပ (၃၆) ေပရွိတယ္။ သာမာန္စာသင္ခန္းကေတာ့ ေက်ာင္းသား (၂၀) အတြက္ စီစဥ္ေပး ဖို႔ေပါ့။ ခါတိုင္း ေက်ာင္းသားတစ္ခန္းထဲ (၄၀) ဆိုရင္ေတာ့စာသင္ခန္း (၂) ခန္းခြဲရမွာေပါ့။ အဓိက (၆) ေပအကြာခြာ ထားဖို႔ပါပဲ’’ ဟု ေျပာၾကားေၾကာင္း သိရပါတယ္။

Ref ; People Media


 

News Tips Latest Post Read 9717 times