Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းဝင်ခွင့်

** Unicode **

မူလတန်းပြအဖြစ်ခန့်မည့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)ဝင်ခွင့်ရစာရင်းကို မတ်လနောက်ဆုံးပတ်တွင် ကြေညာမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ကုန်ထုတ်ဓာတုဗေဒ၊ ဘူမိဗေဒ၊ အဏုဇီဝ၊ ဇီဝနည်းပညာ၊ ဇီဝဓာတုဗေဒ၊ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ၊ မြန်မာမှု၊ ရသ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ အားကစားပညာ၊ စာရင်းကိုင်ပညာ၊ စီးပွားရေးပညာဘာသာရပ်တို့ဖြင့် ဘွဲ့ရထားသူများအား PPTT သင်တန်းဝင်ခွင့်ကို ဖေဖော်ဝါရီက လျှောက်ခွင့်ပြုခဲ့ပါတယ်။

မတ်လ (၃၁) ရက်တွင် အသက်(၃၀) နှစ်ထက်မကြီးသည့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများနှင့် ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက်မကြီးသူများကို သက်ဆိုင်ရာဌာနဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားခွင့်ပြုခဲ့ပြီးသင်တန်းဝင်ခွင့်အတွက် အင်္ဂလိပ်စာနှင့် ပညာရေးဆိုင်ရာ ဗဟုသုတရေးဖြေစာမေးပွဲ ဖြေဆိုရပါတယ်။

ယခုနှစ် PPTT သင်တန်းအတွက် သင်တန်းသားတစ်သောင်းခန့်သာ ခေါ်ယူမည်ဖြစ်သော်လည်း ဝင်ခွင့်ရေးဖြေစာမေးပွဲဝင်ရောက်ဖြေဆိုသူ (၇၅,၅၁၉) ဦးရှိပါတယ်။

ပညာရေးကောလိပ် (၂၅) ခုအနက်မုံရွာပညာရေးကောလိပ်အတွက်သင်တန်းဝင်ခွင့် လျှောက်ထားသူအများဆုံးဖြစ်ပြီး ဖြေဆိုသူ (၉,၄၁၀) ဦးရှိပါတယ်။

ပညာရေးကောလိပ် PPTT သင်တန်းကို ဧပြီ (၁) ရက်တွင် စဖွင့်မည်ဖြစ်ပြီး စာတွေ့လေးလ၊ လက်တွေ့တန်းပြ (၄) လ၊ Assignment (Project Based) (၂) လတက်ရမည်ဖြစ်ပါတယ်။

သင်တန်းကာလ (၁၀) လပြီးပါက မူလတန်းပြဆရာ/ဆရာမအဖြစ် အခြေခံပညာကျောင်းများတွင် ခန့်အပ်ပါတယ်။ သင်တန်းဝင်ခွင့်ရွေးချယ်ခံရပြီး သင်တန်းအပြီးထိမတက်ပါက ပေးဆောင်ရမည့် လျော်ကြေးကို ယခုနှစ်မှစကာ ကျပ်ငါးသိန်းအထိ တိုးမြှင့်ထားပြီး သင်တန်းတက်ရောက်စဉ်တစ်လသုံးသောင်းနှုန်း လစဉ်ထောက်ပံ့ကြေးကိုလည်း ပြန်ပေးရမည်ဖြစ်ပါတယ်။

သင်တန်းပြီးဆုံးပါက ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်ကြောင်း ဝန်ခံကတိရေးထိုးရမည်ဖြစ်ပါတယ်။

မူလတန်းပြဆရာ လိုအပ်ချက်ဖြည့်ဆည်းရန် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) ကို ၂၀၁၄ တွင ်ပထမအကြိမ် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းအမှတ်စဉ် (၇) အဖြစ်ယခုနှစ်အတွက် သင်တန်းဝင်ခွင့်ခေါ်ယူခြင်းဖြစ်ပါတယ်။

Read More:>>> ICTTI Advanced ICT Engineering သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

ယခင်နှစ်များက သင်တန်းကာလ (၆) လသာ တက်ရသော်လည်း ယခုနှစ်တွင် သင်တန်းကာလကို (၁၀) လပြောင်းလဲသတ်မှတ်ထားပါတယ်။

Aviation (7) ေလယာဥ္ေမာင္းအတတ္သင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ကျောင်းကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မိမိတို့တက်ရောက်ရမည့် ကျောင်းများတွင် အသေးစိတ်အချက်အလက်များကို စုံစမ်းပါက ပိုမိုတိကျစွာ သိရှိနိုင်ပါတယ်။

Credit: 7Day News
 

** Zawgyi **

မူလတန္းျပအျဖစ္ခန္႔မည့္ လုပ္ငန္းခြင္အႀကိဳမူလတန္းဆရာအတတ္ပညာသင္တန္း (PPTT)ဝင္ခြင့္ရစာရင္းကို မတ္လေနာက္ဆံုးပတ္တြင္ ေၾကညာမည္ျဖစ္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ရူပေဗဒ၊ ဓာတုေဗဒ၊ ရုကၡေဗဒ၊ သတၱေဗဒ၊ ေဘာဂေဗဒ၊ ပထဝီဝင္၊ သမိုင္း၊ ကုန္ထုတ္ဓာတုေဗဒ၊ ဘူမိေဗဒ၊ အဏုဇီဝ၊ ဇီဝနည္းပညာ၊ ဇီဝဓာတုေဗဒ၊ ပတ္ဝန္းက်င္ဆိုင္ရာ ေလ့လာမႈပညာ၊ ျမန္မာမႈ၊ ရသ၊ ဂီတ၊ သဘင္၊ ပန္းခ်ီ၊ ပန္းပု၊ အားကစားပညာ၊ စာရင္းကိုင္ပညာ၊ စီးပြားေရးပညာဘာသာရပ္တို႔ျဖင့္ ဘြဲ႔ရထားသူမ်ားအား PPTT သင္တန္းဝင္ခြင့္ကို ေဖေဖာ္ဝါရီက ေလ်ွာက္ခြင့္ျပဳခဲ့ပါတယ္။

မတ္လ (၃၁) ရက္တြင္ အသက္(၃၀) ႏွစ္ထက္မႀကီးသည့္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႔ရၿပီးသူမ်ားႏွင့္ ဝန္ထမ္းျဖစ္ပါက အသက္ (၃၅) ႏွစ္ထက္မႀကီးသူမ်ားကုိ သက္ဆိုင္ရာဌာနဝန္ထမ္းအဖြဲ႔အစည္း အႀကီးအကဲ၏ ခြင့္ျပဳခ်က္ျဖင့္ ေလ်ွာက္ထားခြင့္ျပဳခဲ့ၿပီးသင္တန္းဝင္ခြင့္အတြက္ အဂၤလိပ္စာႏွင့္ ပညာေရးဆိုင္ရာ ဗဟုသုတေရးေျဖစာေမးပြဲ ေျဖဆိုရပါတယ္။

ယခုႏွစ္ PPTT သင္တန္းအတြက္ သင္တန္းသားတစ္ေသာင္းခန္႔သာ ေခၚယူမည္ျဖစ္ေသာ္လည္း ဝင္ခြင့္ေရးေျဖစာေမးပြဲဝင္ေရာက္ေျဖဆိုသူ (၇၅,၅၁၉) ဦးရွိပါတယ္။

ပညာေရးေကာလိပ္ (၂၅) ခုအနက္မံုရြာပညာေရးေကာလိပ္အတြက္သင္တန္းဝင္ခြင့္ ေလ်ွာက္ထားသူအမ်ားဆံုးျဖစ္ၿပီး ေျဖဆိုသူ (၉,၄၁၀) ဦးရွိပါတယ္။

ပညာေရးေကာလိပ္ PPTT သင္တန္းကုိ ဧၿပီ (၁) ရက္တြင္ စဖြင့္မည္ျဖစ္ၿပီး စာေတြ႔ေလးလ၊ လက္ေတြ႔တန္းျပ (၄) လ၊ Assignment (Project Based) (၂) လတက္ရမည္ျဖစ္ပါတယ္။

သင္တန္းကာလ (၁၀) လၿပီးပါက မူလတန္းျပဆရာ/ဆရာမအျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ ခန္႔အပ္ပါတယ္။ သင္တန္းဝင္ခြင့္ေရြးခ်ယ္ခံရၿပီး သင္တန္းအၿပီးထိမတက္ပါက ေပးေဆာင္ရမည့္ ေလ်ာ္ေၾကးကို ယခုႏွစ္မွစကာ က်ပ္ငါးသိန္းအထိ တိုးျမွင့္ထားၿပီး သင္တန္းတက္ေရာက္စဥ္တစ္လသံုးေသာင္းနႈန္း လစဥ္ေထာက္ပံ့ေၾကးကိုလည္း ျပန္ေပးရမည္ျဖစ္ပါတယ္။

သင္တန္းၿပီးဆံုးပါက ေဒသမေရြးတာဝန္ထမ္းေဆာင္ႏိုင္ေၾကာင္း ဝန္ခံကတိေရးထိုးရမည္ျဖစ္ပါတယ္။

မူလတန္းျပဆရာ လိုအပ္ခ်က္ျဖည့္ဆည္းရန္ လုပ္ငန္းခြင္အႀကိဳမူလတန္းဆရာအတတ္ပညာသင္တန္း (PPTT) ကို ၂၀၁၄ တြင ္ပထမအႀကိမ္ စတင္ဖြင့္လွစ္ခဲ့ၿပီး သင္တန္းအမွတ္စဥ္ (၇) အျဖစ္ယခုႏွစ္အတြက္ သင္တန္းဝင္ခြင့္ေခၚယူျခင္းျဖစ္ပါတယ္။

Read More:>>> ICTTI Advanced ICT Engineering သင္တန္းမ်ားအတြက္ ေလွ်ာက္လႊာေခၚယူျခင္း

ယခင္ႏွစ္မ်ားက သင္တန္းကာလ (၆) လသာ တက္ရေသာ္လည္း ယခုႏွစ္တြင္ သင္တန္းကာလကို (၁၀) လေျပာင္းလဲသတ္မွတ္ထားပါတယ္။

Aviation (7) ေလယာဥ္ေမာင္းအတတ္သင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ေက်ာင္းကိစၥမ်ားနွင့္ပတ္သက္၍ အေသးစိတ္သိရွိလုိပါက မိမိတို႔တက္ေရာက္ရမည့့္ ေက်ာင္းမ်ားတြင္ အေသးစိတ္အခ်က္အလက္မ်ားကို စံုစမ္းပါက ပိုမိုတိက်စြာ သိရွိႏိုင္ပါတယ္။

Credit: 7Day News
 

News Tips News Tips Latest Post Read 19632 times