Sales Hotline : 09448001653       Download App
ICTTI Advanced ICT Engineering သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း
** Unicode **
၁။ ပညာရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနာဌာနနှင့် ဂျပန်နိုင်ငံ၊ JICA တို့ပူးပေါင်းဖွင့်လှစ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယရေးနည်းပညာသင်တန်းဌာန (Information and Communication Technology Training Insitute/ICTT) တွင်အောက်ပါသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်။
၂။ အမှတ်စဉ် (၁) နှင့် (၂) သင်တန်းများသည် ဒီပလိုမာဘွဲ့သင်တန်းများဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ သင်တန်းကို ရွေးချယ်လျှောက်ထားနိုင်သည်။
၃။ အမှတ်စဉ် (၃) သင်တန်းအတွက် HTML နှင့် Programming အခြေခံရှိသူများ လျှောက်ထားနိုင်သည်။
၄။ အမှတ်စဉ် (၄) သင်တန်းအတွက် ICTTI သင်တန်းမှ Professional Diploma in Network Engineering Course သင်တန်းတက်ရောက်အောင်မြင်ပြီး Cisco Networking အခြေခံရှိသူများ လျှောက်ထားနိုင်သည်။
၅။ အမှတ်စဉ် (၅) သင်တန်းအတွက် Database အခြေခံရှိသူများ လျှောက်ထားနိုင်သည်။
၆။ အမှတ်စဉ် (၆) သင်တန်းအတွက် ICTTI သင်တန်းဌာနမှ Professional Diploma in Networking Engineering Course သင်တန်းတက်ရောက်အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
၇။ သင်တန်းများသည် အစိုးရရုံးပိတ်ရက်များမှအပ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အချိန်ပြည့်သင်တန်းများဖြစ်သည်။
၈။ သင်တန်းအောင်မြင်ပြီးဆုံးပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနာဌာနတို့ ပူးပေါင်း၍ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်မည်ဖြစ်သည်။
Read More:>>>>  ပညာရေးဝန်ကြီးဌာန၏တရားဝင်ထုတ်ပြန်ချက်
၉။ လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူဖြစ်ရမည်။
* B.C.Sc/ B.C.Tech/ B.Tech (EC)/ B.E(IT)/ B.Sc(Computer Science)/ M.C.Sc/ M.C.Tech/ M.I.Sc/ M.A.Sc/ M.E(IT)/ M.E(EC)/ M.Sc(Computer Science) ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့) နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်မှ IT အထူးပြုဘွဲ့ ရရှိပြီးသူဖြစ်ရမည်။
* မိမိနှင့်တကွ မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ရမည်။
* သတ်မှတ်ထားသော ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲများကို အောင်မြင်စွာ ဖြေဆိုနိုင်သူဖြစ်ရမည်။
* ဝန်ကြီးဌာနများမှ ဝန်ထမ်းဖြစ်ပါက မိမိတို့သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုစာပါရှိရမည်။
* သက်ဆိုင်ရာမြို့နယ်ရဲစခန်းတစ်ခုခုမှ သုံးလထက်မကျော်လွန်သည့် အကျင့်စရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများကို သင်တန်းလျှောက်လွှာနှင့်အတူ ပူးတွဲလျှောက်ထားရမည်။
၁၀။ သင်တန်းလျှောက်ထားသူများသည် အောက်ပါနေ့ရက်တွင် Online ဝင်ခွင့်စာမေးပွဲဖြေဆိုကြရမည်။
၁၁။ လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် ကျောင်းသားရေးရာဌာနတွင် (၁-၄-၂၀၂၀) (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။
Sports Clubs & Federations (62) အားကစားအသင်းများနှင့် အဖွဲ့ချုပ်များနှင့် ပတ်သက်ပြီး (၆၂) ခုရှာရန်နှိပ်ပါ။
၁၂။ အခြားသိရှိလိုသည်များရှိပါက ICTTI သင်တန်းဌာန၊ ဖုန်း ၀၁-၆၆၁၇၁၄၊ ၀၁-၆၅၂၅၂၉၊ ၀၁-၆၅၂၅၄၂၊ ၀၁-၆၆၂၃၂၉ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
(ေၾကးမံု)
(www.edge.com.mm)
** Zawgyi **
Read More:>>>>  ပညာရေးဝန်ကြီးဌာန၏တရားဝင်ထုတ်ပြန်ချက်
Sports Clubs & Federations (62) အားကစားအသင်းများနှင့် အဖွဲ့ချုပ်များနှင့် ပတ်သက်ပြီး (၆၂) ခုရှာရန်နှိပ်ပါ။
(ကြေးမုံ)
(www.edge.com.mm)
News Tips Latest Post News Read 957 times