ဇွန်လ (၂၈) ရက်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထွက်မည်

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ (၂၈) ရက် (တနင်္ဂနွေနေ့)၊ နံနက် (၆) နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပါသည်။

အောင်စာရင်းထုတ်ပြန်မည့်  ၂၈-၆-၂၀၂၆  ရက်နေ့၊ နံနက် (၄) နာရီတွင် စာစစ်ဌာနအလိုက် အောင်စာရင်းများကို www.myanmarexam.org တွင် လည်းကောင်း၊ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုစစ်ဆေးနိုင်သော အောင်စာရင်းစနစ်ကို result.dme.gov.mm တွင်လည်းကောင်း ကြည့်ရှုနိုင်သည်။ 

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာပေးမည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်။

အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉ )သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ဇွန်လ (၂၈) ရက်နေ့တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

=================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Local News Read 619 times