အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်) တို့မှာ အားကာစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကို လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဇွန်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများအား ရွေးချယ်ကာ စည်းကမ်းပြည့်၀ပြီး ပညာရေးထူးချွန်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသများ ပေါ်ထွန်းလာစေရေးအတွက် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများသည် ၂၀၂၆ ခုနှစ်၊ ဧပြီ ပထမပတ်မှစ၍ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနများသို့ ဆက်သွယ်လျှောက်ထားနိုင်သည်။
ရေကူး၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ လှေလှော်၊ စက်ဘီး၊ ဘောလုံး၊ သေနတ်ပစ်၊ ဂျူဒို၊ ကရာတေး၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ် စသည့် အားကစားနည်းအမျိုးမျိုးကို အခြေခံပညာနှင့်ပေါင်းစပ်၍ သင်ကြားပေးမည်ဖြစ်သည်။
လျှောက်ထားလိုသူများအနေဖြင့် သင်တန်းသားသတ်မှတ်ရည်အချင်းများ -
သင်တန်းဝင်ခွင့် စစ်ဆေးမှု
အားကစားနည်းအလိုက် ကျွမ်းကျင်မှု၊ ကြံ့ခိုင်စွမ်းရည်နှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများအပြင် ပညာအရည်အချင်း အထောက်အထား စစ်ဆေးမှုများကို စစ်ဆေးခံရမည်ဖြစ်သည်။
သင်တန်းတက်ရောက်လျှင် ရရှိမည့် အခွင့်အရေး
သင်တန်းတက်ရောက်ခွင့် ရရှိပါက နေထိုင်၊ စားသောက်ရေး၊ ကျန်းမာရေးကိစ္စအဝဝနှင့် အောက်ပါအခွင့်အလမ်းများအား နိုင်ငံတော်မှ တာဝန်ယူမည်-
အသေးစိတ်သိရှိလိုပါက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနများသို့ လူကိုယ်တိုင်ဖြစ်စေ သက်ဆိုင်ရာသင်တန်းကျောင်း၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ဖြစ်စေ စုံစမ်းနိုင်သည်။
ရန်ကုန်
ကျိုက္ကဆံကွင်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၀၉-၄၂၀၁၆၈၃၃၂
မန္တလေး
(၆၈)လမ်းနှင့် (၇၃)လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ မြို့သစ် (၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
၀၉-၄၂၀၁၂၀၆၃၈
မော်လမြိုင်
ခြောက်မိုင်၊ ကျွဲခြံကုန်းရပ်ကွက်၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်။
၀၉-၄၂၅၃၀၂၇၅၅
တောင်ကြီး
နယ်မြေ(၁)၊ ရပ်ကွက်(၁)၊ မုံတဝရွာအနောက်၊ အကွက်အမှတ်(၈၆)၊ သစ်ပင်ထောင်ရပ်ကွက်၊ အေးသာယာ၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။
၀၉-၄၂၉၃၅၃၉၄၁
မုံရွာ
အနော်ရထာလမ်းနှင့် စည်သူလမ်းထောင့်၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၀၉-၇၆၆၇၁၇၁၁၄
လွိုင်ကော်
လွိုင်ကော်-ပင်လောင်းအဝေးပြေးလမ်းမကြီး၊ ကန္ဒာရဝတီအားကစားရင်ပြင်-(ကျောင်းသားအားကစားကွင်း)၊ ကယားပြည်နယ်။
၀၉-၄၃၁၂၄၂၂၇
===========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။