အထက်တန်းအောင်များ အခမဲ့ တက်ရောက်နိုင်တဲ့ လူနာခန်းလက်ထောက်သင်တန်း

ဇီ၀တဒါနသံဃာ့ဆေးရုံကြီးတွင် လူနာခန်းလက်ထောက် (အမျိုးသား/အမျိုးသမီး) သင်တန်းကို ၂၀၂၆ ခုနှစ်၊ မေလ (၄) ရက်နေ့မှ စ၍ (၄) လကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ အမှတ် (၃၈) ရှိ ဇီ၀တဒါနသံဃာ့ဆေးရုံကြီးတွင် သင်တန်းကြေး အခမဲ့ဖြင့် တက်ရောက်နိုင်သည်။

သင်တန်းကာလအတွင်း နေ့လည်စာထမင်း ကျွေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်သူများကို ဆေးရုံကြီးတွင် လစ်လပ်နေရာများ ဖြစ်ပေါ်လာပါက လူနာခန်းလက်ထောက်အဖြစ် ခန့်ထားရေး စီစဉ်ပေးမည်ဖြစ်သည်။

အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ သင်တန်းတက်ရောက်ရန် လျှောက်ထားနိုင်သည် -

  • မြန်မာနိုင်ငံသားဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူဖြစ်ရမည်။
  • လျှောက်လွှာတင်သွင်းခွင့် ပိတ်သည့် ဧပြီ (၄) ရက်တွင် အသက် (၁၈) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်ရ။
  • အနိမ့်ဆုံးပညာအရည်အချင်းမှာ Grade (12) ဖြေဆိုပြီးသူများ (သို့) စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားသူများ ဖြစ်ရမည်။
  • အိမ်ထောင်မရှိသူ (အပျို/လူပျို) ဖြစ်ရမည်။

လျှောက်လွှာပုံစံများကို ဆေးရုံကြီးရှိ စီမံရေးရာဌာနခွဲတွင် တောင်းယူ၍ လျှောက်လွှာနှင့်အတူ -

  • မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ ကျန်းမာကြောင်းနှင့် ကူးစက်ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာမူရင်း
  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း
  • ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံချက်မူရင်း
  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
  • စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ်မိတ္တူ (သို့) Grade 12 သင်ယူပြီးမြောက်ကြောင်းလက်မှတ်မိတ္တူ
  • အပျို/လူပျိုဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက်တို့ကို ပူးတွဲ၍ ဧပြီလ (၂၄) ရက် နောက်ဆုံးထား လျှောက်ထားရမည်။

အထက်ပါ အချက်အလက်များနှင့် ပြည့်စုံသော လျှောက်ထားသူများအား ဧပြီလ (၂၈) ရက်မှ စတင်ကာ ဇီ၀တဒါနသံဃာ့ဆေးရုံကြီးတွင် လူတွေ့စစ်ဆေး ရွေးချယ်သွားမည်ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း (၀၁-၉၅၄၁၇၉၅) နှင့် (၀၉-၆၈၃၈၁၇၉၇၀) တို့ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Local News Vocational Read 52 times