စက်မှုသင်တန်းကျောင်း(မကွေး၊ သာဂရ၊ သထုံ)တွင် ဖွင့်လှစ်မည့် သင်တန်း (၁၁) ခု

စက်မှုသင်တန်းကျောင်း (မကွေး၊ သာဂရ၊ သထုံ) တို့တွင် စက်မှုကျွမ်းကျင် (၁) နှစ်သင်တန်းများ ဖွင့်လှစ်မည်ဖြစ်သဖြင့် (၁၀) တန်း (သို့) (၁၂) တန်း ဖြေဆိုဖူးသူများ လျှောက်ထားနိုင်သည်။

စက်မှုသင်တန်းကျောင်း (မကွေး) တွင် ဖွင့်လှစ်မည့်သင်တန်း (၂) ခု

  • မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုသင်တန်း (Automobile Maintenance Course)
  • ကွန်ပျူတာဒီဇိုင်းရေးဆွဲ/ထုတ်လုပ်မှုသင်တန်း (CAD/CAM Course)

သင်တန်းကာလ

၂၀၂၆ ခုနှစ်၊ မေလ (၄) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့အထိ တက်ရောက်ရပါမည်။

သတ်မှတ်အရည်အချင်းများ

  • စနစ်ဟောင်း (၁၀) တန်း (သို့) စနစ်သစ် (၁၂) တန်း ဖြေဆိုဖူးသူ ဖြစ်ရမည်။
  • သင်တန်းစတင်ဖွင့်လှစ်မည့် မေလ (၄) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်ပြီး စက်မှုဝါသနာပါသူများဖြစ်ရမည်။
  • ပြည်ထောင်စုမြန်မာနိုင်ငံသား (ကျား/မ) ဖြစ်ရမည်။
  • အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။
  • သင်တန်းစည်းကမ်းများကို လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ဖော်ပြပါဌာနများတွင် ရယူနိုင်သည် -

  • အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး)၊ မကွေးစက်မှုနယ်မြေ၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ဖုန်း ၀၆၃-၂၀၂၈၇၉၂၊ ၀၉-၆၉၄၉၇၆၉၂၈၊ ၀၉-၆၇၈၉၃၇၇၈၇
  • စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၀၅၀၅၁
  • စီးပွားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
  • "Itc Magway" Facebook Page တွင်လည်းကောင်း ဒေါင်းလုတ် ရယူနိုင်သည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • လျှောက်လွှာမူရင်း (၁) စောင်
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁) စောင်
  • လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • အကျင့်စာရိတ္တကောင်မွန်ကြောင်း ရပ်ကွပ်ထောက်ခံစာမူရင်း (၁) စောင်
  • စနစ်ဟောင်း (၁၀) တန်း (သို့) စနစ်သစ် (၁၂) တန်း အောက်လက်မှတ်မိတ္တူ (သို့) ဖြေဆိုဖူးကြောင်းထောက်ခံစာမူရင်း (၁) စောင်
  • ကျန်းမာရေးထောက်ခံကြောင်းဆေးထောက်ခံစာမူရင်း (၁) စောင် 

သင်တန်းလျှောက်လွှာနှင့်အတူ အထက်ဖော်ပြပါ စာရွက်စာတမ်းများကို မတ်လ (၃၁) ရက်နေ့၊ ညနေ (၄) နာရီ နောက်ဆုံးထားပြီး  စက်မှုသင်တန်းကျောင်း(မကွေး)သို့ ပြန်လည် ပေးပို့ လျှောက်ထားရမည်။

သင်တန်းဝင်ခွင့်စာမေးပွဲ

သင်တန်း၀င်ခွင့်ရရှိရေးအတွက် အင်္ဂလိပ်စာ၊ သင်္ချာနှင့် စက်မှုဗဟုသုတများအတွက် လူတွေ့နှုတ်မေးစာမေးပွဲကို ဧပြီ (၁) ရက်မှ (၃) ရက်နေ့အတွင်း စက်မှုသင်တန်းကျောင်း(မကွေး)တွင် သွားရောက် ဖြေဆိုရပါမည်။

ဝင်ခွင့်စာမေးပွဲ သွားရောက်ဖြေဆိုသည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း)နှင့် (၁၀) တန်း (သို့) (၁၂) တန်း သင်ယူပြီးမြောက်ကြောင်းလက်မှတ် (သို့) ဖြေဆိုဖူးကြောင်းထောက်ခံစာ (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်သည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်းကို အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) တွင် ကြေညာပေးမည်ဖြစ်ပြီး သင်တန်း စတင်မဖွင့်မီ မေလ (၂) ရက်နေ့ထက်မစော (၃) ရက်နေ့၊ ညနေ (၄) နာရီထက် နောက်မကျဘဲ အုပ်ထိန်းသူတစ်ဦးနှင့်အတူ သွားရောက် သတင်းပို့ရမည်။

×××××××××××××××××××××××××××××

စက်မှုသင်တန်းကျောင်း (သာဂရ) တွင် ဖွင့်လှစ်မည့်သင်တန်း (၅) ခု

  • စက်ရုံပစ္စည်းပညာသည်သင်တန်း (Machinery Course)
  • ကွန်ပျူတာသုံးဒီဇိုင်း/ထုတ်လုပ်မှုသင်တန်း (CAD/CAM Course)
  • လျှပ်စစ်ပစ္စည်းပညာသည်သင်တန်း (Electrical Course)
  • အီလက်ထရောနစ်ပညာသည်သင်တန်း (Electronics Course)
  • သတ္တုရည်ကျိုပညာသည်သင်တန်း (Foundry Course)

သင်တန်းကာလ

၂၀၂၆ ခုနှစ်၊ မေလ (၁၈) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့အထိ တက်ရောက်ရပါမည်။

သတ်မှတ်အရည်အချင်းများ

  • စနစ်ဟောင်း (၁၀) တန်း (သို့) စနစ်သစ် (၁၂) တန်း ဖြေဆိုဖူးသူ ဖြစ်ရမည်။
  • သင်တန်းစတင်ဖွင့်လှစ်မည့် မေလ (၁၈) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်ပြီး စက်မှုဝါသနာပါသူများဖြစ်ရမည်။
  • ပြည်ထောင်စုမြန်မာနိုင်ငံသား (ကျား/မ) ဖြစ်ရမည်။
  • အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။
  • သင်တန်းစည်းကမ်းများကို လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ဖော်ပြပါဌာနများတွင် ရယူနိုင်သည် -

  • အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ)၊ သာဂရစက်မှုနယ်မြေ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဖုန်း ၀၉-၄၂၀၇၃၁၅၄၉၊ ၀၉-၄၂၀၇၃၁၅၄၇
  • စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၀၅၀၅၁
  • "No.3 Industrial Training Center-Thagaya" တွင်လည်းကောင်း ဒေါင်းလုတ် ရယူနိုင်သည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • လျှောက်လွှာမူရင်း (၁) စောင်
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁) စောင်
  • လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • အကျင့်စာရိတ္တကောင်မွန်ကြောင်း ရပ်ကွပ်ထောက်ခံစာမူရင်း (၁) စောင်
  • စနစ်ဟောင်း (၁၀) တန်း (သို့) စနစ်သစ် (၁၂) တန်း အောက်လက်မှတ်မိတ္တူ (သို့) ဖြေဆိုဖူးကြောင်းထောက်ခံစာမူရင်း (၁) စောင်
  • ကျန်းမာရေးထောက်ခံကြောင်းဆေးထောက်ခံစာမူရင်း (၁) စောင် 

သင်တန်းလျှောက်လွှာနှင့်အတူ အထက်ဖော်ပြပါ စာရွက်စာတမ်းများကို ဧပြီ (၁၀) ရက်နေ့၊ ညနေ (၄) နာရီ နောက်ဆုံးထားပြီး  စက်မှုသင်တန်းကျောင်း(သာဂရ)သို့ ပြန်လည် ပေးပို့ လျှောက်ထားရမည်။

သင်တန်းဝင်ခွင့်စာမေးပွဲ

သင်တန်း၀င်ခွင့်ရရှိရေးအတွက် အင်္ဂလိပ်စာ၊ သင်္ချာနှင့် စက်မှုဗဟုသုတများအတွက် လူတွေ့နှုတ်မေးစာမေးပွဲကို ဧပြီ (၂၃) ရက်မှ (၂၄) ရက်နေ့အထိ စက်မှုသင်တန်းကျောင်း(သာဂရ)တွင် ပြုလုပ်ပါမည်။

ဝင်ခွင့်စာမေးပွဲ သွားရောက်ဖြေဆိုသည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း)နှင့် (၁၀) တန်း (သို့) (၁၂) တန်း သင်ယူပြီးမြောက်ကြောင်းလက်မှတ် (သို့) ဖြေဆိုဖူးကြောင်းထောက်ခံစာ (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်သည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်းကို အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) တွင် ကြေညာပေးမည်ဖြစ်ပြီး သင်တန်း စတင်မဖွင့်မီ မေလ (၁၅) ရက်နေ့ထက်မစော (၁၆) ရက်နေ့၊ ညနေ (၄) နာရီထက် နောက်မကျဘဲ အုပ်ထိန်းသူတစ်ဦးနှင့်အတူ သွားရောက် သတင်းပို့ရမည်။

×××××××××××××××××××××××××××××××××××××××

စက်မှုသင်တန်းကျောင်း (သထုံ) တွင် ဖွင့်လှစ်မည့်သင်တန်း (၄) ခု

  • ရာဘာနည်ပညားသင်တန်း
  • ဂဟေဆက်နည်းသင်တန်း
  • သတင်းအချက်အလက်နည်းပညာသင်တန်း
  • လျှပ်စစ်ပညာသည်သင်တန်း

သင်တန်းကာလ

၂၀၂၆ ခုနှစ်၊ မေလ (၁၁) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့အထိ တက်ရောက်ရပါမည်။

သတ်မှတ်အရည်အချင်းများ

  • စနစ်ဟောင်း (၁၀) တန်း (သို့) စနစ်သစ် (၁၂) တန်း ဖြေဆိုဖူးသူ ဖြစ်ရမည်။
  • သင်တန်းစတင်ဖွင့်လှစ်မည့် မေလ (၁၁) ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်ပြီး စက်မှုဝါသနာပါသူများဖြစ်ရမည်။
  • ပြည်ထောင်စုမြန်မာနိုင်ငံသား (ကျား/မ) ဖြစ်ရမည်။
  • အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။
  • သင်တန်းစည်းကမ်းများကို လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ဖော်ပြပါဌာနများတွင် ရယူနိုင်သည် -

  • အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ)၊ ကြာပန်းကျေးရွာ၊ သထုံမြို့နယ်၊ မွန်ပြည်နယ်၊ ဖုန်း ၀၉-၇၉၄၇၇၂၇၁၈၊ ၀၉-၄၄၄၄၅၅၁၄၁
  • စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၀၅၀၅၁
  • "Itc Thaton" Facebook Page တွင်လည်းကောင်း ဒေါင်းလုတ် ရယူနိုင်သည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • လျှောက်လွှာမူရင်း (၁) စောင်
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁) စောင်
  • လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • အကျင့်စာရိတ္တကောင်မွန်ကြောင်း ရပ်ကွပ်ထောက်ခံစာမူရင်း (၁) စောင်
  • စနစ်ဟောင်း (၁၀) တန်း (သို့) စနစ်သစ် (၁၂) တန်း အောက်လက်မှတ်မိတ္တူ (သို့) ဖြေဆိုဖူးကြောင်းထောက်ခံစာမူရင်း (၁) စောင်
  • ကျန်းမာရေးထောက်ခံကြောင်းဆေးထောက်ခံစာမူရင်း (၁) စောင် 

သင်တန်းလျှောက်လွှာနှင့်အတူ အထက်ဖော်ပြပါ စာရွက်စာတမ်းများကို ဧပြီ (၂၃) ရက်နေ့၊ ညနေ (၄) နာရီ နောက်ဆုံးထားပြီး  စက်မှုသင်တန်းကျောင်း(သထုံ)သို့ ပြန်လည် ပေးပို့ လျှောက်ထားရမည်။

သင်တန်းဝင်ခွင့်စာမေးပွဲ

သင်တန်း၀င်ခွင့်ရရှိရေးအတွက် အင်္ဂလိပ်စာ၊ သင်္ချာနှင့် စက်မှုဗဟုသုတများအတွက် လူတွေ့နှုတ်မေးစာမေးပွဲကို ဧပြီ (၂၇) ရက်မှ (၂၈) ရက်နေ့အထိ စက်မှုသင်တန်းကျောင်း(သထုံ)တွင် ပြုလုပ်ပါမည်။

ဝင်ခွင့်စာမေးပွဲ သွားရောက်ဖြေဆိုသည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း)နှင့် (၁၀) တန်း (သို့) (၁၂) တန်း သင်ယူပြီးမြောက်ကြောင်းလက်မှတ် (သို့) ဖြေဆိုဖူးကြောင်းထောက်ခံစာ (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်သည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်းကို အမှတ် (၈) စက်မှုသင်တန်းကျောင်း (သထုံ) တွင် ကြေညာပေးမည်ဖြစ်ပြီး သင်တန်း စတင်မဖွင့်မီ မေလ (၇) ရက်နေ့မှစ၍ အုပ်ထိန်းသူတစ်ဦးနှင့်အတူ သွားရောက် သတင်းပို့ရမည်။

စက်မှုသင်တန်းကျောင်းများတွင် ရရှိမည့် ထောက်ပံ့ကြေး

လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကာလတွင် နေထိုင်ရေး၊ စားသောက်ရေးနှင့် သွားလာရေးကိစ္စများကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း သင်တန်းသားများအတွက် ကျောင်းအဆောင်များတွင် နေရာချထားပေးပါမည်။ လစဉ် စားစရိတ်အဖြစ် သင်တန်းသားတစ်ဦးကို (၄၅,၀၀၀) ကျပ် ရရှိမည်ဖြစ်ပြီး ယူနီဖောင်းနှစ်စုံကြေး (၄၀,၀၀၀) ကျပ်ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။

အောင်လက်မှတ်ချီးမြှင့်ခြင်း

သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်၍ အောင်မြင်သော သင်တန်းသားများအား သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပေးပြီး အောင်လက်မှတ်ချီးမြှင့်ပါမည်။

=======================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Local News Vocational Read 1949 times