မြန်မာကျောင်းသားတွေအတွက် အခမဲ့ ဖွင့်လှစ်မယ့် နွေရာသီသင်တန်း

Teaching Children Academics and Humanities - TCAH ကနေ နွေရာသီမှာ သားသား၊ မီးမီးတို့အတွက် အိမ်ကနေပဲ အကျိုးရှိရှိ သင်ယူလေ့လာလို့ရအောင် Summer Program လေးတစ်ခု စီစဉ်ထားပါတယ်။

Young Scholars Summer Camp (Online) ဆိုတဲ့အတိုင်း အသက် (၉) နှစ်မှ (၁၂) အရွယ်ကလေးလေးတွေအတွက် နွေရာသီ အားလပ်ရက်မှာ သင်ယူမှု မပြတ်တောက်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။

ဒီသင်တန်းလေးကို ဧပြီနှင့် မေ (၂) လကြာ ဖွင့်လှစ်မှာ ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားအပြင် ကမ္ဘာလုံးဆိုင်ရာ လူမှုရေးဘာသာရပ်၊ လက်တွေ့ဖန်တီးမှုတို့ကိုပါ သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်းကြေးက အခမဲ့ဖြစ်ပေမဲ့ ကလေးတွေ အတန်းချိန်ပြည့် တက်ရောက်မှု သေချာစေဖို့ အာမခံငွေ (၂) သောင်းကျပ်ကို ကြိုတင်သွင်းထားရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းလေးကို တက်ရောက်တာနဲ့ -

  • အင်္ဂလိပ်ဘာသာ (အပြော၊ စာဖတ်၊ စာရေးနှင့် သဒ္ဒါ)
  • ကမ္ဘာလုံးဆိုင်ရာ လူမှုရေးဘာသာရပ် (Global Studies)
  • Little Maker DIY (လက်တွေ့ဖန်တီးမှု) တို့ကို သင်ယူလေ့လာရမှာ ဖြစ်ပါတယ်။

သင်တန်းအချိန်ဇယား

အပတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တက်ရောက်ရမှာဖြစ်ပြီး သောကြာ၊ စနေနှင့် တနင်္ဂနွေ ပိတ်ပါတယ်။

သင်တန်းတက်ရောက်ပြီးရင် ဘာရမှာလဲ?

  • အင်္ဂလိပ်စာစွမ်းရည်
  • ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနှင့် ပြဿနာ ဖြေရှင်းခြင်းစွမ်းရည်
  • တီထွင်ဖန်တီးနိုင်စွမ်းနှင့် မိမိကိုယ်ကို ယုံကြည်မှုတိုးတက်လာနိုင်ခြင်း
  • လူအများရှေ့ဟောပြောခြင်းနှင့် အဖွဲ့နှင့်လက်တွဲ လုပ်ဆောင်နိုင်ခြင်း
  • ကမ္ဘာနဲ့အဝန်း ချိတ်ဆက်တွေးခေါ်နိုင်မယ့် Mindset 
  • သင်တန်းဆင်းလက်မှတ် (Certificate of Completion) တို့ကို ရရှိမှာဖြစ်ပါတယ်။

နောက်ဆုံးလျှောက်ထားရမယ့်ရက်ကို မတ်လ (၂၄) ရက်နေ့ သတ်မှတ်ထားပေမဲ့ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးသာ လက်ခံမှာ ဖြစ်တာကြောင့် တက်ရောက်လိုပါက အောက်ကလင်ခ့်မှာ မြန်မြန် စာရင်းပေးသွင်းဖို့တော့ လိုပါမယ်။  

> https://docs.google.com/forms

သင်တန်းနဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုပါက TCAH Facebook Page သို့မဟုတ် Email Address : [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Primary Read 19 times