Sales Hotline : 09448001653       Download App



စက်မှုနည်းပညာများတွဲဖက်သင်ကြားနိုင်မည့် အထက်တန်းကျောင်းများ စတင်လျှောက်ထားနိုင်

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ်အတွက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များပါ တွဲဖက်သင်ကြားနိုင်မည့် အခြေခံပညာ အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူနေကြောင်း သိရှိရသည်။

 

အဆိုပါကျောင်းများသို့တက်ရောက်ခွင့်ရရှိသောကျောင်းသား/ကျောင်းသူများအားပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ပြီး သင်ကြားသင်ယူမှုအတွက် လိုအပ်သော ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများလည်း ပေးအပ်သွားမည်ဖြစ်သည်။

 

တွဲဖက်သင်ကြားပေးမည့် ကျောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

အထက(၂)မိုးညင်း၊အထက(၂)ကော့ကရိတ်၊အထက(၂)ဟားခါး၊ အထက(၁)ရွှေဘို၊ အထက-အုန်းတော၊ အထက-အုန်းနှဲ၊ အထက-အေးမြသာယာ၊ အထက-စကု၊ အထက-ပြလို့၊ အထက-သရက်၊ အထက-လက်ပံပြား၊ အထက(၁)ပျော်ဘွယ်၊ အထက-ရွှေပြည်၊ အထက-ဟံဂံ၊ အထက(၁)သထုံ၊ အထက(၂)သံတွဲ၊ အထက(၁)အမ်း၊ အထက-စိုက်မွေး၊ အထက-ညောင်နှစ်ပင်၊ အထက-ငါးဆူးတောင်၊ အထက(၃)ကျောက်မဲ၊ အထက(၁)ဒေးဒရဲ၊ အထက-ချင်းမြောင်၊ အထက(၂၀)ပုဗ္ဗသီရိ၊ အထကခွဲ ပေါင်လင်း၊ အထက-မန်တုံ၊ အထက(၂)လောက်ကိုင်၊ အထက-ကျုံး၊ အထက-နန်းယွန်း၊ (၂၉)ကျောင်းနှင့် 

 

အစိုးရနည်းပညာအထက်တန်းကျောင်းများဖြစ်သော (မြစ်ကြီးနား၊ဗန်းမော်၊လွိုင်ကော်၊ ပလက်ဝ၊ မုံရွာ၊ ထားဝယ်၊ မြိတ်၊ တောင်ငူ၊ ပြည်၊ မကွေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ စစ်တွေ၊ လက်ခုပ်ကုန်း၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ ပုသိမ်၊ မအူပင်၊ နေပြည်တော်၊ လဟယ်၊ ပူတာအို၊ တီးတိန်၊ ခန္တီး၊ ကလေး၊ ချောင်းဦး၊ ကော့သောင်း၊ ပခုက္ကူ၊ မန္တလေး၊ မြင်းခြံ၊ မော်လမြိုင်၊ ရွာမ၊ ပင်လုံ၊ ပင်းပက်၊ ဟင်္သာတ) (၃၆)ကျောင်း စုစုပေါင်း (၆၅)ကျောင်း တို့တွင် သင်တန်းသားသစ်များ ခေါ်ယူသွားမည်ဖြစ်သည်။

Advertisement 

Click Here > Asia Power Quality Electric 

စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးပါမည်-

  1. အဆောက်အဦနည်းပညာသင်တန်း (Building Technology)

  2. လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology)

  3. စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း (Machining Technology)

 

အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးပါမည်-

  1. အဆောက်အဦနည်းပညာသင်တန်း (Building Technology) 

  2. အီလက်ထရွန်နစ်နည်းပညာသင်တန်း (Electronics Technology) 

  3. လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology)

  4. မော်တော်ယာဉ်နည်းပညာသင်တန်း (Automotive Technology)

  5. စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း (Machining Technology)

  6.  အဆောက်အဦပြုပြင်ထိန်းသိမ်းမှုနည်းပညာသင်တန်း (Building Service Technology)

  7. သတ္တုပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း(MetalProcess Technology)

  8. သုတနည်းပညာသင်တန်း (Information Technology)

 

လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်_

 

  • ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းအဆင့် Grade(9) အောင်မြင်သူဖြစ်ရမည်။

  • နည်းပညာနှင့်သက်မွေးပညာလုပ်ငန်းသဘာဝအရကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

 

(၃)နှစ်သင်တန်းတွင်အဆင့်မီဖြင့်အောင်မြင်ပါကA.G.TIပထမနှစ်သင်တန်းသို့လည်းကောင်း၊အထူးအောင်ဖြင့်အောင်မြင်ပါက B.Tech ပထမနှစ် သင်တန်းနှင့် BE ပထမနှစ်သင်တန်းသို့ လည်းကောင်း သက်ဆိုင်ရာကျောင်းများ၏ ဝင်ခွင့်ရွေးချယ်ရေးမူများအတိုင်း လျှောက်ထားနိုင်မည်ဖြစ်သည်။

 

ကျောင်းဝင်ခွင့်လျှောက်လွှာများကို စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များတွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်း ကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ၂၀၂၃ခုနှစ် မေလ၅ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး မေလ ၁၈ရက်နေ့ နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့် ကျောင်းများသို့ လျှောက်လွှာတင်သွင်းရမည်ဖြစ်သည်။

 

အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်_

 

ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ _ ၀၆၇ ၃၄၀၄၃၉၀၊ ၀၆၇ ၃၄၀၄၁၈၂ 

 

Source: 

 

Latest Post Local News High Read 2903 times