Sales Hotline : 09448001653       Download App



(၉) တန်း အောင်ပြီးတာနဲ့ စင်ကာပူမှာ ကျောင်းဆက်တက်လို့ရမယ့် ပညာသင်ဆု

 

 

လက်ရှိမှာ ၉ တန်း၊ ၁၀ တန်းပြီးထားတဲ့ ကလေးတွေအတွက် စင်ကာပူနိုင်ငံမှာ ပညာဆက်သင်လို့ရမယ့် အခွင့်အရေးတစ်ခု မျှဝေပေးချင်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှ ကျောင်းသားများကို အထူးဖိတ်ခေါ်ထားတဲ့ အာဆီယံပညာသင်ဆု ဖြစ်ပြီးတော့ စင်ကာပူက သူတို့သတ်မှတ် ရွေးချယ်ပေးထားတဲ့ ကျောင်းတွေမှာ Secondary-3 ပညာရေးကနေ ဆက်လက် သင်ကြားရမှာပါ။

 

ကျောင်းသားများအနေနဲ့ ၄င်းတို့ရဲ့ ပညာရေးနယ်ပယ် ကျယ်ပြန့်လာစေရန်နှင့် ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်း ပြောဆို ဆက်သွယ်ရေးနှင့် အခြားသော ကိုယ်ပိုင်စွမ်းရည်များ တိုးတက်လာစေရန်အတွက် ရည်ရွယ်ပြီးဒီပညာတော်သင်ဆုကို ပေးအပ်ခြင်း ဖြစ်ပါတယ်။

 

ဒီပညာတော်သင်ဆုမှာဆိုရင် ဘာတွေထောက်ပံ့ပေးထားလဲ ကြည့်လိုက်ကြရအောင်_

  • နေထိုင်စားသောက်စားရိတ်အတွက် နှစ်စဥ်ထောက်ပံ့ကြေး ( Annual allowance with hostel Accommodation )

  • အခြေချစရိတ် ( Settling-in allowance )

  • အပြန်လေယာဥ်လက်မှတ်စရိတ် ( Return economy airfare )

  • ကျောင်းလခ ( School fees )

  • GCE O-Level နှင့် A-Level အတွက် စာမေးပွဲထောက်ပံ့ကြေး ( တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိသည်။ ကျလျှင် စာမေးပွဲကြေးကို ကျောင်းသားဘက်မှ ကိုယ်တိုင်ကျခံရမည်။ ) ( Examination fees for GCE O-Level and A-Level (once only, as applicable) )

  • မတော်တဆမှုများအတွက် ဆေးဘက်ဆိုင်ရာ အကျိုးခံစားခွင့်နှင့် အာမခံကြေး (Subsidised medical benefits and insurance cover for accidents) စတာတွေ အကုန်လုံးကို အပြည့်အဝ ထောက်ပံ့ပေးထားပါတယ်။

Advertisement 

Click Here > YTSB 

 

ဘယ်လောက်ကြာကြာတက်ရမှာလဲ_

ဒီပညာတော်သင်ဆုက အတန်းပညာအနေနဲ့ Secondary-2 က စမှာဖြစ်ပြီးတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလို တစ်နှစ်တစ်ခါ သက်တမ်းတိုးမှာပါ။ အမှတ်ကောင်းရင် ၄ နှစ်ဆက်တိုက် တက်ရောက်ခွင့် ရရှိမှာဖြစ်ပြီးတော့ GCE O-Level and A-Level ဖြေပြီးလို့ အမှတ်ကောင်းရင် ပညာတော်သင်ဆုတွေနဲ့ ချိတ်ဆက်ပြီး စင်ကာပူနိုင်ငံ (သို့) တစ်ခြားနိုင်ငံမှာ တက္ကသိုလ်ဆက်တက်လို့ ရပါတယ်။

 

ဘယ်အချိန်လျှောက်ရမှာလဲ_

၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်ကြား လျှောက်လွှာတင်ရမှာပဲ ဖြစ်ပါတယ်။

 

လျှောက်ထားဖို့ ဘာကန့်သတ်ချက်တွေ ရှိလဲ_

  • ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှ ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁ ရက်ကြား မွေးတဲ့သူတွေ လျှောက်ထားလို့ ရပါတယ်။

  • အင်္ဂလိပ်စာ အရည်အချင်း ကောင်းမွန်ရပါမယ်။

  • လက်ရှိတက်ရောက်ပြီးသော အတန်းတွင် ကျောင်းမှ အရည်အချင်းစစ် စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ထားသူ ဖြစ်ရပါမယ်။

  • အတန်းပညာ အနည်းဆုံး ၉ တန်း အောင်မြင်ထားသူ ဖြစ်ရပါမယ်။

  • ၉ တန်းနဲ့ ၁၀ တန်းမှာ အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်း သင်ကြားဖူးသူ ဖြစ်ရပါမယ်။

  • ကျောင်းက လှုပ်ရှားမှုများနဲ့ တွဲဖက်သင်ရိုးညွှန်းတမ်းများမှာ ပါဝင်ဆောင်ရွက်မှု မှတ်တမ်းကောင်း ရှိထားရပါမယ်။

 

ပညာတော်သင်ဆုအတွက် ဘယ်အချိန်မှာ ရွေးချယ်မှာလဲ_

  • ၂၀၂၃ ခုနှစ် ဧပြီလ၂၆ ရက်နေ့ နောက်ဆုံးထားလျှောက်ထားပြီးရင်တော့ ပမာဏအဆင့် ရွေးချယ်မှုမှာ ပါဝင်တဲ့သူများကို ၂၀၂၃ ဇူလိုင်လထဲမှာ အကြောင်းကြားသွားမှာပါ။ 

  • ၂၀၂၃ စက်တင်ဘာလထဲမှာတော့ အင်တာဗျူးပါတဲ့သူများကို ထပ်မံအကြောင်းကြားသွားမှာပါ။

  • ၂၀၂၃ စက်တင်ဘာလကုန်ပိုင်းမှာပဲ ပညာတော်သင်ဆုအတွက် နောက်ဆုံးအဆင့် ရွေးချယ်ခံရ သူများကို အကြောင်းကြားပေးသွားမှာဖြစ်ပြီး ၂၀၂၃ နိုဝင်ဘာလမှာတော့ စင်ကာပူကို အရောက်သွားရမှာပဲ ဖြစ်ပါတယ်။

 

ဒီပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိချင်လိုသေးတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်တွေကနေ တစ်ဆင့် ဝင်ရောက်မေးမြန်းစုံစမ်းကြည့်လို့ ရပါတယ်။

 

Enquiry Link > 

https://bit.ly/409jBRj 

https://www.moe.gov.sg/contact-us

 

ပညာတော်သင်ဆုနဲ့ ပတ်သက်တဲ့ Official Scholarship Link ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်_

Official Link 

> https://bit.ly/3TwcP5D 

Apply Link > https://isams.moe.gov.sg/azs/index.do?schmCat=ASEAN  

 

အထက်မှာ ဖော်ပြထားတာကတော့ တိုက်ရိုက်လျှောက်ထားရမယ့် Apply Link ပါ။  Ministry of Education Singapore Page မှာ Register လုပ်ပြီးသားဆိုရင် User Name နဲ့ Password ထည့်ပြီး တစ်ခါတည်း လျှောက်လို့ရပါတယ်။ မလုပ်ရသေးရင်တော့ အရင် Register လုပ်ဖို့ လိုအပ်ပါတယ်။

 

International Latest Post Secondary University / College Read 1676 times