Sales Hotline : 09448001653       Download App



ဆယ်တန်းအောင်ပြီးသူများ လျှောက်ထားနိုင်သည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်း

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ စင်ကာပူမြန်မာ၊ သက်မွေးသင်တန်းကျောင်း (ရန်ကုန်) (SMVTI- Singapore Myanmar Vocational Training Institute) မှ Hospitality & Tourism သင်တန်းအား ဖွင့်လှစ် ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းသည်   ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ   ပညာရပ်များအတွက်  လုပ်ငန်းခွင် ကျွမ်းကျင်သော သင်တန်းသူ/သားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်။ သင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် (၁၆) နှစ်နှင့်အထက် ရှိသော ကျောင်းသား၊ ကျောင်းသူတိုင်း လျှောက်ထားနိုင်သည်။ သင်တန်းကြေးမှာအခမဲ့ဖြစ်သည်။ 

 

ဖွင့်လှစ်မည့် သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်_

 

  1. Front Office Operations

  2. Housekeeping Operations

  3. Restaurant Operations

 

သင်တန်းကာလမှာ (၆) လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးမြောက် အောင်မြင်ပါက အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိမည် ဖြစ်သည်။ သင်တန်းတွင် ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့ လက်တွေ့ သင်ကြားပေးမည် ဖြစ်သည်။

Advertisement

Click Here > Real Hub 

လျှောက်ထားရာတွင် အောက်ပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်_

 

  • တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ကြောင်း အောင်လက်မှတ် မူရင်း/မိတ္တူ

  • လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင် မူရင်း/မိတ္တူ

  • ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာမူရင်း

  • ပတ်(စ်)ပို့တ်ဓာတ်ပုံ (၂)ပုံ

 

လျှောက်ထားသူများအနေဖြင့် လူတွေ့စစ်ဆေးမှု (Interview) ဖြေဆိုရမည် ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

လျှောက်ထားရမည့်ရက် - ၂၀၂၃ မတ်လ (၁၆) ရက်နေ့မှ (၂၂) ရက်နေ့အထိ (နံနက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ နာရီ )

 

လျှောက်ထားရမည့်လိပ်စာ - စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (အမှတ် -၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ )


 

အင်တာဗျူးဖြေဆိုရမည့်ရက် - ၂၀၂၃ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ (ကြာသပတေးနေ့)

 

အင်တာဗျုးရလဒ်ထွက်မည့်ရက် - ၂၀၂၃ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ (သောကြာနေ့)

 

ကျောင်းအပ်လက်ခံမည့်ရက် - ၂၀၂၃ မတ်လ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ

 

သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၂၃ ခုနှစ်၊ မေလ (၂) ရက်နေ့ (အင်္ဂါနေ့)

သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထပ်မံသိရှိလိုပါက အထက်တွင် ဖော်ပြထားသော သင်တန်းကျောင်းလိပ်စာသို့ လူကိုယ်တိုင်သော်လည်ကောင်း၊ ဖုန်းနံပါတ် ၀၉ ၇၈၁၀၀၂၅၇၂ သို့ လည်းကောင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

International News Latest Post Vocational Read 2249 times