Sales Hotline : 09448001653   Find A Tutor     Download App



ဗာဂျီးနီးယားတွင် ခြောက်နှစ်အရွယ်ကျောင်းသားလေးမှ ဆရာမကို သေနတ်နဲ့ပစ်မှုဖြစ်ပွား

 

 

ဗာဂျီးနီးယားပြည်နယ်ရှိ ရစ်ချ်နက်မူလတန်းကျောင်းမှ အသက်ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦးဟာ ၄င်း၏ ဆရာမဖြစ်သူ အက်ဘီဂေးလ်ဇွာနာကို ယခုလ အစောပိုင်း၌ စာသင်ခန်းထဲတွင် ရင်ဘတ်ကို သေနတ်နဲ့ ပစ်တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။၄င်းဖြစ်စဥ်ကြောင့် အသက် (၂၅) နှစ်ရှိပြီဖြစ်သူ ဆရာမအက်ဘီမှာ ဆေးရုံတက်ရောက်ခဲ့ရပါတယ်။ 

 

ကျောင်းသားလေးဟာ ကျောင်းကိုလာရာတွင် သေနတ်ယူဆောင်လာပြီး ကျောင်းရှိလူတွေကို ခြိမ်းခြောက်နေတာ မြင်ခဲ့တယ်လို့ ကျောင်းမှ ဆရာ/ဆရာမများ နှင့် ဝန်ထမ်းများက ကျောင်းအုပ်ချုပ်ရေးကောင်စီကိုသတိပေးအကြောင်းကြားခဲ့တာ (၃) ကြိမ်တိတိရှိပြီဖြစ်သော်လည်း ကျောင်းအုပ်ချုပ်ရေးဘက်မှ တစ်စုံတစ်ခု အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ဘူးဟု ဆရာမအက်ဘီရဲ့ ရှေ့နေက ဆိုပါတယ်။ 

 

အဆိုပါဖြစ်စဥ်ကြောင့် ကျောင်းဘုတ်အဖွဲ့မှ ခရိုင်အုပ်ချုပ်ရေးမှူးမစ္စတာပါကာကို  ထုတ်ပယ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ထို့အပြင် ကျောင်း၏ လက်ထောက်ကျောင်းအုပ်မှာလည်း မိမိသဘောနှင့် မိမိ ရာထူးမှ နှုတ်ထွက်သွားခဲ့ပါတယ်။ 

                                                        CLICK HERE > KING METAL

သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ကလေးငယ်ဟာ ပြင်းထန်သော မသန်စွမ်းဝေဒနာကို ခံစားနေရသူ တစ်ဦးဖြစ်ပြီး၄င်း၏ အုပ်ထိန်းသူတစ်ဦးဦး မပါရှိပဲ ကျောင်းတက်ခဲတယ်လို့ ဆိုပါတယ်။ အဆိုပါ သေနတ်နဲ့ပစ်တဲ့ ဖြစ်စဥ်ဖြစ်ပွားတဲ့နေ့က ကလေးငယ်ဟာ အုပ်ထိန်းသူမပါပဲ တစ်ဦးတည်း ကျောင်းတက်ခဲ့တာဖြစ်ပြီးသူ့အမေဝယ်ထားတဲ့ သေနတ်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပါတယ်။

 

ကလေးငယ်သေနတ်နဲ့ပစ်တဲ့အချိန်မှာ ဆရာမအက်ဘီဟာ ရှေ့ကနေ ကာကွယ်ပြီး အတန်းထဲမှာ ရှိတဲ့ ကလေးငယ်များရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တာပါ။ လက်ရှိမှာ ဆရာမအက်ဘီဟာ ဆေးရုံမှပြန်ဆင်းနိုင်ခဲ့ပြီး အဆိုပါဖြစ်စဥ်အတွက် တာဝန်ရှိရဲများကတော့ တစ်စုံတစ်ရာ အမှုဖွင့် စွဲချက်တင်ထားခြင်း မရှိသေးပေမယ့် ဆရာမအက်ဘီရဲ့ ရှေ့နေကတော့ စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းနေပါသေးတယ်။ 


Ref: Schools chief fired after boy, 6, shoots teacher in Virginia (BBC News)

International News Latest Post Read 237 times