Sales Hotline : 09448001653       Download App



ကွန်ပျူတာ တက္ကသိုလ် ရန်ကုန် နှင့် မန္တလေး ၀င်ခွင့်

ကွန်ပျူတာ တက္ကသိုလ် ရန်ကုန် နှင့် မန္တလေး ၀င်ခွင့်

ကွန်ပျူတာ တက္ကသိုလ် ရန်ကုန် နှင့် မန္တလေး ၀င်ခွင့်
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်တို့အတွက် ၀င်ခွင့်နှင့် ပတ်သက်သော သတ်မှတ်ချက်များကို ဖော်ပြအပ်ပါသည်။

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်
****************
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ စုစုပေါင်း ရမှတ် ၄၅၀ နှင့် အထက် ရရှိသူများ
သို့မဟုတ်
အင်္ဂလိပ်စာနှင့် သင်္ချာ(၂)ဘာသာ စုစုပေါင်းရမှတ် ၁၄၀ နှင့်အထက် ရရှိသူများ
လျှောက်ထားနိုင်ပါသည်။
သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲ တစ်ခုခုဖြင့် ဖြေဆိုအောင်မြင်ထားသူ ဖြစ်ရမည်။
လက်ခံသင်ကြားမည့် ကျောင်းသူကျောင်းသား ဦးရေ စုစုပေါင်းမှာ ၅၀၀ ဦး ဖြစ်ပါသည်။
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်သို့ “တိုက်ရိုက်” လျှောက်ထားရမည်။

သင်တန်းကာလမှာ ၅ နှစ်ဖြစ်ပြီး အထူးပြု ဘာသာရပ်အလိုက် အောင်မြင်ပြီးမြောက်သူများကို သက်ဆိုင်ရာ ကွန်ပျူတာ ဘွဲ့များ ပေးအပ်မည်။
● ကွန်ပျူတာ သိပံ္ပဘွဲ့ (ပရိုဂရမ် အင်ဂျင်နီယာ)
B.C.Sc. (Software Engineering)
● ကွန်ပျူတာ သိပံ္ပဘွဲ့ (အသိပညာ အင်ဂျင်နီယာ)
B.C.Sc. (Knowledge Engineering)
● ကွန်ပျူတာ သိပံ္ပဘွဲ့ (စီးပွားရေး သတင်းအချက်အလက်စနစ်)
B.C.Sc. (Business Inforamtion System)
● ကွန်ပျူတာ သိပံ္ပဘွဲ့ (ကွန်ပျူတာ လုံခြုံရေးနှင့် သက်သေအထောက်အထား ရှာဖွေစစ်ဆေးမှုပညာ)
B.C.Sc. (Computer Security and Forensic)
● ကွန်ပျူတာ နည်းပညာဘွဲ့ (မြှုပ်နှံထိန်းချုပ်စနစ်)
B.C.Tech. (Embedded System)
● ကွန်ပျူတာ နည်းပညာဘွဲ့ (ဆက်သွယ်ရေးနှင့် ကွန်ရက်ပညာ)
B.C.Tech. (Computer Communication and Network)
သက်ဆိုင်ရာ ဘွဲ့ ရရှိပြီးသောအခါ သတ်မှတ်အရည်အချင်း ပြည့်မီစွာ အောင်မြင်ထားသူ ဖြစ်ပါက ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ အဆင့်ဆင့် တက်ရောက်ခွင့် ရှိပါသည်။
အသေးစိတ် စုံစမ်းရန်
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်
ဌာနမှူး (သင်တန်း)
ဖုန်းနံပါတ် ၀၁ - ၆၁၀၈၈၉
ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

မန္တလေး ကွန်ပျူတာ တက္ကသိုလ်
************
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ စုစုပေါင်း ရမှတ် ၄၅၀ နှင့် အထက် ရရှိသူများ လျှောက်ထားနိုင်ပါသည်။
သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲ တစ်ခုခုဖြင့် ဖြေဆိုအောင်မြင်ထားသူ ဖြစ်ရမည်။
လက်ခံသင်ကြားမည့် ကျောင်းသူကျောင်းသား ဦးရေ စုစုပေါင်းမှာ ၂၅၀ ဦး ဖြစ်ပါသည်။
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်သို့ “တိုက်ရိုက်” လျှောက်ထားရမည်။

သင်တန်းကာလမှာ ၅ နှစ်ဖြစ်ပြီး အထူးပြု ဘာသာရပ်အလိုက် အောင်မြင်ပြီးမြောက်သူများကို သက်ဆိုင်ရာ ကွန်ပျူတာ ဘွဲ့များ ပေးအပ်မည်။
● ကွန်ပျူတာ သိပံ္ပဘွဲ့ (ပရိုဂရမ် အင်ဂျင်နီယာ)
B.C.Sc. (Software Engineering)
● ကွန်ပျူတာ သိပံ္ပဘွဲ့ (အသိပညာ အင်ဂျင်နီယာ)
B.C.Sc. (Knowledge Engineering)
● ကွန်ပျူတာ သိပံ္ပဘွဲ့ (စီးပွားရေး သတင်းအချက်အလက်စနစ်)
B.C.Sc. (Business Inforamtion System)
● ကွန်ပျူတာ သိပံ္ပဘွဲ့ (စွမ်းရည်မြင့် တွက်ချက်မှုပညာ)
B.C.Sc. (High Performance Computing)
● ကွန်ပျူတာ နည်းပညာဘွဲ့ (မြှုပ်နှံထိန်းချုပ်စနစ်)
B.C.Tech. (Embedded System)
● ကွန်ပျူတာ နည်းပညာဘွဲ့ (ဆက်သွယ်ရေးနှင့် ကွန်ရက်ပညာ)
B.C.Tech. (Computer Communication and Network)
သက်ဆိုင်ရာ ဘွဲ့ ရရှိပြီးသောအခါ သတ်မှတ်အရည်အချင်း ပြည့်မီစွာ အောင်မြင်ထားသူ ဖြစ်ပါက ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ အဆင့်ဆင့် တက်ရောက်ခွင့် ရှိပါသည်။
အသေးစိတ် စုံစမ်းရန်
မန္တလေး ကွန်ပျူတာ တက္ကသိုလ်
ဌာနမှူး (သင်တန်းရေးရာ)
ဖုန်းနံပါတ် ၀၉၇၈၆၅၀၅၀၁၂
ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

edge.com.mm

(တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြချက်ဖြစ်ပါသည်။)

Tips Read 2296 times