၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းအား QR စနစ်ဖြင့် ထုတ်ပေးမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းများကို အွန်လိုင်းမှတဆင့် ကြိုတင်ရက်ချိန်းရယူပြီးမှသာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံး (နေပြည်တော်/ရန်ကုန်) တွင် ထုတ်ယူနိုင်မည်ဖြစ်သည်။

အမှတ်စာရင်းများ ထုတ်ယူရန် ၂၀၂၆ ခုနှစ် ဇူလိုင် (၁၄) ရက်နေ့မှ၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ DME Online Service Portal ဖြစ်သော https://osp.dme.gov.mm/ တွင် ကြိုတင်ရက်ချိန်းရယူနိုင်သည်။ ကြိုတင်ရက်ချိန်းရယူချိန်တွင် အမှတ်စာရင်း (၃) စောင်ထိ လျှောက်ထားနိုင်သည်။ 

DME Online Service Portal က ထုတ်ပေးသည့် QR Code နှင့် လုပ်ငန်းစဉ်နံပါတ် ပြသ၍ ဇူလိုင်လ (၁၆) ရက်မှ စပြီး မိမိလျှောက်ထားခဲ့သော မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံးချုပ်၊ ရုံးအမှတ် ၅၂၊ နေပြည်တော် (သို့) မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံးခွဲ၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ထုတ်ယူနိုင်သည်။ 

အမှတ်စာရင်း ထုတ်ယူရာတွင် လုပ်ငန်းစဉ် QR အပြင် နိုင်ငံသားစိစစ်ရေးကတ်/ယာဉ်မောင်းလိုင်စင် မူရင်း ယူဆောင်သွားရပါမည်။ ရက်ချိန်းရယူစဉ်က ဖြည့်သွင်းခဲ့သည့် ခုံအမှတ်များအတိုင်းသာ အမှတ်စာရင်းထုတ်ပေးမည်ဖြစ်သောကြောင့် မှန်ကန်အောင် ဖြည့်သွင်းရပါမည်။ 

လူကိုယ်တိုင် ထုတ်ယူရန် အခက်အခဲရှိသူများအနေဖြင့် DME Online Service Portal တွင် လျှောက်ထားပါက မြန်မာ့စာတိုက်လုပ်ငန်း၏ စာပို့စနစ်ဖြင့် ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းများကိုသာ ကနဦး ထုတ်ပေးမည်ဖြစ်ပြီး ကျရှုံးအမှတ်စာရင်းများ ထုတ်မပေးသေးကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရက်ချိန်းရယူပုံအဆင့်ဆင့်

https://www.facebook.com/exams.mm/

=============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Local News Read 51879 times