မူကြိုဆရာ/မတွေအတွက် Lesson Plan ရေးဆွဲနည်းသင်တန်း

မူကြိုအရွယ်ကလေးငယ်တွေကို စာသင်ရတာ ပျော်စရာကောင်းပေမယ့် နေ့စဉ် ဘာသင်ရမလဲဆိုတာ စဉ်းစားရတာ၊ ကလေးတွေ စိတ်ဝင်စားမယ့် Activities တွေ ဖန်တီးရတာက ဆရာ၊ ဆရာမတို့အတွက် အတော်လေး စိန်ခေါ်မှုများပါတယ်။

ဒါကြောင့် ကဝိ-Teacher Training မှာ မူကြိုဆရာ၊ ဆရာမတွေအတွက် သီးသန့်ရည်ရွယ်တဲ့ Preschool Lesson Plan Training ကို အခမဲ့ ဖွင့်လှစ်ပေးထားပါတယ်။

ဒီသင်တန်းမှာ ဘာတွေ လေ့လာရမလဲ?

  • ကလေးတွေ စိတ်ဝင်စားမယ့် သင်ခန်းစာတွေကို ဘယ်လိုအစပျိုးမလဲ။
  • အချိန်တိုအတွင်း ထိရောက်တဲ့ သင်ကြားမှုဖြစ်အောင် ဘယ်လိုစီမံမလဲ။
  • အကြောင်းအရာတစ်ခုတည်းကို အခြေခံပြီး ဘာသာရပ်စုံ သင်ယူနိုင်အောင် ဘယ်လိုချိတ်ဆက်မလဲ။
  • Lesson Plan ကတစ်ဆင့် ကလေးတွေကို စနစ်တကျ ဘယ်လိုထိန်းကျောင်းမလဲ စတာတွေအပြင် တခြား Effective ဖြစ်စေမယ့် အကြောင်းအရာမျိုးစုံ ပါ၀င်ပို့ချပေးမှာ ဖြစ်ပါတယ်။

သင်တန်းအချိန်နှင့်ရက်

Date - 7 Feb 2026 ,11 Feb 2026 , 14 Feb 2026 , 18 Feb 2026

Day - Saturday & Wednesday (2 weeks)

Time - 7:00pm to 8:30pm

Platform - Zoom (Online)

သင်တန်းကြေး

သင်တန်းကြေး အခမဲ့ဖြစ်ပေမဲ့ Certificate ချီးမြှင့်ပေးသွားမှာဖြစ်လို့ တက်ရောက်ခွင့်ရသူများက Certificate ကြေး ၅,၀၀၀ ကျပ်ကို ပေးသွင်းဖို့တော့ လိုအပ်ပါတယ်။  

သင်တန်းအတွက် စာရင်းပေးသွင်းခြင်း

သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားရင် လုပ်ဆောင်ရမယ့် စည်းကမ်းချက်လေးတွေ ရှိပါတယ်။ 

- ကဝိ Post အား Public နဲ့ Share ထားရပါမယ်။ (https://www.facebook.com/)

- Share ထားတဲ့ Screenshot ကို သူငယ်ချင်း (၃)ယောက် Mention ခေါ်ပြီး Post အောက်မှာ Comment ပေးရပါမယ်။ (https://www.facebook.com/)

- ပေးထားတဲ့ Registration Link မှာ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံစွာ ဖြည့်စွက်ပေးရပါမယ်။

(https://surveyheart.com/form/)

တက်ရောက်ခွင့်ရရှိသူတွေစာရင်းကို ကဝိ-Teacher Training မှာ ပြန်လည်ကြေညာပေးသွားမှာဖြစ်ပါတယ်။ 

==================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Pre-school Primary Read 235 times