အထက်တန်းအောင်ပြီး တက္ကသိုလ်ကို အိမ်မှာနေရင်း ဆက်တက်ချင်တယ်၊ US နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုကပေးတဲ့ Bachelor ဘွဲ့လည်း ရချင်တယ်၊ Scholarship နဲ့လည်း တက်ရောက်ချင်တယ်၊ နိုင်ငံတကာအတွေ့အကြုံတွေကိုလည်း ယူချင်တယ်ဆိုရင်တော့ လျှောက်ထားသင့်တဲ့ တက္ကသိုလ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Parami University
Parami University မတိုင်ခင် ၂၀၁၇ ခုနှစ်မှာ Parami Institute of Liberal Arts and Sciences နာမည်နဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှ တက္ကသိုလ်ဘွဲ့ရတွေအတွက် တစ်နှစ်တာ Parami Leadership Program ကို သင်ကြားပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ နောက်ထပ် အဆင့်မြင့်ပညာရေးလမ်းကြောင်းတွေကို ချဲ့ထွင်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုမှာ တက္ကသိုလ်လိုင်စင် ရယူခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ Parami University ဆိုပြီး United States ရှိ Washington, D.C. ရဲ့ Higher Education Licensure Commission (HELC) မှ လိုင်စင်ရရှိခဲ့ပါတယ်။
Parami University ဟာ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ အွန်လိုင်းဘွဲ့ကြိုတက္ကသိုလ်ဖြစ်ပြီး နယူးယောက်မြို့က ထိပ်တန်းတက္ကသိုလ် Bard College နဲ့ ပူးပေါင်းထားတာဖြစ်တဲ့အတွက် တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေအနေနဲ့ US အစိုးရအသိမှတ်ပြု Bachelor Degree ကိုလည်း ရရှိနိုင်ပါတယ်။
Parami University မှာ သင်ကြားနေတဲ့ မေဂျာ (၄) ခု
Parami University မှာ အမေရိကန်ပြည်ထောင်စု ဝိဇ္ဇာနဲ့ သိပ္ပံပညာရေး (Liberal Arts and Sciences) သင်ရိုးညွှန်းတမ်းကို အသုံးပြု သင်ကြားပေးလျက်ရှိပါတယ်။ လက်ရှိ အောက်ပါ ဘွဲ့ကြိုပရိုဂရမ် (၄) ခုကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။
သင်တန်းကာလ
ဘွဲ့ကြိုပရိုဂရမ်တိုင်းကို (၄) နှစ် (အချိန်ပြည့်) အွန်လိုင်းကနေတဆင့် တက်ရောက် သင်ယူရမှာ ဖြစ်ပါတယ်။
ပေးအပ်မယ့် ဘွဲ့အမျိုးအစား
(၂) နှစ်တာ Associate Degree နှင့် (၄) နှစ်တာ Bachelor Degree တွေကို Bard College နှင့် Parami University နှစ်ခုလုံးမှ Dual Degrees ကို ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် Parami University မှာ တက်ရောက်မယ့် ကျောင်းသူကျောင်းသားတွေအနေနဲ့ (၂) နှစ်အပြီးတွင် Associate ဘွဲ့ (၂) ခုနဲ့ (၄) နှစ်အပြီးတွင် Bachelor ဘွဲ့ (၂) ခု ရရှိမှာပါ။
ဘွဲ့ကြိုပရိုဂရမ်များကို ဘယ်လို သင်ကြားပေးလဲ?
Parami University ဟာဆိုရင် ပုံမှန်အွန်လိုင်းဘွဲ့ကြိုပရိုဂရမ်တွေနဲ့ မတူဘဲ ကမ္ဘာ့အဆင့်မီ ပါမောက္ခတွေကိုယ်တိုင် အွန်လိုင်းကတစ်ဆင့် မျက်နှာချင်းဆိုင် အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်တဲ့ သင်ကြားရေးစနစ်ကို သုံးပြီး သင်ကြားပေးတာ ဖြစ်ပါတယ်။
ပညာရပ်ဆိုင်ရာ ဆရာတွေရဲ့ အကြံပေးပံ့ပိုးကူညီမှုနဲ့ လက်တွေ့ဘဝအတွေ့အကြုံအတွက် သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုတွေအပြင် Student-led projects တွေကိုပါ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
သင်ကြားရေးမှာ အသုံးပြုတဲ့ ဘာသာစကား
ကမ္ဘာ့အဆင့်မီတက္ကသိုလ်ဖြစ်တဲ့အတွက် ဘွဲ့ကြိုပရိုဂရမ်မှာ သင်ကြားရမယ့် အတန်းတိုင်းဟာ အင်္ဂလိပ်ဘာသာစကား တစ်မျိုးတည်းကိုသာ အသုံးပြုသင်ကြားပို့ချပေးတာဖြစ်ပါတယ်။
(၁၀) တန်းမအောင်သေးရင်ရော လျှောက်ထားလို့ရနိုင်လား?
အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းပညာရေး မပြီးဆုံးသေးသူများ၊ အထက်တန်းပညာရေး အောင်လက်မှတ် သို့မဟုတ် အထက်တန်းပညာရေးနဲ့ ညီမျှသော အောင်လက်မှတ်မရှိတဲ့ ကျောင်းသူကျောင်းသားများ၊ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အထောက်အထားလက်မှတ်မရှိသော ကျောင်းသူကျောင်းသားများဟာ Parami University မှ စစ်ဆေးတဲ့ ဝင်ခွင့်စာမေးပွဲတွေေကို အွန်လိုင်းမှတဆင့် အခမဲ့ ဝင်ရောက်ဖြေဆိုပြီး ကျောင်းလျှောက်ထားနိုင်ပါတယ်။
ကျောင်းသူကျောင်းသားတွေကို ဘာတွေ ထောက်ပံ့ပေးလဲ?
လျှပ်စစ်မီးနဲ့ အင်တာနက် ပုံမှန်မရရှိတဲ့ ကျောင်းသူကျောင်းသားတွေအတွက် Parami University မှ Learning Hub တွေ၊ လိုအပ်တဲ့ Learning Facility တွေကိုပါ စီစဉ်ပေးပါတယ်။
စာဖတ်ဝါသနာပါသူတွေ၊ English Skills တိုးတက်ချင်သူတွေအတွက် Reading Club လည်း ရှိသလို၊ E-Library ကနေလည်း ပညာရေးဆိုင်ရာ စာအုပ်တွေ၊ စိတ်ဝင်စားစရာ ဆောင်းပါးတွေ၊ ဂျာနယ်တွေကို အခမဲ့ ဖတ်ရှုနိုင်ပါတယ်။
ဒါတွေအပြင် ကျောင်းသားကျောင်းသူတွေအတွက် US နိုင်ငံကို သွားပြီး အလုပ်သင်အခွင့်အလမ်းတွေ ရယူနိုင်ဖို့၊ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ကျောင်းတက်နိုင်ဖို့၊ နိုင်ငံတကာက Exchange Program တွေမှာ အတွေ့အကြုံတွေရဖို့ကိုလည်း ထောက်ပံ့စီစဉ်ပေးပါတယ်။
ကျောင်းစာသင်နှစ်ကြေး
Parami University မှာ Financial Aid မယူဘဲ ကျောင်းတက်မယ်ဆိုရင် တစ်နှစ်စာကို USD 6,980 ပေးသွင်းရပါတယ်။
ကျောင်းဝင်ခွင့် ဘယ်အချိန် လျှောက်ရမလဲ?
ကျောင်းဝင်ခွင့် ခေါ်ဆိုမှုကို ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ် ခွဲပြီး နှစ်စဉ် ဇန်နရီလကနေ ဇွန်လအထိ ခေါ်ယူလေ့ရှိပါတယ်။ အခုက ဒုတိယအသုတ် ဝင်ခွင့်ခေါ်ယူနေတဲ့ ကာလဖြစ်တဲ့အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီ (၃၀) ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။
>> https://www.parami.edu.mm/applyportal
အထက်ဖော်ပြပါ လင့်ခ်မှာ စာရင်းပေးသွင်းပြီးနောက် ဝင်ခွင့်လျှောက်ထားလို့ရနိုင်မယ့် username၊ password နှင့်တကွ ဝင်ခွင့်လျှောက်လွှာလင့်ခ်ကိုပါ email မှတဆင့် ပူးတွဲပေးပို့ပေးမှာ ဖြစ်ပါတယ်။
ကျောင်းဝင်ခွင့်လျှောက်တဲ့အခါ
ပညာသင်ဆု လျှောက်လို့ရနိုင်လား?
Parami University မှာ ကျောင်းဝင်ခွင့်ရတာနဲ့ အပြည့်အဝ (သို့) တစိတ်တပိုင်း ပညာသင်ဆုကို လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုက Need-based scholarship အမျိုးအစား ဖြစ်တဲ့အတွက် အထက်တန်းမှာ အမှတ်တွေ မကောင်းခဲ့ရင်တောင် ကြိုးစားချင်စိတ်ရှိရင် အခွင့်အရေး ရနိုင်ပါတယ်။
ကျောင်းလျှောက်ထားပုံအဆင့်ဆင့်
Online Application လျှောက်ပြီး လိုအပ်ရင် ဝင်ခွင့် စာမေးပွဲ ဖြေဆိုဖို့ အကြောင်းကြားပါလိမ့်မယ်။ ပထမအဆင့် ရွေးချယ်ခံရသူတွေက အင်တာဗျူး ဖြေဆိုရပါမယ်။ အင်တာဗျူးအောင်ရင် ကျောင်းဝင်ခွင့် ရပါပြီ။
ဆက်လက်ပြီး ကျောင်းဝင်ခွင့် ရရှိသွားတဲ့သူတွေရဲ့ Financial Statment ကို Review လုပ်ပါတယ်။ အင်တာဗျူး ထပ်ပြီး ဖြေဆိုရပါတယ်။ နောက်ဆုံးအဆင့်မှာတော့ Financial Aid ရရှိသွားတဲ့ သူတွေနဲ့ ကျောင်းအပ်ရမယ့်သူတွေကို Email ကနေတဆင့် အကြောင်းပြန်ပေးမှာ ဖြစ်ပါတယ်။
Parami Institute of Continuing Education
Parami University မှာ Bachelor Program တွေအပြင် တခြားသော Online Certification Course တွေကိုလည်း သင်ယူနိုင်ပါသေးတယ်။
ကျောင်းကို စိတ်ဝင်စားရင်ဖြစ်ဖြစ်၊ အကြောင်းအရာတစ်စုံတစ်ရာ စုံစမ်းမေးမြန်းချင်တာဖြစ်ဖြစ် အသေးစိတ် သိရှိလိုပါက [email protected] သို့ email ပေးပို့၍ သော်လည်းကောင်း၊ 09 793030555 သို့ (ရုံးချိန်အတွင်း) ဖုန်းဆက်သွယ်မေးမြန်းခြင်းဖြင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Website - https://www.parami.edu.mm/?
Facebook - https://www.facebook.com/paramiuniversity