Sales Hotline : 09448001653       Download App



ရန်ကုန်မြို့မှ အကောင်းဆုံး International ကျောင်း (၁၀) ကျောင်း

 

သင့်မှာ ကျောင်းစထားရတော့မယ့် သားသား၊ မီးမီးလေးတွေ ရှိနေပြီလား။ ဒါဆိုရင်တော့ ယခုဖော်ပြပေးမဲ့ အကြောင်းအရာလေးကို ဖတ်ဖြစ်အောင်ဖတ်ကြည့်လိုက်ပါ။ ဖေဖေ၊ မေမေတို့အတွက် ခေါင်းအစားရဆုံး ကိစ္စကတော့ ကိုယ့်ရဲ့ ကျောင်းနေအရွယ် သားသား၊ မီးမီးလေးတွေကို ဘယ်ကျောင်းပို့ရမလဲ၊ ဘယ်ကျောင်းက အကောင်းဆုံး ဖြစ်မလဲ၊ ဘယ်ကျောင်းကတော့ သင့်တင့်မလဲ စဥ်းစား ရွေးချယ်ရခြင်းပဲ ဖြစ်ပါတယ်။ 

ယခုအခါ ရန်ကုန်မြို့တွင် ရွေးချယ်စရာ International ကျောင်းများ များစွာ ရှိနေပြီဖြစ်ရာ သင့်ကလေး၏ ပညာရေးအတွက် ကောင်းမွန်မှန်ကန်တဲ့ ကျောင်းရွေးချယ်ရာတွင် အထောက်အကူဖြစ်စေဖို့အတွက် ရန်ကုန်မြို့မှ အကောင်းဆုံး ကျောင်း (၁၀) ကျောင်းကို ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ် ။ 

 

       1. Lycée Français International de Rangoun

Lycée Français International de Rangoun ကျောင်းကတော့ အလွန်ကောင်းမွန်တဲ့ ဖွဲ့စည်းမှု ဖြစ်တဲ့ ဆရာ / ကျောင်းသားအချိုး ( ပျမ်းမျှအားဖြင့် 1:12 ) အချိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ သင်ကြားမှုအပိုင်းအားဖြင့် ပြင်သစ် ပညာရေး၀န်ကြီးဌာနမှ ချမှတ်ထားတဲ့ ပရိုဂရမ်အတိုင်းဖြစ်ပြီး သင်ကြားပေးတဲ့ ဆရာ/ဆရာမ များမှာလည်း ပညာရေးအားဖြင့် အထူးကောင်းမွန်တဲ့ အဆင့်မြင့် ဒီဂရီများ ကိုင်ဆောင်ထားသော ဆရာ / ဆရာမများ ဖြစ်ကြပါတယ်။ 

သင်ကြားရေး၏ ၃ ပုံ ၂ ပုံမှာ ပြင်သစ် ဘာသာစကား နဲ့ သင်ကြားပေးပြီး အသက်အရွယ်မရွေးကျောင်းသားတိုင်းအတွက် သင်ကြားရေးနှစ်အနည်းငယ် အကြာတွင် နောက်ထပ် ဘာသာစကား ၂ မျိုးကိုပါ ထပ်မံပြောနိုင်လာစေရန် ဘာသာစကား တိုးတက်မှုအတွက် လိုအပ်သော နည်းလမ်းများစွာဖြင့် သင်ကြားပေးလျှက်ရှိပါတယ် ။ ကျောင်းသူ / ကျောင်းသားများကို မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများ ပေါ်ထွက်လာစေရန် နှင့် မိမိကိုယ်ကို ယုံကြည်မှု ရှိလာစေရန် သက်တောင့်သက်သာ ဖြစ်စေမယ့် ပတ်၀န်းကျင် တစ်ခု ဖန်တီးပေးပြီး အားကစား ၊ အနုပညာ နဲ့ ယဥ်ကျေးမှု ဖလှယ်ခြင်းများကို အဓိကထားပြီး သင်ကြားပေးတဲ့ ကျောင်းဖြစ်ပါတယ် ။ 

Curriculum : French

Language of Instruction : English,French

Age :  2 to 18

Yearly Fees : Est. Starting form : 16,335,312 Kyat to 21,774930 Kyat

Reviews : ⭐️⭐️⭐️⭐️⭐️ 

ကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်များအားကြည့်ရှုရန် >>>   https://bit.ly/3QIgCua

 

      2. Bahan International Science Academy

Bahan International Science Academy ကတော့ မတူညီတဲ့ စိန်ခေါ်မှု ပုံစံအမျိုးမျိုး ၊ သင့်တင့်မျှတတဲ့ သင်ရိုးညွှန်းတမ်း နဲ့  သင်ကြားမှုများကို အခြေခံပြီး  စာသင်ကြားမှုအပြင် ပြင်ပလှုပ်ရှားမှုဆိုင်ရာ လုပ်ဆောင်ချက် အမျိုးမျိုး ၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါ၀င်ယှဥ်ပြိုင်ခြင်း ၊ ကျောင်းသား / သူ တစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ၊ ဥာဏ်ရည် ဖွံ့ဖြိုးမှုဆိုင်ရာ စတဲ့ အချက်များကို အဓိကထားပြီး လေ့ကျင့်ပျိုးထောင်ပေးတဲ့ ကောင်းမွန်တဲ့ ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ် ။

Curriculum : British 

Language of Instruction :  English

Ages :3 to 16

This school does not make their fees public

ကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်များအားကြည့်ရှုရန် >>>  https://bit.ly/3wnj3KN

 

     3. The International School Yangon

The International School Yangon ရဲ့ ရည်ရွယ်ချက် နှင့် ရည်မှန်းချက်ကတော့ မေတ္တာဂရုဏာတရားဖြင့် ခြုံလွှမ်းထားသော တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရန် နှင့် ကမ္ဘာပေါ်တွင် အပြုသဘောကိုဖော်ဆောင်သည့် အပြောင်းအလဲ အတွက် တွန်းအားဖြစ်စေမည့် ပညာရှင်များ ၊ သင်ယူသူများ ပေါ်ထွက်လာစေရေး ဆိုတဲ့ အချက်များကို အခြေခံပြီး ဖွဲ့စည်းတည်ထောင်ထားတဲ့ ကောင်းမွန်တဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ် ။ 

Curriculum : IB,American

Language of Instruction : English

Ages: 4 to 18

Yearly Fees : Est.Starting form : 27,609,311 Kyat to 47,889,346 Kyat 

ကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်များအားကြည့်ရှုရန် >>>   https://bit.ly/3QC0HO6



       4. Brainworks Total International School Yangon

Brainworks Total International School ကတော့ မူကြို ၊ မူလတန်း ၊ အလယ်တန်း ၊ IGCSE နှင့် A-Level အတန်းများကို တစ်နေရာတည်းတွင် တစ်ဆက်တည်း တက်ရောက်နိုင်တဲ့ ပညာရေးကို ပေးအပ်နိုင်ပြီး ထူးခြားကောင်းမွန်တဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ် ။ သင့်ကလေးရဲ့ ပင်ကိုယ်စရိုက်အပေါ်အခြေခံပြီး ပညာရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စွာ လေ့ကျင့်ပျိုးထောင်ပေးနိုင်မှာ Brainworks Total ပဲဖြစ်ပါတယ် ။ 

Curriculum : IB,British

Language of Instruction:English

Ages : 2 to 18

This school does not make their fees public


      5.The British School Yangon

BSY ကတော့ ကလေးငယ်များအတွက် သင်ယူမှုကို ချစ်မြတ်နိုးပြီး တက်ကြွလန်းဆန်းမှု နှင့်အတူ လုံခြုံစိတ်ချရတဲ့ ပတ်၀န်းကျင်ကောင်းတစ်ခုမှာ သင်ကြားပေးနိုင်တဲ့ အောင်မြင်မှုများစွာ ရရှိထားတဲ့ ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ် ။ ကျောင်းသူ / ကျောင်းသားများအားလုံး ကျောင်းကို ပျော်ရွှင်စွာ လာရောက်နိုင်ရမည်ဆိုသော အချက်ကို အခြေခံပြီး စွန့်စားမှု ၊ ရဲစွမ်း သတ္တိရှိမှု ၊ ကြင်နာမှု နှင့် သမာဓိရှိမှု စတဲ့ အချက်တွေရှိလာနိုင်ရမည်ဆိုတဲ့ ရည်ရွယ်ချက်နှင့် အတူ ဖွင့်လှစ်ထားတဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ် ။ 


Curriculum: British

Language of Instruction:English

Ages:2 to 18

Yearly Fees:Est. Starting form : 35,413,554 Kyat to 63,764,751 Kyat

Reviews:⭐️⭐️⭐️⭐️⭐️

ကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်များအားကြည့်ရှုရန် >>>   https://bit.ly/3PH5QDo


       6. Network International School 

သင်ကြားရေး နှင့် အောင်မြင်မှုကို ပူးပေါင်းပြီး တက္ကသိုလ်ပညာရေးမှသည် အလုပ်အကိုင်/ အသက်မွေးလမ်းကြောင်း  အခွင့်အလမ်း အောင်မြင်မှုအထိ ခေါ်ဆောင်သွားပေးမယ့် ကျောင်းမှာ Network International School ပဲဖြစ်ပါတယ် ။ ကျောင်း၏ မျှော်မှန်းချက်မှာ ကမ္ဘာတစ်၀ှမ်းမှ ကျောင်းသူ/ကျောင်းသားများအတွက် ထူးချွန်သော ပညာရေးကို ပံ့ပိုးပေးရန် ဖြစ်ပါတယ် ။ Network International School မှာ ကမ္ဘာတစ်၀ှမ်းမှ အရည်အချင်းရှိ ဆရာ / ဆရာမ များ၏ ပံ့ပိုးကူညီမှုဖြင့် ကျောင်းသားများအတွက် အကျိုးရှိသော ဘ၀များ ၊ အောင်မြင်သော အသက်မွေး၀မ်းကျောင်း ပညာရပ်များကို ဖန်တီးပေးပြီး လူ့အဖွဲ့အစည်းတွင် အသိအမှတ်ပြုသော လူတော် ၊ လူကောင်း တစ်ယောက်ဖြစ်လာဖို့ အတွက် အဓိက ထားပြီး လေ့ကျင့်သင်ကြားပေးမှာပါ ။


Curriculum :British

Language of Instruction:English

Ages:2 to 18

This school does not make their fees public

ကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်များအားကြည့်ရှုရန် >>>   https://bit.ly/3pFTTmA


      7.Thalun International School

Thalun International School ကတော့ စိန်ခေါ်မှုများပြားတဲ့ ပညာရေး၀န်းကျင်မှာ ထူးခြားကောင်းမွန်တဲ့ သင်ကြားရေး အစီအစဥ်များဖြင့် အင်္ဂလိပ်ဘာသာစကားကို အခြေခံပြီး မူကြို မှ ၁၂ တန်းထိ ( အမေရိကန် သင်ရိုး) ဖြင့် သင်ကြားပို့ချပေးနေသော နာမည်ရကျောင်းကောင်း တစ်ကျောင်းပဲဖြစ်ပါတယ် ။ 

Curriculum: American,International

Language of Instruction:English

Ages :3 to 17

Yearly Fees: Est. Starting form : 9,318,448 Kyat to 20,234,344 Kyat

ကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်များအားကြည့်ရှုရန် >>>    https://bit.ly/3Kf3Tgb


     8. Yangon American International School

Yangon American International School ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသားဗဟိုပြု သင်ကြားရေးကို အဓိက စံထားပြီး တက္ကသိုလ်လမ်းကြောင်း နှင့် လုပ်ငန်းခွင် အထိ အောင်မြင်မှုကို ပံ့ပိုးပေးရန် နှင့် လုံခြုံစိတ်ချရသော ပတ်၀န်းကျင်တစ်ခုမှာ ပညာသင်ကြားနိုင်ရေးပဲ ဖြစ်ပါတယ် ။ ကျောင်းသူ / ကျောင်းသားများကို သင်ယူမှုပိုင်းတွင် တာ၀န်ယူတက်သော လုပ်ပိုင်ခွင့် အပြည့်အ၀ကို ပေးအပ်ထားသော ကောင်းမွန်ပြည့်စုံတဲ့ ပညာရေး သင်ကြားမှုမျိုးကို ပေးအပ်ထားတဲ့ အရည်အချင်းပြည့်မှီသော ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ် ။ 

Curriculum: American

Language of Instruction:English

Ages:2 to 12

Yearly Fees:Est. Starting form : 18,618,138 Kyat to 30,719,928 Kyat

ကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်များအားကြည့်ရှုရန် >>>   https://bit.ly/3A6kIVS

 

    9. SIS Myanmar 

SIS Myanmar ကတော့ နိုင်ငံတကာ အဆင့်မှီ ကျောင်း၀င်းတစ်ခု ဖြစ်ပြီး ၂၁ ရာစု၏ ပြည်တွင်း နှင့် နိုင်ငံတကာ ကျောင်းသား / ကျောင်းသူ များ၏ ပညာရေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပါတယ် ။

Curriculum: British,Singaporean

Language of Instruction: English

Ages: 2 to 16

Yearly Fees: Est. Starting form : 15,727,023 Kyat to 24,053,093 Kyat

Reviews:⭐️⭐️⭐️⭐️⭐️ 

 

    10.Shu Khinn Thar International College

Shu Khinn Thar International College ကတော့ ကျောင်းကို ပညာလာရောက်သင်ကြားမယ့် ကျောင်းသား / ကျောင်းသူတိုင်းအတွက် သက်တောင့် သက်သာနဲ့ သင်ယူနိုင်ပြီး ပညာရေးမှာ ပိုမိုအာရုံစိုက်နိုင်စေဖို့အတွက် စိတ်ချရတဲ့ နေရာရပ်၀န်းတစ်ခုကို ဖန်တီးပေးထားတဲ့ ကျောင်းကောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ် ။

Curriculum: British,IB

Language of Instruction: English

Ages: 6  to 18

This school does not make their fees public

ကျောင်းလိပ်စာ နှင့် ဖုန်းနံပါတ်များအားကြည့်ရှုရန်>>>   https://bit.ly/3Kg12nc



 Source From >>> International Schools Database

 

Knowledge Pre-school Primary Secondary Kindergarten Read 1881 times