Sales Hotline : 09448001653       Download App



ကျောင်းဖွင့်ရာသီအတွက် မိဘတွေအကောင်းဆုံးရွေးချယ်မှုပြုလုပ်နိုင်မယ့် International School ကျောင်းပြပွဲ

 

လက်ရှိအချိန်က ကျောင်းတွေ စဖွင့်မယ့် ရာသီကို ရောက်လာပြီဆိုတော့ မိမိရဲ့ သားသမီးတွေအတွက် အခုမှ ကျောင်းစထားမယ့် မိဘတွေ၊ လက်ရှိကျောင်းကနေ ပြောင်းချင်တဲ့ မိဘတွေ၊ ပိုကောင်းတဲ့ ကျောင်းကိုမှ စုံစမ်း သိရှိလိုတဲ့ မိဘတွေအတွက် ကျောင်းချိန်၊ ဘာသာရပ်၊ သင်ကြားမှု၊ သင်ရိုး၊ ကျောင်းလခ၊ ကျောင်းရဲ့ ဝန်ဆောင်မှု ဒါတွေအားလုံးကို တစ်နေရာတည်း တစ်ချိန်တည်းမှာ စုံစုံလင်လင် သိရှိနိုင်မယ့် အခွင့်အရေး ရောက်ရှိလို့ လာခဲ့ပါပြီ။

သားသားမီးမီးတို့အတွက် သင့်တော်ပြီး အဆင်ပြေတဲ့ ကျောင်းရွေးချယ်ရတာလည်း မိဘတွေအတွက် ခေါင်းအခဲဆုံး ကိစ္စတွေထဲက တစ်ခုပါပဲ။ ဒါကို လွယ်လွယ်ကူကူ ဖြေရှင်းချင်တယ်ဆိုရင်တော့ Education Fair Myanmar ကဦးစီးကျင်းပပြီး Myanmar Education Guide က Media Partner အဖြစ် ပံ့ပိုးပါဝင်ပေးထားတဲ့ “Private International Education Pwal” (PIEP) ပွဲကြီးကို မဖြစ်မနေ လာရောက်ဖို့အတွက် ဖိတ်ခေါ်ပါရစေ။

 

ဒီပွဲမှာဆိုရင်…

●      PreSchool

●      Primary

●      Secondary

●      Pre-Uni

●      Language

●      Education Agency 

စတဲ့ ပညာရေးနဲ့ဆိုင်တဲ့ ကျောင်းတွေ၊ Agency တွေ၊ Language School တွေ (၄၀)နီးပါး ဝင်ရောက် ပါဝင် ပြသသွားကြမှာဖြစ်လို့ ဘယ်ပညာရေးလမ်းကြောင်းကို ရွေးချယ် စုံစမ်းချင်တာပဲဖြစ်ဖြစ် ဒီပွဲမှာ တစ်ခါတည်း လေ့လာစုံစမ်းလို့ ရပါတယ်။ ကျောင်းတွေရဲ့ အတွေ့အကြုံရှိ ပညာရေးအကြံပေးတွေက သင့်ကို စောင့်ကြိုနေမှာပါ။  ဒါ့အပြင် ပွဲကိုလာရောက်ပြီး တစ်ခါတည်း ကျောင်းအပ်နှံတဲ့ မိဘတွေအတွက် ကံစမ်းမဲလက်ဆောင်တွေ ပေးသွားမယ့် အစီအစဥ်လည်း ရှိပါတယ်။ 

ထူးခြားတာကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်၊ အကြံပြုချက်တွေကိုလည်း မနန်းမြတ်ဖြိုးသင်း၊ မသင်ဇာနွယ်ဝင်း၊ Physical Educator ကိုကျော်ဇင်ဝင်းတို့က ဒီပွဲကြီးမှာ ပါဝင် ဆွေးနွေး အကြံပြုပေးသွားမှာပါ။ 

ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်မှာ ဆက်လက် ဖော်ပြပေးထားတဲ့အတွက် လင့်ခ်ကနေ ဆက်လက် ဖတ်ရှုနိုင်ပါတယ်_

Advertisement 

Click Here > Education Fair Myanmar 

ပွဲတွင် ပါဝင်မည့် ကျောင်းများ

  1. TARA British Myanmar Academy

  2. Right Start International Montessori School

  3. The Ivy School

  4. City University of Yangon

  5. Modern Montessori International Myanmar

  6. My Myanmar International School

  7. The British School Yangon

  8. International School Rangoon - ISR

  9.  Network International School

  10.  SIS Myanmar

  11.  Brainworks

  12.  Bahan International Science Academy

  13.  KINGS International School

  14.  KBTC International School

  15.  Hysan Edu

  16.  CIY. Club Myanmar

  17.  Myanmar Noble University

  18.  Legacy International School

  19.  Amazing Heroes Education Ltd

  20.  Myanmar Imperial University

  21.  Rangoon International Higher Education Academy-RIHEA

  22.  AES Myanmar(Creative Media Institute)

  23.  Canada Education Travel Agency

  24.  Expert Education & Visa Service

  25.  Study in Malaysia

  26.  Youth International University

  27.  Wall Street English

  28.  STI Myanmar University

  29.  Newton International College

  30.  American University of Yangon

  31.  KBTC University

  32. Bridge Blue Myanmar

  33. Myint Mo Academy

  34. GrapeSEED Myanmar

  35. Chindwin PSB IELTS Center

  36. E & C Education Consultancy

  37. PIEP

  38. Education Guide

  39. Starfish Education 

 

နေ့ရက် - ၂၀၂၃ ခုနှစ် မေလ ၁၃၊ ၁၄ ( စနေ၊ တနင်္ဂနွေ )

အချိန် - နံနက် ၁၀:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ

တည်နေရာ - Novotel Yangon Max,ပြည်လမ်း

 

Event Link

> https://fb.me/e/GDgFxCpN

 

For more information

09-252419901

09-421122244

 

Latest Post Pre-school Secondary High University / College Read 937 times