Sales Hotline : 09448001653       Download App



မြန်မာကျောင်းသား/ကျောင်းသူတွေအတွက် ထိုင်းမှာ ဘွဲ့ရမယ့် Fully Funded Scholarship

မြန်မာနိုင်ငံက အထက်တန်းပညာရေးတစ်ပိုင်းတစ်စနဲ့ တက္ကသိုလ်တက်နေရင်း ရပ်နားထားတဲ့ ညီငယ်၊ ညီမငယ်တွေအတွက် Child's Dream Foundation မှ ပေးအပ်တဲ့ ၁၀၀% ထောက်ပံ့ကြေး အစီအစဉ်နဲ့ ထိုင်းနိုင်ငံမှာ Undergraduate Programmes တွေ တက်ရောက်သင်ယူပြီး Bachelor Degree ရယူနိုင်မယ့် Scholarship အကြောင်း မျှဝေပေးချင်ပါတယ်။ 

ဒီပညာသင်ဆုမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ် (၈) ခု ပါဝင်ပြီး ရွေးချယ်ခွင့်ရှိမယ့် အထူးပြု ဘာသာရပ်တွေကတော့ (၁၅) ခု ဖြစ်ပါတယ်။ 

ပေးအပ်တဲ့ အဖွဲ့အစည်း - Child's Dream Foundation 

တက်ရောက်ရမယ့် ပညာတော်သင်ဆုအမျိုးအစား - Fully Funded Child's Dream Scholarship 

တက်ရောက်ရမယ့် ကာလ - (၄) နှစ်

ရရှိမယ့် ဘွဲ့အမျိုးအစား - Bachelor Degree

နောက်ဆုံးလျှောက်ထားရန်ရက် - ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄ ခုနှစ်

 

Child's Dream Foundation မှ ပညာသင်ဆုရရင် ရွေးချယ်နိုင်မယ့် တက္ကသိုလ်တွေနဲ့ ဘာသာရပ်တွေ

၁။ Education in Teaching - Asia-Pacific International University

၂။ Communication strategy and Ideation - Bangkok University 

၃။ Innovative Media Production - Bangkok University    

၄။ Social Sciences - Chiang Mai University

၅။ Economics - Chiang Mai University

၆။ Environmental Science - Chiang Mai University

၇။ Software Engineering - King Mongkut's Institute of Technology Ladkrabang

၈။ Public Health - Mae Fah Luang University

၉။ Environmental Health - Mae Fah Luang University

၁၀။ Environmental Science - Mahidol University

၁၁။ International Relations and Development - Rangsit University

၁၂။ Civil Engineering - Thammasat University 

၁၃။ Mechanical Engineering - Thammasat University

၁၄။ Social Policy and Development - Thammasat University 

၁၅။ Global Studies and Social Entrepreneurship - Thammasat University

 

ဒီပညာသင်ဆုကို ဘယ်လိုလူတွေ လျှောက်လို့ရလဲ?

- မြန်မာနိုင်ငံသားဖြစ်ပြီး ID Card ဒါမှမဟုတ် Passport ရှိရမယ်။

- အသက် (၃၀) အောက် ငယ်သူ ဖြစ်ရမယ်။

- ငွေကြေးလိုအပ်ချက်ရှိကြောင်း ပြနိုင်ရမယ်။

- တခြားသော ပညာသင်ဆုတွေ ရရှိထားခြင်း မရှိသူဖြစ်ရမယ်။

- (၁၂) နှစ်တာ ပညာသင်ယူမှု အတွေ့အကြုံရှိရမယ် (သို့) တက္ကသိုလ်ဒုတိယနှစ်အထိ တက်ဖူးရမယ်။ (e.g. General Educational Development Degree/ GED)

- အင်္ဂလိပ် ဒါမှမဟုတ် ထိုင်း ဘာသာစကား ကျွမ်းကျင်ရမယ်။ 

- UNHCR မှာ စာရင်းသွင်းထားဖူးသူ မဖြစ်ရပါ။

 

ပညာသင်ဆုအတွက် ဘာတွေလိုအပ်မလဲ?

- ပတ်စပို့အရွယ် ဓာတ်ပုံ

Passport Photo (not older than six months, a passport size photo) 

- မှတ်ပုံတင် (သို့) မွေးစာရင်း

National ID or Birth Certificate

- ပတ်စပို့ပထမစာမျက်နှာ

Passport first page (If your passport is not ready at the time of application, please bring the passport with you for the interview)

- အိမ်နဲ့ ပိုင်ဆိုင်မှုပြ ဓာတ်ပုံ (၃) ပုံ

Three photos of the living condition, house, and property

- ဆယ်တန်းအောက်လက်မှတ်၊ တက္ကသိုလ် အမှတ်စာရင်း၊ GED၊ TOEFL၊ IELTS အောင်လက်မှတ်
Previous academic transcripts / GED, TOEFL, IELTS certificates  

- တခြားသင်တန်းအောင်လက်မှတ်

Other training courses certificates

- ထောက်ခံစာ (၂) ခု

Two reference letters (1. From your recent school, and 2.From your most recent employer or From your learning center/training center)

- ဗီဒီယိုတစ်ပုဒ် (ဗီဒီယိုထဲမှာ ပါရမယ့်အကြောင်းအရာတွေကို အောက်မှာ ပြောပြထားပါတယ်)

Video presentation* (5-7 minutes length with the maximum file size of 100MB)

Please tell us about

your life in your family

your previous education

any jobs or volunteer work which you have done

in detail how you support your self or who supports you in your study 

also, if you have left your home country, tell us how you came to be where you are now

- အက်ဆေး (၂) ပုဒ် (ရေးရမယ့် အကြောင်းအရာတွေကို အောက်မှာ ပြောပြပေးထားပါတယ်)

Two essays * (maximum of 3,000 characters with spaces for each essay; please have the essays already written so you can copy/paste the text into the box such as from Microsoft Word Document)

Essay 1. Please explain why you have chosen the major/program and the university that you intend to study. How do you plan to use your education from this major in the future?

Essay 2. Please tell us about the work you have done or are doing now for the community. Which community problems were you attempting to address, and to what extent were your efforts successful? What challenges did you have to overcome and how did you overcome them? What did you learn from the experience?

 

ပညာသင်ဆုရဲ့ အကျိုးခံစားခွင့်တွေက ဘာလဲ?

- Tuition and other fees (tuition fee/ academic fee, passport and visa related cost, medical expenses/ health insurance, graduation)

- Supplies (books, stationery, uniforms, travel for research, settle in costs, computer grant)

- Living cost (rent, food, daily travel to university)

- Other / Emergency (pre-study, post-study, case by case basis) စတာတွေကို ထောက်ပံ့ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒီပညာသင်ဆုကို နောက်ဆုံးလျှောက်ထားရမယ့်နေ့ကတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅) ရက်နေ့ဖြစ်ပါတယ်။ ပညာသင်ဆုမှာ ရွေးချယ်ခံရတဲ့သူတွေကို မတ်လ-ဧပြီလအတွင်း အကြောင်းပြန်မှာ ဖြစ်ပါတယ်။ ဧပြီလကုန်အထိ အကြောင်းပြန်စာ မရရှိဘူးဆိုရင် ပညာသင်ဆု မရတဲ့ သဘောပါ။  

Online Application >> https://forms.gle/qxfZ7NUJgm9LvyD66    

For More Information :

Facebook link: https://bit.ly/3GIPPdX 

Website: https://childsdream.org/ 

Facebook page: https://www.facebook.com/childsdreamfoundation

ထပ်မံသိရှိလို​သော အ​သေးစိတ်အ​ကြောင်းအရာများအတွက် ဖော်ပြထား​သော Official Link များကို ဝင်​ရောက်စုံစမ်းနိုင်ပါတယ်။ 

International Latest Post Read 7264 times