Sales Hotline : 09448001653       Download App



ဖေဖေ၊မေမေ နှင့် တီချယ်တို့အတွက် ဗဟုသုတများစွာရရှိစေမယ့် Free Online Seminar

 

 

Myanma Business and Social Development Institute မှ ဖေဖေ၊မေမေ များနှင့် Pre School နယ်ပယ်ကို စတင်ဝင်ရောက်တော့မယ့် တီချယ်လေးများအတွက် ကလေးငယ်များနှင့် ပတ်သက်တဲ့ Child Psychology,ECCD ပညာရပ်များကို မျှဝေပေးမည့် Free Online Seminar ပွဲလေးကို စီစဥ်ထားကြောင်း သိရှိရပါတယ်။ 

 

ဒီပွဲလေးမှာဆိုရင်တော့ Child Psychology ဆိုတာဘာလဲ။ Early Childhood က ကလေးငယ်တွေအတွက် ဘယ်လိုအရေးပါလဲ၊ ကလေးငယ်တစ်ယောက် နည်းလမ်းမှန်မှန် နဲ့ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်အရာတွေက အရေးအကြီးဆုံးလဲ စတဲ့ အကြောင်းအရာတွေကို အပြန်အလှန် ဆွေးနွေးပွဲလေး အနေနဲ့ ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ 

 

Online Seminar ဖြစ်တဲ့အတွက်ကြောင့် အချိန်ကုန်လူပင်ပန်းသက်သာစေပြီး ပညာဗဟုသုတတွေလဲ များစွာရရှိစေမှာပဲဖြစ်ပါတယ်။ 

 

သင်တန်းကတော့  ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ တက်ရောက်ရမှာပါ။ ဒီ Free Online Seminar လေးကို ဖေဖေ၊ မေမေ၊ တီချယ်တို့ အနေနဲ့ စိတ်ပါဝင်စားလို့ တက်ရောက်စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ Myanma Business and Social Development Institute ရဲ့ Facebook Post Link လေးကနေ ဝင်ရောက်ဖတ်ရှုပြီး စာရင်းပေးသွင်းနိုင်ပါတယ်နော်။ 

 

Link > https://bit.ly/3O4Mrgn

 

အသေးစိတ်သိရှိလိုပါကလည်း ဖုန်းနံပါတ် 09 259264762 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို Myanma Business and Social Development Institute ရဲ့ အောက်ဖော်ပြပါ Facebook Page Messanger ကနေလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

 

https://www.facebook.com/MyanmaBusinessandSocialDevelopment/

 

 

Source from Myanma Business and Social Development Institute Facebook Page

 

Kindergarten Pre-school Latest Post Local News Read 725 times