ဆယ်ကျော်သက်လေးတွေ Free တက်ရောက်နိုင်မယ့် Career Development Course

MYEO ကနေ ဆယ်ကျော်သက်လူငယ်တွေအတွက် အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိဖို့ လိုအပ်တဲ့ Hard Skills နဲ့ Soft Skills တွေကို လေ့လာသင်ယူနိုင်မယ့် "Career Development Course" ကို Free စီစဉ်ပေးထားပါတယ်။

အကျိုးရှိတဲ့ သင်တန်းလေးတစ်ခုခုကို အချိန်တိုတိုတွင်း တက်ရောက်ဖို့ စဉ်းစားနေတယ်ဆိုရင် (၂) နာရီလောက်ပဲ အချိန်ပေးရမယ့် ဒီသင်တန်းလေး တက်ကြည့်ဖို့ အကြံပြုပါတယ်။

ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • အသက် (၁၃) နှစ်ကနေ (၁၈) နှစ်အတွင်း လူငယ်တွေ
  • တက္ကသိုလ်မတက်ခင် အမြင်ကျယ်ပြီး အတွေ့အကြုံလိုချင်သူတွေ
  • လုပ်ငန်းခွင်မှာ လိုအပ်တဲ့ စွမ်းရည်တွေကို သင်ယူလိုသူတွေ
  • အနာဂတ်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရှာဖွေချင်သူတွေ

သင်ကြားပေးမယ့် အကြောင်းအရာများ

  • Module 1 - အသက်မွေးဝမ်းကျောင်းမှုဖွံ့ဖြိုးရေး
  • Module 2 - အလုပ်အကိုင်ရှာဖွေခြင်း
  • Module 3 - ကိုယ်ရေးအကျဉ်း Resume နှင့် Cover letter ရေးနည်း
  • Module 4 - အလုပ်လျှောက်ခြင်း
  • Module 5 - အင်တာဗျူးအတွက်ပြင်ဆင်ခြင်း
  • Module 6 - လုပ်ငန်းခွင်အဆင်သင့်ဖြစ်မှုဆိုင်ရာစွမ်းရည်များ စတာတွေကို သင်ပေးသွားမှာ ဖြစ်ပါတယ်။

ရရှိမယ့် အကျိုးကျေးဇူးများ

အသက် ၁၃-၁၈ အရွယ်ကတည်းက Career Development (အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးရေး) နဲ့ပတ်သက်တာတွေကို သင်ယူပြီး အလုပ်ရှာတတ်၊ အလုပ်လျှောက်တတ်၊ အင်တာဗျူးဖြေတတ်သွားမယ့်အပြင် အလုပ်ခွင်အဆင်သင့်ဖြစ်မှုစွမ်းရည်တွေကို သိရှိသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Myanmar Youth Platform မှာ ဘယ်လို  အကောင့်လုပ်ရမလဲ၊ Course Enrollment ဘယ်လိုလုပ်ရမလဲ၊ တက်လို့ရနိုင်မယ့် Course တွေအကြောင်း၊ Course တွေ ဘယ်လိုပြီးအောင်တက်ပြီး Certificate ရယူမလဲဆိုတာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

သင်တန်းအချိန်

သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့မှာ ည (၆) နာရီကနေ (၈) နာရီအထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းက ညပိုင်းကိုမှ တစ်ရက်ပဲ တက်ရောက်ရမှာဖြစ်တဲ့အတွက် မနက်ပိုင်း မအားတဲ့သူတွေနဲ့ အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

သင်တန်းကြေး

ဒီသင်တန်းက အခမဲ့ ဖြစ်တဲ့အပြင် သေချာအတန်းတက်ပြီး သတ်မှတ်အရည်အချင်းပြည့်မီတယ်ဆိုရင် Phone Bill လက်ဆောင်လည်း ရရှိဦးမှာ ဖြစ်ပါတယ်။

သင်တန်းကို စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင် MYEO Messenger ကနေတဆင့် job readiness webinar လို့ စာပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ 

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Secondary Vocational Read 1378 times