ယူနီဆက်မြန်မာရဲ့ ECCD အွန်လိုင်း အခမဲ့သင်တန်း

ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) အွန်လိုင်းသင်တန်းကို ယူနီဆက်မြန်မာရဲ့ ဒစ်ဂျစ်တယ်သင်ယူမှု ပလပ်ဖောင်း (Learning Passport Myanmar) မှာ စတင် လေ့လာနိုင်ပါပြီ။ 

ကလေးပြုစုပျိုးထောင်သူတွေဟာ ကလေးဖွံ့ဖြိုးမှုအပြင် သင်ယူမှုဆိုင်ရာ အခြေခံသဘောတရားတွေနဲ့ ထိရောက်တဲ့ လက်တွေ့ကျင့်သုံးရေး နည်းလမ်းတွေကို သင်ယူလေ့လာဖို့ အထူး လိုအပ်ပါတယ်။

ဒီသင်တန်းကို အာဆီယံနဲ့ ယူနက်စကိုတို့က သတ်မှတ်ထားတဲ့ ECCD ဆရာတွေရဲ့ အဓိက တာဝန်နဲ့ တတ်ကျွမ်းမှုတွေကို အခြေခံပြီး ရေးသားပြုစုထားတာပါ။

ECCD သင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • မူကြိုဆရာ/ဆရာမများ
  • မူကြိုပညာရေး (သို့) ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး လုပ်ငန်းခွင်ကို ဝင်ရောက်လိုသူများ
  • ကလေးပြုစုပျိုးထောင်ရေးကို စိတ်ဝင်စားသူများ
  • မိဘများ တက်ရောက်သင့်ပါတယ်။ 

သင်ကြားရမယ့် မော်ဂျူးများ

ဒီသင်တန်းကို အပိုင်း (၄) ပိုင်း ခွဲထားပြီး အပိုင်း (၁) မှာ မော်ဂျူး (၄) ခု၊ အပိုင်း (၂) မှာ မော်ဂျူး (၇) ခု၊ အပိုင်း (၃) မှာ မော်ဂျူး (၆) ခု၊ အပိုင်း (၄) မှာ မော်ဂျူး (၇) ခု စုစုပေါင်း မော်ဂျူး (၂၄) ခု ပါဝင်ပါတယ်။

အပိုင်းတစ်ပိုင်းပြီးတိုင်း အသိမှတ်ပြုလက်မှတ်တစ်ခုစီ ရရှိမှာ ဖြစ်ပြီး အပိုင်း (၄) ပိုင်းလုံး ပြီးဆုံးပါက သင်တန်းပြီးမြောက်ကြောင်းလက်မှတ် (Certificate of Completion) ကို ရရှိမှာပါ။

(၁) ကလေးသူငယ်ဘဝအစောပိုင်းကာလ အရေးပါမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှု

(၂) ကလေးများ ဖွံ့ဖြိုးမှုနှင့် ဖွံ့ဖြိုးမှုနယ်ပယ်များ

(၃) ကလေးများ ဖွံဖြိုးမှုနှင့် ကိုက်ညီသောလုပ်ငန်းများ

(၄) ကစားခြင်းအခြေပြုသင်ယူမှု

(၅) ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး အစီအစဉ် ရေးဆွဲပြင်ဆင်ခြင်း

(၆) ကလေးသူငယ်ဘ၀ အစောပိုင်း စာတတ်မြောက်မှု

(၇) ပုံပြောခြင်းနှင့် စာဖတ်ခြင်း

(၈) အစောပိုင်းသင်္ချာတတ်မြောက်မှု

(၉) သဘာဝကို စူးစမ်းလေ့လာြခင်း

(၁၀) အနုပညာရသခံစားမှုနှင့် တီထွင်ဖန်တီးမှု လုပ်ငန်းများ

(၁၁) ကလေးများ၏ သင်ယူနှင့် ဖွံ့ဖြိုးမှုကို စစ်ဆးအကဲဖြတ်ခြင်း

(၁၂) သင်ယူရာနေရာများ စီစဉ်ခြင်းနှင့် စီမံခန့်ခွဲခြင်း

(၁၃) ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသည့် သင်ထောက်ကူများ

(၁၄) ကျန်းမာရေးနှင့် အာဟာရ

(၁၅) လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ သင်ယူမှု

(၁၆) လူတိုင်းအကျုံးဝင်မူကြိုကျောင်း

(၁၇) မိဘနှင့် ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှု

(၁၈) ဘာသာစကားဖွံ့ဖြိုးမှု

(၁၉) ဖွံ့ဖြိုးမှုနဲ့ ကိုက်ညီတဲ့ ပုံပြင်ရေးသားပြုစုခြင်း

(၂၀) ဂီတနှင့် လှုပ်ရှားမှု

(၂၁) ဘေးကင်းလုံခြုံမှုနှင့် ကာကွယ်စောင့်ရှောက်မှု

(၂၂) စိတ်လူမှုအထောက်အပံ့ပေးခြင်း

(၂၃) မူကြိုကျောင်းတစ်ကျောင်း ထူထောင်ခြင်း

(၂၄) ကျန်းမာပျော်ရွှင်သောလုပ်ငန်းခွင်

သင်ကြားမယ့်ပုံစံ

မော်ဂျူးတစ်ခုစီမှာ သက်ဆိုင်ရာ အကြောင်းအရာတစ်ခုစီအတွက် ဦးဆောင်ဆွေးနွေးသူရဲ့ တင်ပြဆွေးနွေးချက်တွေ၊ သင်တန်းသားတွေရဲ့ အပြန်အလှန် မေးမြန်းဆွေးနွေးချက်တွေကို ဖတ်ရှုနားထောင်ပြီး လေ့လာသင်ယူကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ခန်းစာအကြောင်းအရာနဲ့ စပ်လျဉ်းတဲ့ ဉာဏ်စမ်းမေးခွန်းတွေ၊ သင်ယူတတ်မြောက်မှုကို အကဲဖြတ်တဲ့ မေးခွန်းတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ 

သင်ကြားမယ့်အချိန်

အချိန်ကန့်သတ်ချက်မရှိဘဲ ကိုယ်ပိုင်အချိန်ပေးနိုင်မှုအပေါ် မူတည်ပြီး လေ့လာလို့ ရပါတယ်။ ဒေါင်းလုဒ်ဆွဲထားရင် အင်တာနက်မလိုဘဲ (offline) လေ့လာနိုင်သလို၊ မသန်စွမ်းသူတွေအတွက်လည်း အသံဖိုင်တွေနဲ့ သင်ကြားနိုင်အောင် စီစဉ်ပေးထားပါတယ်။

သင်တန်းကြေး

၁၀၀% အခမဲ့

သင်တန်းမှာ စာရင်းသွင်းရန်

အောက်ပါလင်ခ့်ထဲ ဝင်ပြီး မိမိကိုယ်ပိုင် အကောင့်တစ်ခု ဖွင့်ပါ။ ဖွင့်ပြီးရင် Course Library (သင်တန်းစာကြည့်တိုက်) ထဲဝင်ပါ။ Category (16) ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြစုပျိုးထောင်ရေး အွန်လိုင်းသင်တန်းကို ရွေးပါ။ အပိုင်း၁။ ကလေးဘ၀ အစောပိုင်းကာလဖွံ့ဖြိုးမှုနဲ့ သင်ယူမှု နားလည်ခြင်းကို နှိပ်ပါ။ နောက်ဆုံးမှာတော့ သင်ခန်းစာလေ့လာဖို့ "Register" (သို့) "သင်ခန်းစာလေ့လာမည်" ကို နှိပ်ပါ။  

> https://mm.learningpassport.org/

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 587 times