Sales Hotline : 09448001653   Find A Tutor     Download App



ကလေးဗဟိုပြုသင်ကြားရေးစနစ် (CCA: Child-Centered Approach)

ကလေးဗဟိုပြူသင်ယူမှု ချဉ်းကပ်နည်း စနစ်ဟာ သင်ယူမှု၊ သင်ကြားမှု ဖြစ်စဉ်မှာ  သင်ယူသူရဲ့ အတွေ့အကြုံကို ဗဟိုပြုပြီး ကျောင်းသား/သူ များရဲ့ တီထွင်ဖန်တီးတတ်မှု၊ ဝေဖန်ဆန်းစစ်တတ်မှု။ စဉ်းစားတွေးခေါ်မှု စွမ်းရည် တိုးတက်အောင် ပြူစုပျိုးထောင်ပေးပြီး  ကျောင်းသား/သူ ပူးပေါင်းပါဝင်မှုကို မြှင်တင်ပေးပြီး  သင်ကြားတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ကျောင်းသားများရဲ့  လေ့လာသင်ယူမှု၊ တတ်မြောက် ကျွမ်းကျင်မှုများကိုလည်း မှတ်တမ်းပြုစုထားပြီး အလွတ်ကျက်ဖြေစာမေးပွဲစနစ်မှ စဉ်ဆက်မပြတ် အကဲဖြတ်စနစ် ကို ပြောင်းလဲ ဆောင်ရွက်ထားပါတယ်လို့သိရပါတယ်။



ကလေးဗဟိုပြု သင်ကြားရေးစနစ်မှာ အရေးပါတဲ့ အချက်တစ်ချက်ကတော့ သင်ရိုးသစ်ရဲ့ သင်ကြားမှု ပုံစံကို မိဘများအနေနဲ့ နားလည်မှု၊ စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့ လိုအပ်ပါတယ်၊ ဉပမာ - သူငယ်တန်းမှာ ကလေးများကို စာသင်ကြားခြင်းမပြုလုပ်ပဲ ပထမတန်းမှ စာရေး၊ စာဖတ်သင်ကြားပေးတာမျိုးကို သင်ကြားမှု နောက်ကျတယ်ဆိုတဲ့ စိုးရိမ်စိတ်မျိုး မရှိသင့်ပါဘူး.။  ကလေးများရဲ့  ဆော့ကစားချင်စိတ်၊ စူးစမ်းစိတ်နဲ့ ထိတွေ့ ဆောင်ရွက်မှုကို  သင်ယူမှု ဖြစ်အောင် ပြောာင်းလဲတဲ့ အခြေအနေကို သဘောပေါက် နားလည်သင့်ပါတယ်။

ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အညီ နည်းပညာအခြေပြု လူမှု အဖွဲ့အစည်းရဲ့ လိုအပ်ချက်များနဲ့ကိုက်ညီဖို ဘဝ၊ အလုပ်ခွင့်နဲ့ ပညာဆက်လက်သင်ကြားရေးတို့အတွက် လိုအပ်သော ဗဟုသုတနဲ့ လက်တွေ့ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေး တဲ့ သင်ကြားရေး ပုံစံတစ်ခုမှ တဆင့် နိုင်ငံသားကောင်းများ ဖြစ်လာပြီး၊ အနာဂတ် ကောင်းအောင်၊ နိုင်ငံကောင်းအောင်၊ ကမ္ဘာကြီးကောင်းမွန်အောင်  လုပ်ဆောင်နိုင်သူများ တိုးပွားလာစေမယ် ဆိုတဲ့အကြောင်း တင်ပြအပ်ပါတယ်။
Source:  MDEP

By Myanmar Education Guide (EDGE)

Pre-school Read 4180 times