Sales Hotline : 09448001653       Download App



ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ ဖွင့်လှစ်မယ့် Business ဒီပလိုမာသင်တန်း

 

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနမှ ဦးစီး၍ Post Graduate Diploma in Business (PGDB) သင်တန်းကို Online ဖြင့် သင်ကြားပို့ချမည်ဖြစ်ပါသည်။ Online Registration ဖြစ်သည့်အတွက် နယ်ဝေးမှ တက်ရောက်လိုသူများလည်း လျှောက်ထားနိုင်ပါသည်။ 

 

အဆိုပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

- အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

- သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်းများအပြင်

- ပြင်ပပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထားနိုင်သည်။

 

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ဖြစ်ပြီး သင်တန်းကာလမှာ (၁၀) လ ကြာမြင့်မည်ဖြစ်ပါသည်။ 

 

သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://eco.hrd.yude.edu.mm  Website မှတစ်ဆင့် ၁၅-၇-၂၀၂၄ ရက်၊ နံနက် (၉:၀၀) နာရီမှစ၍ လျှောက်ထားနိုင်ပါသည်။ Online Registration တွင် လိုင်စင်ဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်နှင့် ဘွဲ့လက်မှတ် အထောက်အထားများ ပူးတွဲတင်ပြရပါမည်။ 

 

Registartion Link >> https://hrdecoreg.yude.edu.mm/

လျှောက်ထားပုံနမူနာလေ့လာရန် >> https://eco.hrd.yude.edu.mm

 

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါ Register ပိတ်ပါမည်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး Online Registration အောင်မြင်သူများအား Email မှတဆင့် အကြောင်းကြားပေးပါလိမ့်မည်။ 

 

သင်တန်းနှင့်ပတ်သက်၍ ဖုန်း- ၀၁-၇၅၂၅၈၂၄၊ ၀၉-၂၅၀၁၅၂၅၀၁ တို့သို့ ရုံးချိန်အတွင်း အသေးစိတ် မေးမြန်းစုံစမ်းနိုင်ပါသည်။ ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာ ဌာန၊ သထုံလမ်းသို့ ဆက်သွယ်နိုင်ပါသည်။

 

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) မှ ပထမနှစ်သင်တန်းများ

>> https://www.edge.com.mm/article/university-of-arts-and-culture.html?

 

Latest Post Local News Read 698 times