(၉) တန်း အောင်ပြီးသူများ လျှောက်ထားနိုင်သည့် Business Accounting သင်တန်း

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မောင်လမြိုင်၊ ပုသိမ်) တို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူအသစ်များ ခေါ်ယူလျက်ရှိသည်။

သင်တန်းကာလမှာ (၃) နှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်ပါက Certificate in Business Accounting (လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ) အောင်လက်မှတ် ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

သင်တန်းတွင် အထက်တန်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်တို့အပြင် ကျောင်း၏ အဓိကဘာသာရပ်များဖြစ်သော ကွန်ပျူတာဘာသာရပ်များ၊ စာရင်းကိုင်ဘာသာရပ်များ၊ စီမံခန့်ခွဲရေးဘာသာရပ်များကို လေ့လာရမည်ဖြစ်ပါသည်။ ထို့အပြင် လက်တွေ့လုပ်ငန်းခွင်များတွင် သွားရောက်လေ့လာလုပ်ကိုင်ရမည့် လက်တွေ့သင်ခန်းစာများလည်း ပါဝင်ပါသည်။

စာသင်နှစ်တစ်နှစ်သည် အခြေခံပညာကျောင်းများအတိုင်း ဇွန်လဆန်းကနေ ဖေဖော်ဝါရီလအထိဖြစ်ပြီး လပတ် စာမေးပွဲ အနည်းဆုံး ခြောက်ကြိမ်ရှိသည်။ ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်းပြည့်မီပြီး Internship Period (အလုပ်သင်ကာလ) ကို အပြည့်အဝ ဆင်းနိုင်ရမည်။  စာမေးပွဲများတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရမှတ် (၄၀) နှင့်အထက်ရရှိသူများကိုသာ Certificate ချီးမြှင့်မည် ဖြစ်သည်။

အဆိုပါ သင်တန်းသို့ အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။

  • စနစ်သစ် Grade (9) အောင်မြင်ပြီးသူများ ဖြစ်ရမည်။
  • ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • မြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။
  • သင်တန်းမှ ချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
  • သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။

အဆိုပါ (၃) နှစ်သင်တန်းကို ပြီးဆုံးအောင်မြင်သူများအနက် ရိုးရိုးအဆင့်ဖြင့် အောင်မြင်သူများသည် ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ သမဝါယမအသင်းများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ 

သတ်မှတ်အရည်အချင်းပြည့်မီသူများသည် သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည့် အခွင့်အရေး ရရှိပါမည်။ ထိုမှတဆင့် ထူးချွန်အောင်မြင်သူများသည် သမဝါယမတက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။

လျှောက်ထားလိုသူများသည် မိမိတက်ရောက်လိုသည့် သင်တန်းကျောင်းများသို့ လူကိုယ်တိုင် သွားရောက်၍ လျှောက်လွှာထုတ်ယူကာ လျှောက်ထားနိုင်သည်။

လျှောက်လွှာနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းများ

  • လျှောက်လွှာမူရင်း (၁) စောင်
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁) စောင်
  • လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက် (သို့) ရဲစခန်းထောက်ခံစာမူရင်း
  • အောင်မြင်ခဲ့သည့် ပညာအရည်အချင်း ထောက်ခံစာမူရင်း

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)

လိပ်စာ - မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။ 

ဖုန်း - ဝ၉-၂၅၄၄၁၂၃၃၈ ၊ ဝ၉-၆၉၁၉ဝ၅၃၂၁

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)

လိပ်စာ - အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

ဖုန်း - ၀၉ -၄၂၀၇၀၁၆၃၄၊ ၀၉-၇၉၃၅၉၅၃၆၄၊ ၀၉-၂၁၁၀၆၄၉၊ ၀၉-၆၆၅၆၉၁၉၁၈

သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)

လိပ်စာ - ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်၊ Hotel La Vista အနီး၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။

ဖုန်း - ၀၈၁-၂၁၂၁၃၂၀၊ ၀၉-၄၃၁၃၃၂၄၃၊ ၀၉- ၄၂၈၆၆၇၀၅၃

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)

လိပ်စာ - အရာတော်လမ်း၊ ဘိုကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

ဖုန်း - -ဝ၉-၄၂၅၂၈၈၇၃၅၊ ဝ၉- ၄၂၃၇၃၆၄၄၉၊ ၀၉-၇၉၂၁၈၁၀၄၂၊ ဝ၉-၄၂၅၂၆၇ဝဝ၈

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)

လိပ်စာ - မြက်တိုလမ်းဆုံအနီး၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။

ဖုန်း - ၀၉-၆၉၇၄၄၅၃၀၂၊ ၀၉-၂၅၀၄၂၂၉၅၂၊ ၀၉-၆၉၇၀၅၃၄၅၅၊ ၀၉-၄၅၁၀၈၉၄၀၄

====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational High Read 3736 times