ထိုင်းက တက္ကသိုလ်တစ်ခုမှာ Burmese Instructor အလုပ်လျှောက်ချင်လား?

 

စာသင်ရတာကို ဝါသနာပါပြီး ထိုင်းနိုင်ငံမှာ လစာကောင်းကောင်းနဲ့ အလုပ်လိုချင်တဲ့သူတွေအတွက် Nakhon Pathom Rajabhat တက္ကသိုလ်ရဲ့ အလုပ်ခေါ်စာကို မျှဝေပေးချင်ပါတယ်။ ဒီအလုပ်အတွက် အဓိက လိုအပ်တာက စာသင်ကြားရေးမှာ အတွေ့အကြုံရှိပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ရင် လျှောက်လို့ရပါတယ်။ 


အလုပ်အကိုင်

Nakhon Pathom Rajabhat တက္ကသိုလ်ရဲ့ ဘာသာစကားဌာနမှာ အင်္ဂလိပ်ဘာသာရပ် သင်ပေးဖို့ မြန်မာလူမျိုးဆရာတစ်ယောက် အလိုရှိနေပါတယ်။   

 

လုပ်ရမယ့်တာဝန်

- တစ်ပတ်ကို (၂၁) နာရီ စာသင်ရပါမယ်။

- အင်္ဂလိပ်စာ သင်ရပါမယ်။

- မြန်မာစာလည်း သင်ပေးရပါမယ်။ 

 

အလုပ်လျှောက်မယ်ဆိုရင်  လိုအပ်ချက် 

- မြန်မာလူမျိုးဖြစ်ရပါမယ်။

- အသက် (၆၀) အောက် ဖြစ်ရပါမယ်။

- အနည်းဆုံး Bachelor ဘွဲ့ရထားပြီးသူဖြစ်ရပါမယ်။

- အင်္ဂလိပ်စာသင်ပေးဖူးတဲ့ အသိအမှတ်ပြုလက်မှတ်မျိုး ပြနိုင်ရပါမယ်။ (English Teaching Certificate)

- Non-native English တွေကို အင်္ဂလိပ်စာ သင်ကြားပေးနိုင်သူဖြစ်ရပါမယ်။

- ကွန်ပျူတာအသုံးပြုတတ်ရပါမယ်။

- တက္ကသိုလ်တစ်ခုခုမှာ အင်္ဂလိပ်စာ (သို့) မြန်မာစာ သင်ပေးဖူးသူကို ဦးစားပေးခန့်ပါမယ်။

- အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအတွက် အောက်ပါ သတ်မှတ်ချက်တစ်ခုခု ရှိရပါမယ်။

  • TOEIC (750 or more)
  • TOEFL iBT (80 or more)
  • TOEFL IPT (543 or more)
  • TOEFL CBT (180 or more)
  • IELTS (6.5 or more) 
  • CU-TEP (90 0r more)

 

အလုပ်ရရင် ရရှိမယ့် အကျိုးကျေးဇူး

- တစ်လကို 30,000 baht (မြန်မာငွေ ၂၈ သိန်းကျော်)

- အာမခံအကျိုးခံစားခွင့်

- တစ်နှစ်ကို လစာပေး ခွင့်ရက် (၂၀) 

 

အလုပ်လျှောက်ရင် လိုအပ်မယ့် စာရွက်စာတမ်း

- CV Form

- Passport

- ဘွဲ့လက်မှတ်တွေ၊ အမှတ်စာရင်းတွေ၊ အောင်လက်မှတ်တွေ

- English Teaching Certificate

- မိမိကိုယ်ကိုယ် မိတ်ဆက်ထားတဲ့ ဗီဒီယိုအတို တို့ကို [email protected] သို့ တိုက်ရိုက်အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။ 

 

Source - 

---------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International News Latest Post Vocational University / College Read 658 times