YUFL မှ CHRD သင်တန်းများအား Online စနစ်ဖြင့်ဖွင့်လှစ်နိုင်ရန် စီစဉ်နေ

(Covid - 19) ကပ်ရောဂါ ကာလအတွင်း မိမိ နေရပ်မှ နေ၍  ဘာသာစကားများ သင်ယူ နိုင်ရန်နှင့် သင်ယူမှု အခွင့် အလမ်းများ မဆုံးရှုံး စေရန် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မှ CHRD သင်တန်းများ အား Online စနစ်ဖြင့်ဖွင့်လှစ်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကိုသိရှိရပါသည်။ 

 

အဆိုပါ သင်တန်းများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး သော ကျောင်းသားကျောင်းသူများ ၊ နယ်ပယ်အသီးသီးမှ ဝန်ထမ်းများ၊ ဘာသာစကား လေ့လာလိုသူများ၊ လုပ်ငန်းခွင် အသုံးချ ဘာသာရပ် အဖြစ် လေ့လာလိုသူများ အနေဖြင့် လက်မလွှတ်သင့်သော အခွင့်အရေးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

မကြာမီ လပိုင်းအတွင်း ဝင်ခွင့်အသေးစိတ်အချက်အလက်များကို  ကြော်ငြာခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

Source: Academic Education News

Latest Post Read 1635 times