တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် YUFL တွင် ဖွင့်လှစ်မည့် Diploma in English Communication Skill သင်တန်းကို အွန်လိုင်းမှဖြစ်စေ၊ ကျောင်းတွင် လူကိုယ်တိုင်ဖြစ်စေ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။
Basic I (Online) သင်တန်း လျှောက်ထားသူများ လိုက်နာရန်
- သင်တန်းသားများသည် အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်။
- ဇန်နဝါရီ (၈) ရက်နေ့၊ နေ့လည် (၁၂) နာရီတိတိတွင် Online Registration ပြုလုပ်ရပါမည်။
(https://docs.google.com/forms/d/e/)
- လူဦးရေ (၄၀၀) ပြည့်သည်နှင့် Registration Form အား စာရင်းပိတ်ပါမည်။
- Registration အောင်မြင်သူများကို ဇန်နဝါရီ (၉) ရက်နေ့ ည (၈) နာရီတွင် YUFL Facebook Page တွင် ကြေညာပေးမည်ဖြစ်သည်။
- Registration အောင်မြင်သူများသည် YUFL KBZ Quick Pay ဖြင့် စာမေးပွဲကြေး (၃,၀၀၀) ကျပ်ကို ဇန်နဝါရီ (၁၁) ရက်နေ့မတိုင်မီ ပေးသွင်းရပါမည်။
- ဇန်နဝါရီ (၁၁) ရက်နေ့ Page မှာ ကြေညာထားမည့် Exam Form တွင် ငွေသွင်းချလန်အား Screenshot ရိုက်၍ အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်မှ စာမေးပွဲဖြေဆိုရမည့် Link ကို အီးမေးလ်မှတဆင့် ရရှိပါမည်။
- ဇန်နဝါရီ (၁၃) ရက်နေ့ နံနက် (၁၀) နာရီတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရပါမည်။
- ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို ဇန်နဝါရီ (၁၅) ရက်နေ့ ကြေညာပေးပါမည်။
- အမှတ်အများဆုံးရရှိသူ (၂၀၀) ဦးသာ သင်တန်းတက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့် မရရှိသူများအား စာမေးပွဲကြေး (၃,၀၀၀) ကျပ်အား ပြန်လည် ထုတ်ပေးမည် မဟုတ်ပါ။
- သင်တန်းတက်ရောက်ခွင့် ရရှိသူများသာ သတ်မှတ် သင်တန်းကြေးကို YUFL KBZ Quick Pay သို့ ပေးသွင်းရပါမည်။

သင်တန်းအကြောင်းအရာ အသေးစိတ်
သင်တန်းကြေး ပေးသွင်းရမည့်ရက် - ၁၆.၁.၂၀၂၆ ခုနှစ်မှစ၍ နှစ်ပတ်အတွင်း
သင်တန်းကြေး - Level တစ်ခုလျှင် (၁) သိန်းကျပ် (Level တစ်ခုချင်း ခွဲသွင်းရန်)
သင်တန်းကာလ - ၁၇-၁-၂၀၂၆ မှ ၂၉-၃-၂၀၂၆ အထိ (၃) လ (Level တစ်ခုကို (၃) လ ၊ Level (၆) ခုရှိသည့်အတွက် စုစုပေါင်း (၁၈) လ)
သင်တန်းပို့ချမည့်နေ့ရက်နှင့် အချိန် - သောကြာနေ့ ညနေ (၆) ခွဲမှ ည (၈) ခွဲအထိ၊ စနေ၊ တနင်္ဂနွေ ညနေ (၆) နာရီမှ (၈) နာရီအထိ
Basic I (Face to Face) သင်တန်း လျှောက်ထားသူများ လိုက်နာရန်
- သင်တန်းသားများသည် အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်။
- လျှောက်လွှာပုံစံကို ဇန်နဝါရီလ (၈) ရက်နေ့ YUFL အင်္ဂလိပ်ဘာသာဌာနတွင် အခမဲ့ ထုတ်ယူ လျှောက်ထားနိုင်သည်။
- ဝင်ခွင့်စာမေးပွဲကြေး (၃,၀၀၀) ကျပ်ကို ငွေလက်ခံဌာနတွင် တစ်ပါတည်း ပေးသွင်းရပါမည်။
- ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်သူများနှင့် စာမေးပွဲ ခုံနံပါတ်ကို ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ပါမည်။
- ဝင်ခွင့်စာမေးပွဲကို ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ YUFL တွင် ဖြေဆိုရမည်။
- ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဝင်ခွင့်စာမေးပွဲအောင်မြင်သူများကို ကြေညာပေးပါမည်။
- ဝင်ခွင့်ရရှိသူများသည် သတ်မှတ်သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။
သင်တန်းအကြောင်းအရာ အသေးစိတ်
သင်တန်းကြေး ပေးသွင်းရမည့်ရက် - ၁၆.၁.၂၀၂၆ မှစ၍ နှစ်ပတ်အတွင်း
သင်တန်းကြေး - Level တစ်ခုလျှင် (၁) သိန်းကျပ် (Level တစ်ခုချင်း ခွဲသွင်းရန်)
သင်တန်းကာလ - ၁၇-၁-၂၀၂၆ မှ ၂၉-၃-၂၀၂၆ အထိ (၃) လ (Level တစ်ခုကို (၃) လ၊ Level (၆) ခုရှိသည့်အတွက် စုစုပေါင်း (၁၈) လ)
သင်တန်းပို့ချမည့်နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
သင်တန်းပို့ချမည့်နေ့ရက်နှင့် အချိန် - Basic II , Inter II , Advanced II - စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ၊ Basic I, Inter I , Advanced I - စနေ၊ တနင်္ဂနွေ မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီအထိ
Fce to Face အတန်းများတွင် Basic I, II, Inter I , Inter II , Advanced I တက်ရောက် အောင်မြင်ထားသည့် သင်တန်းသားများသည် သက်သေခံ စာရွက်စာတမ်းများ ပြသပြီး တစ်ဆင့်မြင့် အတန်းများကို တိုက်ရိုက် တက်ရောက်နိုင်ပါသည်။
Online ဖြစ်စေ၊ Face to Face ဖြစ်စေ တင်ပြရန် လိုအပ်သည့် စာရွက်စာတမ်းများ
Online သင်တန်း လျှောက်ထားသူများသည် တင်ပြရမည့် စာရွက်စာတမ်း မိတ္တူများနှင့် သင်တန်းကြေး ငွေသွင်းပြေစာ မိတ္တူတို့ကို အမြန်ချောဖြင့် သင်တန်းရေရာဌာနသို့ သင်တန်းမစမီ ပေးပို့ရပါမည်။
သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက ဖုန်းနံပါတ် ၀၁-၇၅၁၃၁၉၀ သို့ ဖြစ်စေ၊ YUFL Facebook Page တွင် ဖြစ်စေ၊ လူကိုယ်တိုင်သွားရောက်၍ဖြစ်စေ စုံစမ်း မေးမြန်းနိုင်ပါသည်။
===============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။