YUFL တွင် Online နှင့် On campus ဖွင့်လှစ်မည့် ဘာသာစကားသင်တန်းများ

YUFL သည် တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် မြန်မာ (နိုင်ငံခြားသားများအတွက်) ဘာသာစကားသင်တန်းများကို ကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်နှင့် ရုရှားဘာသာစကားသင်တန်းတို့ကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Face to Face အတန်းများတွင် -

  • ‌Basic I အတွက် တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မြန်မာ
  • Basic II အတွက် တရုတ်၊ ဂျပန်၊ ကိုရီးယား
  • Inter I အတွက် ကိုရီးယားဘာသာစကား သင်တန်းတို့ကို အသီးသီး ဖွင့်လှစ်သွားပါမည်။

လျှောက်ထားရမည့်ရက် - ၁၅.၁.၂၀၂၆ မှစ၍

သင်တန်းကာလ - ၁၇.၁.၂၀၂၆ မှ ၂၉.၃.၂၀၂၆ အထိ

သင်တန်းကြေး - (၁) သိန်းကျပ် (မြန်မာဘာသာစကား သင်ကြားမည့် နိုင်ငံခြားသားများအတွက် US$ 180 နှင့် ညီမျှတဲ့ ဗဟိုဘဏ်၏ နေ့စဉ် ငွေလှဲလှယ်နှုန်းဖြင့် ပေးသွင်းရန်)

သင်တန်းပို့ချမည့်ရက် - စနေ၊ တနင်္ဂနွေ

သင်တန်းပို့ချမည့်အချိန် - မနက် (၉) နာရီမှ (၁၂) နာရီအထိ

သင်တန်းတက်ရမည့်နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

အနိမ့်ဆုံး ပညာအရည်အချင်း - တက္ကသိုလ်ဝင်စာမေးပွဲအောင်

တင်ပြရမည့် စာရွက်စာတမ်းများ

  • တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် မူရင်းနှင့် မိတ္တူ (သို့) ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ
  • ပတ်စ်ပို့ ဓာတ်ပုံ (၃) ပုံ
  • ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ (နိုင်ငံခြား ကျောင်းသားများအတွက်သာ)

လျှောက်ထားရမည့်ပုံစံ

ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာပုံစံ ထုတ်ယူပြီး သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။

သင်တန်းသားဦးရေ (၂၀) ဦးထက် လျော့နည်းပါက သင်တန်းဖွင့်လှစ်မည် မဟုတ်ပါ။ 

Online အတန်းများတွင် -

  • Basic I အတွက် တရုတ်၊ ပြင်သစ်၊ စပိန်၊ ရုရှား
  • Basic II အတွက် တရုတ်၊ ပြင်သစ်၊ စပိန်၊ ဂျာမန်
  • Inter II အတွက် တရုတ်ဘာသာစကား သင်တန်းတို့ကို ဖွင့်လှစ်သွားပါမည်။

လျှောက်ထားရမည့်ရက် - ၁၅.၆.၂၀၂၆ မှစ၍

သင်တန်းကာလ - ၁၆.၁.၂၀၂၆ မှ ၂၉.၃.၂၀၂၆ အထိ

သင်တန်းကြေး - (၁) သိန်းကျပ်

သင်တန်းပို့ချမည့်ရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ

သင်တန်းပို့ချမည့်အချိန် - သောကြာ (ညနေ (၆) နာရီမှ ည (၈) နာရီ အထိ) ၊ စနေ၊ တနင်္ဂနွေ (မနက် (၉) နာရီမှ (၁၁) နာရီအထိ)

အနိမ့်ဆုံး ပညာအရည်အချင်း - တက္ကသိုလ်ဝင်စာမေးပွဲအောင်

တင်ပြရမည့် စာရွက်စာတမ်းများ

  • တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် မိတ္တူ (သို့) ဘွဲ့လက်မှတ် မိတ္တူ
  • ငွေသွင်းပြီးကြောင်းပြေစာ
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့်
  • ပတ်စ်ပို့ ဓာတ်ပုံ (၃) ပုံတို့ကို အမြန်ချောဖြင့် သင်တန်းရေးရာဌာနသို့ သင်တန်းမစမီ ပေးပို့ရပါမည်။ 

လျှောက်ထားရမည့်ပုံစံ

အောက်ပါ Online Registration Form ကို ဖြည့်စွက်ရမည်။

>> https://chrd.yufl.edu.mm

သင်တန်းကြေးကို YUFL KBZpay (Quick Pay) ဖြင့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ပြီး ပေးသွင်းနိုင်သည်။ Basic I တက်ရောက်မည့်သူများသည် Registration Form ဖြည့်ပြီးမှသာ သင်တန်းကြေး ပေးသွင်းရပါမည်။

အခြာအတန်းများသည် အောင်စာရင်းထွက်ပြီးမှ အတန်းအပ်ရန် လိုအပ်ကြောင်း ကြေညာအပ်ပါသည်။ သင်တန်းသားဦးရေ (၂၀) ဦးထက် လျော့နည်းပါက သင်တန်းဖွင့်လှစ်မည် မဟုတ်ပါ။ 

 

သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက ဖုန်းနံပါတ် ၀၁-၇၅၁၃၁၉၀ သို့ ဖြစ်စေ၊ Facebook Page (https://www.facebook.com) တွင် ဖြစ်စေ၊ လူကိုယ်တိုင်သွားရောက်၍ဖြစ်စေ စုံစမ်း မေးမြန်းနိုင်ပါသည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 15050 times