YUFL တွင် ဖွင့်လှစ်မည့် Diploma in China Studies

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တွင် Diploma in China Studies သင်တန်းကို ဖွင့်လှစ်မည်ဖြစ်သဖြင့် နိုဝင်ဘာ (၁၆) ရက်နေ့မှ စတင်ပြီး (၂၆) ရက်နေ့အထိ ကျောင်းသားရေးရာဌာနတွင် လျှောက်ထားနိုင်သည်။

သင်တန်းကို နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘွဲ့တစ်ခုခုရှိရှိပြီးသူများ လျှောက်ထားနိုင်သည်။ သင်တန်းသားဦးရေ (၃၀) ဦးထက် လျော့နည်းပါက သင်တန်းဖွင့်လှစ်မည် မဟုတ်ပါ။

သင်တန်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိ တက်ရောက်ရပါမည်။ Semester (၂) ခု ရှိပြီး Semester တစ်ခုကို (၁၆) ပတ် ကြာမြင့်ပါမည်။ 

သင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြောနေ့ နံနက် (၇) နာရီမှ (၉) နာရီအထိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တက်ရောက်ရပါမည်။ 

သင်တန်းဝင်ခွင့်လျှောက်ထားရာတွင် ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရမည်။ သင်တန်ကြေးမှာ (၃) သိန်းကျပ်ဖြစ်ပြီး ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။ 

သင်တန်းတွင် အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ နိုင်ငံရေးမူဝါဒများ၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွါးရေး၊ သမိုင်းကြောင်း၊ လူနေမှုစနစ်နှင့်အတူ တရုတ်တွေးခေါ်မှုဆိုင်ရာ ဒဿနများ၊ တရုတ်ဘာသာစကားတို့ကိုလည်း သင်ကြားရမည်ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ကြောင်းအရာများ သိရှိလိုပါက YUFL Facebook Page တွင် ဖြစ်စေ၊ ဖုန်း-၀၁၇၅၁၃၁၉၀ ကိုဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

=========================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို
Telegram မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News University / College Read 563 times