ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အောက်ပါ မဟာဝိဇ္ဇာနှင့် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်သောကြောင့် နိုဝင်ဘာလ (၂) ရက်နေ့မှ (၁၀) ရက်နေ့အထိ လျှောက်လွှာတင်သွင်းနိုင်ပါသည်။
ဖွင့်လှစ်မည့်သင်တန်းများ
သင်တန်းရက်နှင့် အချိန်များ
သင်တန်းများကို တစ်ပတ်လျှင် (၅) ရက် တနင်္လာနေ့မှ သောကြာနေ့အထိ အောက်ပါအတိုင်း သင်ကြား ပို့ချပါမည်။
- အင်္ဂလိပ်ဘာသာ မဟာဝိဇ္ဇာ/ဒီပလိုမာ (အချိန်ပြည့်) သင်တန်းကို နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီ (၂၀) အထိ
- အီတာလျံဘာသာဒီပလိုမာ (အချိန်ပြည့်) သင်တန်းကို နံနက် (၈) နာရီမှ မွန်းတည့် (၁၂) နာရီအထိ
- အချိန်ပိုင်း ဒီပလိုမာသင်တန်းများကို နံနက် (၇) နာရီမှ (၈) နာရီ (၅၀) အထိ တက်ရောက်ရပါမည်။
သင်တန်းဝင်ခွင့်အတွက် လိုအပ်ချက်များ
- မြန်မာနိုင်ငံသားဖြစ်ရမည်။
- မဟာဝိဇ္ဇာ ပထနှစ်သင်တန်းတက်ရောက်ရန်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်။
- ဒီပလိုမာသင်တန်းများအတွက် နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။
- ဘာသာဗေဒ ဒီပလိုမာသင်တန်းအတွက် နိုင်ငံတော်က အသိအမှတ်ပြုထားသော ဝိဇ္ဇာဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။ အခြားဘွဲ့ရရှိပြီး ဘာသာဗေဒဘာသာရပ်နှင့် သက်ဆိုင်သောလုပ်ငန်း လုပ်ကိုင်သူများ (ဘာသာပြန်/စကားပြန်/ဘာသာစကားသင်ကြားသူများ/သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်နေသူများ) လျှောက်ထားနိုင်သည်။
သင်တန်းလျှောက်ထားခြင်း
သင်တန်းဝင်ခွင့်လျှောက်လွှာကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် နိုဝင်ဘာလ (၂) ရက်နေ့မှစ၍ (၁၀) ရက်နေ့အထိ တင်သွင်းကြရမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်အတွက် ရေးဖြေနှင့် လက်တွေ့နှုတ်မေးစာမေးပွဲတို့ကို ဖြေဆိုရမည်ဖြစ်သည်။
သင်တန်းဝင်ခွင့်နှင့်ပတ်သက်၍ အသေးစိတ် သိလိုပါက မော်ကွန်းထိန်းရုံးခန်း (စာမေးပွဲဌာန/ကျောင်းသားရေးရာဌာန) တွင် ရုံးချိန်အတွင်း သွားရောက် စုံစမ်းနိုင်ပြီး ဖုန်း ၀၁-၇၅၁၃၁၉၀ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Related Article : YUFL မှာ (၈) လ တက်ရောက်ရမည့် IR ဒီပလိုမာသင်တန်း
> https://www.edge.com.mm/article/yufl-ir.html
=====================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။