ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း၊ မြန်မာဘာသာစကားတို့ကို ကျောင်းတွင်တက်ရောက်ရမည့် Face to Face အတန်းများအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်သည်။
Basic I အတန်းတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း၊ မြန်မာဘာသာစကားတို့ကို ဖွင့်လှစ်မည်ဖြစ်ပြီး Basic II တွင် ဂျပန်၊ ကိုရီးယား၊ Inter I တွင် ကိုရီးယား၊ Advanced I တွင် ကိုရီးယားတို့ကို ဖွင့်လှစ်ပါမည်။
အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ထားသူများ လျှောက်ထားနိုင်ပြီး ကျောင်းသားရေးရာဌာနတွင် အောက်တိုဘာ (၅) ရက်နေ့မှ စ၍ ဖောင်ပုံစံထုတ်ယူပြီး သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရမည်။
သင်တန်းလျှောက်ထားရာတွင် -
သင်တန်းကာလမှာ Level တစ်ခုအတွက် အောက်တိုဘာ (၁၀) ရက်နေ့မှ ဒီဇင်ဘာ (၂၇) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းကြေးမှာ (၁) သိန်းကျပ်ဖြစ်သည်။
မြန်မာဘာသာသင်ကြားမည့် နိုင်ငံခြားသားများအတွက် (US$ 180) နှင့် ညီမျှသော ဗဟိုဘဏ်၏ နေ့စဉ်ငွေလဲလှယ်နှုန်းဖြင့် သင်တန်းကြေး ပေးသွင်းရပါမည်။
သင်တန်းအား အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ YUFL တွင် လူကိုယ်တိုင် တက်ရောက်ရပါမည်။
သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက ဖုန်းနံပါတ် ၀၁-၇၅၁၃၁၉၀ သို့ ဖြစ်စေ၊ YUFL Facebook Page တွင် ဖြစ်စေ၊ လူကိုယ်တိုင်သွားရောက်၍ဖြစ်စေ စုံစမ်း မေးမြန်းနိုင်ပါသည်။
================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။