YUFL တွင် ဖွင့်လှစ်သင်ကြားမည့် အခြေခံဘာသာစကားသင်တန်း (၈) မျိုး

YUFL (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) မှ တရုတ်၊ ပြင်သစ်၊ စပိန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာ (နိုင်ငံခြားသားများအတွက်) ဘာသာစကား အခြေခံသင်တန်း (၈) မျိုးကို တက္ကသိုလ်တွင် လူကိုယ်တိုင် သွားတက်ရမည့် Face to Face အတန်းများအဖြစ် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။

Basic I အတန်းတွင် တရုတ်၊ ပြင်သစ်၊ စပိန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာ (နိုင်ငံခြားသားများအတွက်) ဘာသာစကားသင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်ပြီး Basic II အတန်းတွင် (တရုတ်၊ ဂျပန်၊ ကိုရီးယား) နှင့် Inter II တွင် ကိုရီးယားဘာသာစကားသင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းအား တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ (၁၂) နာရီအထိ တက်ရောက်ရပါမည်။

Level တစ်ခုကို (၃) လတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေးမှာ Level တစ်ခုကို တစ်သိန်းကျပ် ဖြစ်ပါသည်။ သင်တန်းများကို ဇွန်လ (၁၃) ရက်နေ့မှ ဩဂုတ်လ (၃၀) ရက်နေ့အထိ ဖွင့်လှစ်ပါမည်။ သင်တန်း (၃) လ ပြီးဆုံးပါက Certificate ရရှိပါမည်။

တက်ရောက်လိုသူများသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ဇွန်လ (၈) ရက်နေ့မှ စတင် လျှောက်ထားနိုင်ပြီး သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။

သင်တန်းလျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများကို တင်ပြရမည်။

  • တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လက်မှတ် မူရင်း၊မိတ္တူ (သို့) ဘွဲ့လက်မှတ် မူရင်း၊မိတ္တူ
  • နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ
  • ပတ်စ်ပို့ဓာတ်ပုံ (၃) ပုံ
  • ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ (နိုင်ငံခြားသင်တန်းသားများအတွက်)

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ကို သိရှိလိုပါက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဖုန်း ၀၁-၇၅၁၃၁၉၀ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Local News University / College Vocational Read 703 times