YUFL တွင် ဗီယက်နမ်ဘာသာစကား သင်တန်းအတွက် စတင်လျှောက်ထားနိုင်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL) တွင် ဖွင့်လှစ်သင်ကြားမည့် ဗီယက်နမ်ဘာသာစကား (အခြေခံအဆင့်) သင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာများကို ဧပြီလ (၂၅) ရက်နေ့မှ စ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ဝင်ခွင့်လျှောက်လွှာများအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေရာဌာနတွင် လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းကြေး နှစ်သိန်းကျပ်ကို ငွေလက်ခံဌာနတွင် တစ်ပါတည်း ပေးသွင်းရပါမည်။ သင်တန်းကြေးပေးသွင်းပြီးမှသာလျှင် သင်တန်းသားအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်းအရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ၂၅.၄.၂၀၂၄ မှ ၉.၅.၂၀၂၄ အထိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေရာဌာနတွင် လျှောက်ထားနိုင်သည်။  

 

လျှောက်လွှာနှင့်တကွ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများမှာ 

  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်းနှင့် မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ
  • မှတ်ပုံတင်မူရင်းနှင့် မိတ္တူ
  • ပတ်စပို့ဆိုဒ်ဓာတ်ပုံ (၃) ပုံ
  • ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ တို့ဖြစ်သည်။ 

 

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်သည် မေလ (၁၁) ရက်နေ့ဖြစ်ပြီး တစ်ပတ်မှာ စနေ၊ တနင်္ဂနွေ နှစ်ရက်နှင့် သင်တန်းကာလ (၆) လကြာမြင့်မည်ဖြစ်သည်။ သင်တန်းတက်ရောက်ရမည့်နေရာသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင်ဖြစ်ပြီး သင်တန်းအချိန်သည် နံနက် ( ၉ ) နာရီမှ ( ၁၂ ) နာရီအထိဖြစ်သည်။ သင်တန်းတွင် သင်ကြားပေးမည့် Native Speaker ဆရာ၊ ဆရာမများသည် မြန်မာဘာသာစကားကိုလည်း သင့်တင့်လျောက်ပတ်စွာ ပြောဆိုနိုင်သူများဖြစ်ကြသည်။ 

 

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို စုံစမ်းမေးမြန်းလိုပါက ၀၉-၄၂၈၂၂၇၄၈၄၊ ၀၉-၇၉၁၂၆၉၇၉၈၊ ၀၉-၄၅၀၀၂၇၂၆၃၊ ၀၉-၄၄၂၂၅၃၈၁၂ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။ 

 

Source - YUFL Facebook Page

Latest Post Local News Read 1028 times