ကျောင်းအသစ်စထောင်မယ့်သူ (သို့) ကျောင်းခွဲဖွင့်လှစ်မယ့်သူတွေ လက်မလွှတ်သင့်တဲ့ Free Seminar

ဓာတ်ပုံ - ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲပုံရိပ်များ (အရင်နှစ်က တစ်ဦးကို (၇၅,၀၀၀) ကျပ်နဲ့ ကျင်းပခဲ့ပေမဲ့ ဒီနှစ်ပွဲကိုတော့ စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ဖို့ Free ပြုလုပ်ပေးထားပါတယ်။)

>>>>

ရန်ကုန်မြို့မှာ မူလတန်းကနေစပြီး အထက်တန်းအထိ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာကျောင်းတွေနဲ့ ပတ်သက်ပြီး စျေးကွက်အခြေအနေကို ပိုမိုနားလည်သဘောပေါက်လိုတဲ့သူတွေအတွက် “The Yangon International Schools Industry Report 2025-2026 Launch & Panel Seminar" ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၂၉) ရက်နေ့၊ ရန်ကုန်မြို့ Sky Star Hotel မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒီပွဲကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီကြီးတွေအတွက် စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး လုပ်ငန်းအတွေ့အကြုံ (၃၃) နှစ်ရှိတဲ့ MMRD Business Insight မှ ကြီးမှူးကျင်းပသွားမှာဖြစ်ပြီး အခုလို ပုဂ္ဂလိကကျောင်း စျေးကွက်အစီရင်ခံစာကို ၂၀၁၉ နှင့် ၂၀၂၄ တို့တွင်လည်း အခမ်းအနားကျင်းပပြီး မိတ်ဆက်ခဲ့ဖူးပါတယ်။

ပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတကာကျောင်းတွေရဲ့ စျေးကွက်တန်ဖိုး၊ စျေးကွက်အရွယ်အစား၊ ကျောင်းဖွင့်လှစ်မှုနဲ့ ကျောင်းသားတက်ရောက်မှုအခြေအနေတို့အပြင် အနာဂတ်အလားအလာ သုံးသပ်ချက်တွေကိုပါ သိရှိနားလည်စေဖို့ ဖြစ်ပါတယ်။

ပွဲမှာ ဘာတွေ တင်ပြဆွေးနွေးမှာလဲ?

  • ရန်ကုန်မြို့က နိုင်ငံတကာကျောင်းစျေးကွက်အခြေအနေ သုံးသပ်ချက်တွေကို တင်ပြခြင်း
  • စျေးကွက်အစီရင်ခံစာအပေါ် တက်ရောက်သူတွေရဲ့ ထင်မြင်ချက်တွေ မျှဝေခြင်းနှင့် မေးခွန်းတွေ မေးမြန်းခြင်း
  • နိုင်ငံတကာကျောင်းတွေရဲ့ အနာဂတ်အလားအလားအခြေအနေကို Panel Discussion ပြုလုပ်ခြင်း တို့ပါဝင်ပါတယ်။

Panel Discussion မှာ ဘယ်သူတွေ ပါဝင်မလဲ?

  • ပညာရေးနယ်ပယ်မှာ နှစ် (၅၀) ကျော် သက်တမ်းရှိတဲ့ အင်္ဂလိပ်စာ ဆရာကြီး ဦးနေအုပ် (စိန်ပေါလ်)
  • ပုဂ္ဂလိက နိုင်ငံတကာကျောင်းများအသင်းရဲ့ ဥက္ကဌဖြစ်ပြီး SKT International School ရဲ့ တည်ထောင်သူ ဦးရဲထွန်း
  • British Council မှ ဦးစည်သူအောင်
  • IIP International School ရဲ့ တည်ထောင်သူ ဒါရိုက်တာ ဒေါ်မေသစ်မွန်နဲ့
  • MMRD ရဲ့ ဥက္ကဌ ဦးမိုးကျော်တို့က နိုင်ငံတကာကျောင်းတွေရဲ့ အနာဂတ်အလားအလာနဲ့ စပ်လျဉ်းပြီး Pannel Discussion ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • International Schools ဖွင့်လှစ်ထားသူတွေ
  • ကိုယ့်ရဲ့ International School ကို ထပ်ပြီး တိုးချဲ့ဖွင့်လှစ်ချင်သူတွေ
  • International School အသစ် စတင်တည်ထောင်မယ့်သူတွေ
  • Private Local School ကနေ International School ကို ပြောင်းလဲ ဖွင့်လှစ်ချင်သူတွေအတွက် လုံး၀ လက်လွှတ်မခံသင့်တဲ့ ပွဲလေးဖြစ်ပါတယ်။

ကျောင်းတွေအပြင် မိဘတွေအနေနဲ့ ဒီပွဲကို တက်ရောက်မယ်ဆိုရင် ရန်ကုန်မြို့က Top (10) ကျောင်းတွေက ဘယ်ကျောင်းတွေလဲ၊ ဘယ်မြို့နယ်တွေမှာ ကျောင်းတွေ အများဆုံး တည်ရှိလဲ၊ ကျောင်းလခတွေကရော ဘယ်ကျောင်း အသက်သာဆုံးလဲဆိုတာတွေကိုပါ သိရှိနိုင်တဲ့အတွက် မိမိကလေးရဲ့ အနာဂတ်ပညာရေးကို အကောင်းဆုံး ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။  

ဘာကြောင့် တက်ရောက်သင့်လဲ?

  • ရန်ကုန်မြို့က နိုင်ငံတကာကျောင်း ဈေးကွက်အခြေအနေတွေကို သိရှိနိုင်ခြင်း
  • လုပ်ငန်းတိုးတက်ရေး အစီအစဉ်များ ရေးဆွဲရာမှာ အရေးပါတဲ့ အချက်အလက်တွေနဲ့ သုံသပ်ချက်တွေကို ရရှိနိုင်ခြင်း
  • ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေရဲ့ အနာဂတ်အလားအလာကို သိမြင်နိုင်ခြင်း
  • ရန်ကုန်က စျေးကွက်အလားအလာရှိတဲ့ ကျောင်းတွေကို သိရှိနိုင်ခြင်း
  • တခြား ကျောင်းက ပညာရှင်တွေနဲ့ တွေ့ဆုံနိုင်ပြီး အတွေ့အကြုံတွေနဲ့ အမြင်တွေ မျှဝေနိုင်ခြင်း
  • လုပ်ငန်းအမျိုးအစား ခွဲခြားထားတဲ့ Education Industry Market Tree ကို လက်ဆောင်ရရှိခြင်း
  • ရန်ကုန်မြို့ နိုင်ငံတကာကျောင်း စျေးကွက်အစီရင်ခံစာကို (၂၀%) လျှော့စျေးနဲ့ ဝယ်ယူရရှိနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ပွဲအစီအစဉ်အသေးစိတ်

နေ့ရက် - စက်တင်ဘာ ၂၉၊ ၂၀၂၅ ခုနှစ် ( တနင်္လာနေ့ )

အချိန် - မနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ

နေရာ - Sky Star Hotel (အမှတ် ၅၁/ဘီ-၁၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းမ၊ တာမွေမြို့နယ်၊ ရန်ကုန်၊ မြန်မာ။)

ပွဲအခမ်းအနား တက်ရောက်နိုင်တဲ့ လူဦးရေကို ကန့်သတ်ထားတာဖြစ်တဲ့အတွက် တစ်ကျောင်းကို တာဝန်ရှိသူ (၂) ဦးသာ တက်ရောက်နိုင်ပါတယ်။

ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတွေရဲ့ မှန်ကန်တိကျတဲ့ ဒေတာအချက်အလက်တွေကို သိရှိလိုပြီး စျေးကွက်အခြေအနေကို နားလည်သဘောက်ပေါက်ချင်တယ်ဆိုရင် အောက်ပါလင့်ခ်မှာ အမြန်ဆုံး စာရင်းပေးသွင်းဖို့တော့ လိုပါမယ်နော်။

စာရင်းပေးသွင်းရန်

> https://forms.gle/oRmDUSgfpCjFjGZA9

ပွဲအစီအစဉ်ကြည့်ရန်

> https://docs.google.com/

ဆက်သွယ်စုံစမ်းရန်

ဖုန်းနံပါတ် - ၀၉-၇၆၅၄၀၄၀၂၈ ၊ ၀၉-၇၆၅၄၀၄၀၃၉

အီးမေးလ် - [email protected]

Events & Exhibitions Latest Post Local News Read 2219 times