ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဒီပလိုမာသင်တန်းများ လျှောက်ထားနိုင်ပြီ

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အင်္ဂလိပ်စာဌာနမှ ဦးစီးဖွင့်လှစ်မည့် ဘွဲ့လွန်အင်္ဂလိပ်စာဒီပလိုမာသင်တန်း၊ အင်္ဂလိပ်စာသင်ကြားရေးနည်းပညာ ဒီပလိုမာသင်တန်းနှင့် အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်းသင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်သည်။

ဖွင့်လှစ်မည့်သင်တန်များ

Postgraduate Diploma in English - PGDip.Eng
ဘွဲ့လွန်အင်္ဂလိပ်စာဒီပလိုမာသင်တန်း

Diploma in English Language Teaching Methodology - Dip ELTM
အင်္ဂလိပ်စာသင်ကြားရေးနည်းပညာ ဒီပလိုမာသင်တန်း

Master of Arts (Teacher of English as a Foreign Language) - MA (TEFL)
အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်း မဟာဘွဲ့သင်တန်း

ဘွဲ့လွန်အင်္ဂလိပ်စာဒီပလိုမာသင်တန်း

PGDip.Eng တန်းကို အသက် (၆၀) နှစ်အောက်အရွယ်ရှိပြီး အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။ အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၊ ဌာနမှူး၊ ကျောင်းအုပ်ကြီး၏ ခွင့်ပြုချက် ပါရှိရမည်။ 

ပညာရေးဝန်ကြီးဌာနရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ ဦးစားပေးမည်။
သင်တန်းကာလကို အောက်ပါအတိုင်း Level (၅) ခု သတ်မှတ်ပြီး Level တစ်ခုကို (၁၀) ပတ် တက်ရောက်ရပါမည်။

  • Elementary Level
  • Pre-Intermediate Level
  • Intermediate Level
  • Upper Intermediate Level
  • Advanced Level

သင်တန်းကြေးမှာ Level တစ်ခုလျှင် (၈၀,၀၀၀) ကျပ် ပေးသွင်းရပါမည်။ စိတ်ပါဝင်စားသူများသည် lms.yuoe.edu.mm မှတဆင့် မေလ (၁၅) ရက်နေ့၊ နံနက် (၉) နာရီတွင် စတင် လျှောက်လွှာတင်ရမည်ဖြစ်သည်။ 

ပညာရေးဝန်ထမ်းများ ဦးစားပေးအစီအစဉ်အရ ပညာရေးဝန်ထမ်းများသည် သီးခြားပုံစံ – MoE Staff Only (ပညာရေးဝန်ထမ်းများသာ) လျှောက်နိုင်ရန် ထည့်သွင်းထားပါသည်။ ပညာရေးဝန်ထမ်းမဟုတ်သောသူများ MoE Staff Only တွင် လျှောက်ထားခွင့်မရှိပါ။

Online Booking အောင်မြင်သူများစာရင်းကို www.yuoe.edu.mm တွင် ကြေညာသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရန် လျှောက်လွှာပုံစံကို မေလ (၁၆) ရက်တွင် ကျောင်းသားရေးရာဌာန၌ လာရောက်ထုတ်ယူနိုင်ပါသည်။

Online Booking အောင်မြင်သူများ ကျောင်းအပ်လက်ခံရာတွင် သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် မေလ (၁၆) ရက်၊ (၉) နာရီခွဲမှ စတင်ပြီး လျှောက်လွှာရယူဖြည့်စွက်၍ ဆောလျင်စွာ ကျောင်းအပ်သူများသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။

သင်တန်းကို မေလ (၂၄) ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နံနက် (၇) နာရီမှ (၉) နာရီအထိ (သို့) စနေ၊ တနင်္ဂနွေ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ (သို့) စနေ၊ တနင်္ဂနွေ မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီအထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ရပါမည်။

အင်္ဂလိပ်စာသင်ကြားရေးနည်းပညာ ဒီပလိုမာသင်တန်း

Dip ELTM အဆိုပါသင်တန်းကို အသက် (၆၀) နှစ်အောက်အရွယ်ရှိပြီး အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။ သင်တန်းကာလမှာ (၁၀) လဖြစ်ပြီး သင်တန်းကြေးမှာ တစ်လ (၄၀,၀၀၀) ကျပ် ဖြစ်သည်။ 

စိတ်ပါဝင်စားသူများသည် မေလ (၁၄) ရက်နေ့မှ (၂၀) ရက်နေ့အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် လျှောက်ထားနိုင်ပြီး ရေးဖြေစာမေးပွဲကို မေလ (၂၂) ရက်၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ လည်းကောင်း၊ လူတွေ့စစ်ဆေးမှုကို မေလ (၂၇) ရက်တွင် လည်းကောင်း သွားရောက် ဖြေဆိုရပါမည်။

သင်တန်းကို ဇွန်လ (၂) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။

အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်း မဟာဘွဲ့သင်တန်း

MA (TEFL) အဆိုပါသင်တန်းကို အသက် (၆၀) နှစ်အောက် အရွယ်ရှိပြီး အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ အင်္ဂလိပ်စာဘွဲ့ကို အဓိက ရရှိခဲ့ကာ မဟာတန်းတက်ရောက်ရန် အဆင့်မီသူ (သို့) ရန်ကုန်ပညာရေးတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဖွင့်လှစ်သော Dip.ELTM ဘွဲ့လွန်ဒီပလိုမာ ရရှိပြီးသူများ လျှောက်ထားနိုင်သည်။

သင်တန်းကာလမှာ (၂) နှစ်ဖြစ်ပြီး သင်တန်းကြေးမှာ တစ်လ (၄၀,၀၀၀) ကျပ်ဖြစ်သည်။ လျှောက်ထားလိုသူများသည် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် မေလ (၁၄) ရက်နေ့မှ (၂၀) ရက်နေ့အထိ လျှောက်ထားနိုင်ပြီး ရေးဖြေစာမေးပွဲကို မေလ (၂၂) ရက်၊ နံနက် (၉) နာရီမှ (၁၂) နာရီအထိ လည်းကောင်း၊ လူတွေ့စစ်ဆေးမှုကို မေလ (၂၈) ရက်တွင် လည်းကောင်း ဖြေဆိုရပါမည်။  

သင်တန်းကို ဇွန်လ (၂) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။

သင်တန်းအပ်ရာတွင် ယူဆောင်သွားရမည့် စာရွက်စာတမ်းများ

  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့်မိတ္တူ)
  • တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မူရင်းနှင့်မိတ္တူ)
  • ဘွဲ့လက်မှတ် (မူရင်းနှင့်မိတ္တူ)
  • အစိုးရဝန်ထမ်းများအတွက် သက်ဆိုင်ရာဌာနအကြီးအကဲ၏ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်
  • ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ် (မူရင်းနှင့်မိတ္တူ)
  • ဓါတ်ပုံ (၄) ပုံ

ဖော်ပြပါ သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ရန်ကုန်ပညာရေးတက္ကသိုလ် Website : www.yuoe.edu.mm နှင့် သင်တန်းရေးရာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်တို့တွင် ဆက်သွယ် စုံစမ်းနိုင်သည်။

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post University / College Vocational Read 1038 times