ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အောက်ပါမဟာဘွဲ့သင်တန်းများ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ဝင်ခွင့်လျှောက်ထားနိုင်သည်။
မဟာဘွဲ့သင်တန်းများ
စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Business Administration - MBA, EMBA)
လူမှုစီးပွားတည်တံ့ရေးတီထွင်ဖန်တီးမှုပညာမဟာဘွဲ့ (Master of Sustainable Entrepreneurship and Social Innovation - MSESI)
ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (Master of Development Studies - MDevS, EMDevS)
အသုံးချစာရင်းအင်ပညာမဟာဘွဲ့ (Master of Applied Statistics - MAS)
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Public Administration - MPA , EMPA)
စျေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Marketing Management - MMM)
ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Hospitality and Tourism Mabagement - MHTM)
ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Master of Banking and Finance - MBF)
ဘွဲ့လွန်ဒီပလိုမာသင်တန်းများ
သုတေသနပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Research Studies - PGDRS)
စီမံအုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Management Administration - PGDMA)
လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Human Resource Management - PGDHRM)
ဒီပလိုမာသင်တန်း
ရုံးလုပ်ငန်းစီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း (Diploma in Secreterial Management - DSM)
အရည်အချင်းသတ်မှတ်ချက်များ
- ဒီပလိုမာသင်တန်းအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူဖြစ်ရပါမယ်။
- မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် ဘွဲ့ရရှိပြီးသူ ဖြစ်ရပါမယ်။
- သက်ဆိုင်ရာသင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။
- MAS သင်တန်းအတွက် လုပ်သက်အနည်းဆုံး (၂) နှစ် ရှိသူဖြစ်ပြီး ဇူလိုင် (၁) ရက်နေ့တွင် (၂၅) နှစ်ပြည့်ပြီးသူများနှင့် Basic Computing Skills (Microsoft Word and Excel) တတ်ကျွမ်းသူဖြစ်ရမည်။
- MMM သင်တန်းအတွက် စျေးကွက်ဆိုင်ရာအလယ်အလတ်အဆင့်စီမံခန့်ခွဲမှုတွင် လုပ်သက် (၃) နှစ် ရှိသူဖြစ်ပြီး ဇူလိုင် (၁) ရက်နေ့တွင် (၂၅) နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်။
- MHTM သင်တန်းအတွက် ဧည့်ဝတ်နှင့်ခရီးသွားလုပ်ငန်း (သို့) အဖွဲ့အစည်းတစ်ခုခုတွင် အလယ်အလတ်အဆင့်စီမံခန့်ခွဲမှု၌ လုပ်သက် (၃) နှစ် ရှိသူဖြစ်ပြီး ဇူလိုင် (၁) ရက်နေ့တွင် (၂၅) နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်။
- MBF သင်တန်းအတွက် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် အလယ်အလတ်အဆင့်စီမခန့်ခွဲမှု၌ လုပ်သက် (၃) နှစ် ရှိသူဖြစ်ပြီး ဇူလိုင် (၁) ရက်နေ့တွင် (၂၅) နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်။
- EMBA အတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၈) နှစ်ရှိပြီး အသက် (၃၅) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level လုပ်သက် အနည်းဆုံး (၈) နှစ်ရှိပြီး အသက် (၃၀) ပြည့်ပြီးသူ ဖြစ်ရမည်။
- EMDevS သင်တန်းအတွက် ဇူလိုင် (၁) ရက်နေ့တွင် အသက် (၃၂) ပြည့်ပြီးသူဖြစ်ရမည်။ အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၃) နှစ်ရှိပြီး အစိုးရဝန်ထမ်းမဟုတ်ပါက Executive Level လုပ်သက် အနည်းဆုံး (၃) နှစ် ရှိရပါမည်။
- EMPA သင်တန်းအတွက် ဇူလိုင် (၁) ရက်နေ့တွင် အသက် (၃၂) နှစ် ပြည့်ပြီးသူဖြစ်ရမည်။ အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၃) နှစ်ရှိပြီး အစိုးရဝန်ထမ်းမဟုတ်ပါက Executive Level လုပ်သက် အနည်းဆုံး (၃) နှစ် ရှိရပါမည်။
- MSESI သင်တန်းအတွက် အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သောအဖွဲ့စည်းတစ်ခုခုတွင် လုပ်ငန်းခွင်လုပ်သက် အနည်းဆုံး (၂) နှစ်ရှိပြီး အသက် (၂၅) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
- PGDMA သင်တန်းအတွက် အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သောအဖွဲ့စည်းတစ်ခုခုတွင် အလယ်အလတ်အဆင့် စီမံခန့်ခွဲမှုရာထူးတွင် လုပ်ကိုင်နေသူဖြစ်ရမည်။
- PGDHRM သင်တန်းအတွက် အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သောအဖွဲ့စည်းတစ်ခုခုတွင် လူ့စွမ်းအားအရင်းအမြစ်စီးမံခန့်ခွဲမှုအတွေ့အကြုံရှိသူ ဦးစားပေးမည်။
- PGDRS သင်တန်းအတွက် Basic Computing Skills (Miscrosoft Word and Excel) တက်ကျွမ်းသူဖြစ်ရမည်။
သင်တန်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများနှင့် လျှောက်လွှာပုံစံများကို (ကမာရွတ်နယ်မြေ၊ လှိုင်နယ်မြေ) တွင် အောက်ပါသတ်မှတ်ရက်များအတိုင်း တင်သွင်းလျှောက်ထားနိုင်သည်။
====================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။