ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် Tourism Geography ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် ရုံးလုပ်ငန်းသုံးမြန်မာစာ Certificate သင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်သည်။
ဖွင့်လှစ်မည့်သင်တန်းများ -
PGDGT သင်တန်းအတွက် သတ်မှတ်အရည်အချင်းများ
သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://hrdgeogreg.yude.edu.mm/ မှတဆင့် ဇူလိုင် (၂၂) ရက်နေ့၊ အင်္ဂါနေ့မှစ၍ လျှောက်ထားနိုင်သည်။
သင်တန်းကို ဩဂုတ်လ (၁၀) ရက်နေ့အထိ လျှောက်ထားနိုင်သော်လည်း လူဦးရေကန့်သတ်ထားသဖြင့် သတ်မှတ်ဦးရေပြည့်ပါက အွန်လိုင်းစာရင်းသွင်းမှု ပိတ်ပါမည်။
အွန်လိုင်းလျှောက်ထားမှု အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသောသူများကို အီးမေးလ်မှတဆင့် အကြောင်းကြားမည်ဖြစ်သည်။ သင်တန်းကို ဇူလိုင် (၂၅) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ (၁၀) လ ကြာမြင့်ပါမည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် ၀၉-၄၂၀၁၇၁၅၆၅၊ ၀၉-၄၂၁၇၆၆၃၄၇၊ ၀၉-၅၀၅၈၃၂၂ သို့ ဆက်သွယ်၍ ဖြစ်စေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်သို့ လူကိုယ်တိုင်သွား၍ ဖြစ်စေ စုံစမ်းနိုင်သည်။
ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်းအတွက် သတ်မှတ်အရည်အချင်းများ
သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://myan.hrd.yude.edu.mm မှတဆင့် ဩဂုတ်လ (၁) ရက်နေ့၊ သောကြာနေ့၊ နံနက် (၁၀) နာရီမှစ၍ လျှောက်ထားနိုင်သည်။
သင်တန်းကို စက်တင်ဘာ (၁) ရက်နေ့အထိ လျှောက်ထားနိုင်သော်လည်း လူဦးရေကန့်သတ်ထားသဖြင့် သတ်မှတ်ဦးရေပြည့်ပါက အွန်လိုင်းစာရင်းသွင်းမှု ပိတ်ပါမည်။
အွန်လိုင်းလျှောက်ထားမှု အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသောသူများကို အီးမေးလ်မှတဆင့် အကြောင်းကြားမည်ဖြစ်သည်။ သင်တန်းကို စက်တင်ဘာ (၈) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဒီဇင်ဘာ (၇) ရက်အထိ (၃) လ ဖွင့်လှစ်ပါမည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် ၀၉-၄၄၈၀၀၇၁၂၄၊ ၀၉-၄၂၁၁၆၅၈၈၉ သို့ ဆက်သွယ်၍ ဖြစ်စေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ မြန်မာစာဌာန၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်သို့ လူကိုယ်တိုင်သွား၍ ဖြစ်စေ စုံစမ်းနိုင်သည်။
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။