Sales Hotline : 09448001653    



ရန်ကုန်တက္ကသိုလ်နှစ် (၁၀ဝ) ပြည့်ပဟေဠိပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ရိုက်ကူးမှုနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်မြောက်မည်ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်၏ နှစ် (၁၀ဝ) ပြည့်အကြိုအထိမ်းအမှတ်အစီအစဉ်များကို ကျင်းပလျက်ရှိသည်။

ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး မြှင့်တင်ရန် အဓိကဦးတည်ချက်များ၏  စွမ်းဆောင်မှု များကို  ဖော်ထုတ်ခြင်း၊ တက္ကသိုလ်၏ထင်ရှားကျော်ကြားခဲ့သောပုံရိပ်များကို အောက်မေ့သတိရရန်နှင့် ရန်ကုန်တက္ကသိုလ်၏ အောင်မြင်မှုများကို အတုယူရင်း ပညာရေးအဆင့်အတန်းမြှင့်တင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့်  ရန်ကုန်တက္ကသိုလ်နှစ် (၁၀ဝ) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်   ရုပ်မြင်သံကြားဉာဏ်စမ်းပဟေဠိပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ရိုက်ကူးမှုကို နိုဝင်ဘာ  ၁၄  ရက်က ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားစတူဒီယို၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Source: AMH(မြို့တော်သတင်း)

Latest Post News Read 448 times