Sales Hotline : 09448001653       Download App



ကာလတိုသင်တန်းများ ဖွင့်လှစ်မည့် ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း

** Unicode **

မတ်လ (၂၃) ရက်နေ့မှစတင်ကာ ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) တွင် ကာလတိုသင်တန်းဖြစ်သည့် Arc Welding & Pipe Welding Training Course ကိုဖွင့်လှစ်မည်ဖြစ်ပါတယ်။

၎င်းသင်တန်းကို ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရတနာစီမံကိန်း) တို့ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပါတယ်။

Arc Welding Training Course တက်ရောက်သင်ကြားလိုသူများအနေဖြင့် အခြေခံပညာအလယ်တန်းအောင်မြင်ထား၍ အခြေခံ အင်္ဂလိပ်စာနည်းလည်သူများ ဖြစ်ရမည်ဖြစ်ပြီး၊ Pipe Welding Training Course တက်ရောက်လိုသူများအနေဖြင့် အခြေခံပညာအလယ်တန်းအောင်မြင်ထား၍ အခြေခံအင်္ဂလိပ်စာ နည်းလည်သူများနှင့် ဂဟေဆက်ပညာ 3G, 4G(Plate) အဆင့်တတ်မြောက်ထားသူများဖြစ်ရမည်ဖြစ်ပါတယ်။

Arc Welding Training Course သည် (၃) လကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၁၅) ဦးလက်ခံမည်ဖြစ်ပါတယ်။

Pipe Welding Training Course သည်(၂) လကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၁၀) ဦးလက်ခံမည်ဖြစ်ပါတယ်။

Dance (27) အကသင်တန်း သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (၂၇) ခု ရှာရန်နှိပ်ပါ။

အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်ထက်မကြီးသူများ၊ ကျန်းမာရေးကောင်းမွန်သူများ လျှောက်ထားနိုင်ပါတယ်။

သင်တန်းမှ တက်ရောက်သော သင်တန်းသားများကို ထောက်ပံ့ကြေးအနေဖြင့် (၃ သောင်း) ကိုပေးအပ်မည်ဖြစ်ပါတယ်။

လျှောက်လွှာများကို ရတနာဂဟေဆက်နည်းပညာ သင်တန်းကျောင်း(အောင်ဆန်း) မှာ ဖေဖော်ဝါရီလ (၂၄) ရက်မှ စတင်ထုတ်ယူနိုင်ပြီး မတ်လ (၁၃) ရက်နေ့နောက်ဆုံးထား ပြန်လည်တင်သွင်းရမည်ဖြစ်ပါတယ်။

Read More:>>>  စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်

ဖုန်းနံပါတ် ၀၉-၇၇၇၃၈၇၃၆၉ ၊ ၀၉-၄၂၆၁၄၉၆၁၉ တွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

(www.edge.com.mm)

 

** Zawgyi **





Dance (27) အကသင်တန်း သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (၂၇) ခု ရှာရန်နှိပ်ပါ။




Read More:>>>  စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်



(www.edge.com.mm)

Latest Post News Tips Read 834 times