ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ပိုစတာ ပြိုင်ပွဲကျင်းပ

ကမ္ဘာ့စားနပ်ရိက္ခာနေ့  ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ပိုစတာပြိုင်ပွဲ ပြုလုပ်ကျင်းပမည်ကို သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁၆) ရက်တွင် ကျရောက်မည့်  ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ််းအမှတ် ဆောင်ပုဒ် မှာ “အာဟာရတိုး၊ လူ့အကျိုးကို ဖွံ့ဖြိုးစေရန်၊ တို့ရည်သန်၍ ဧကန်ဖွင့်လှစ်၊ ကမ္ဘာသစ်” ဖြစ်ပါသည်။

ထိုပိုစတာပြိုင်ပွဲကို အသက် (၅) နှစ် မှ (၁၉) နှစ်  အထိ စိတ်ပါဝင်စားသူများ ကလေးများအားလုံး ပါဝင် ယှဉ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲဝင် ပိုစတာများကို ၆-၁၁-၂၀၂၀ နောက်ဆုံးထားပေးပို့ရမည် ဖြစ်ပြီး လိုအပ်သည်များကို FAQ ၏ သက်ဆိုင်ရာ World Food Day Website တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် စာရွက်စာတမ်းများ ထုတ်ပြန် ထားကြောင်း World Food Day Poster Contest (Age 5-19) အား ပူးတွဲလျက် အီတလီနိုင်ငံ၊ ရောမမြို့ အခြေစိုက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရုံးမှ အကြောင်းကြားထားပြီး ၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့စားနပ်ရိက္ခာနေ့နှင့် FAO တည်ထောင် သည့် (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို “Grow, Nourish, Sustain. Together. Our Actions are Our Future.” ဆောင်ပုဒ်ဖြင့် အထိမ်းအမှတ်ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရပါသည်။

ပိုမိုသိရှိလိုပါက >>> World Food Day Poster Constest of FAO (Age 5-19), 2020 <<<

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

Latest Post Read 1193 times